Author Archive for: ‘admin’

ဣန္ဒြိယဘာဝနာသုတ်

0

ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဂဇင်္ဂလနိဂုံး သုဝေဠုတော၌ သီတင်းသုံးနေတော်မူစဉ်က ပါယာသိဝိယပုဏ္ဏားကြီး၏ တပည့် ဥတ္တရလုလင်သည် ဘုရားရှင်ထံ လာရောက်ဖူးတွေ့တယ်။ ဘုရားရှင်က သင့်ဆရာပါယာသိက ဣနြေ္ဒတွေလုံအောင်ထိန်းနည်းတွေ ဟောပါသလားလို့မေးတယ်။ မေးတော့ “ဟောပါတယ်ဘုရား”။ “ဘယ်လိုများဟောလဲ”။ “မှန်လှပါ၊ မျက်စိက ဘာမှမမြင်အောင် ပိတ်ထား၊ နားက ဘာမှမကြားအောင် ပိတ်ထား၊ ဒါဆို ဣနြေ္ဒလုံခြုံတာပဲ”လို့ ဟောပါတယ်ဘုရားတဲ့။ ဒီတော့ ဘုရားရှင်က “ဥတ္တရ၊ မင်းဆရာကြီးဟောသလိုဆိုရင် အမိဝမ်းတွင်းက မျက်စိကန်းလာတဲ့သူတွေ၊ နားပင်းလာတဲ့သူတွေ ဣနြေ္ဒလုံခြုံသောကြောင့် နိဗ္ဗာန်မဂ်ဖိုလ် ရောက်ကြမှာပေါ့”ဟု မိန့်တော်မူလိုက်ရာ ဥတ္တရလည်း ခေါင်းငိုက်စိုက်ကျကာ ဘာမှ ပြန်မပြောနိုင်ဖြစ်နေပါသတဲ့။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အရှင်အာနန္ဒာကိုခေါ်တော်မူပြီး ရဟန်းတွေကို အစုခိုင်းကာ တရားသဘင်ကိုစတင်လိုက်ပါတယ်။ ဣနြေ္ဒလုံခြုံအောင်စောင့်စည်းရာမှာ ပါယာသိနည်းကတစ်နည်း၊ အရိယာတို့ရဲ့နည်းက တစ်နည်းဟုမိန့်တော်မူလိုက်ရာ အရှင်အာနန္ဒာက အရိယာတို့ရဲ့ ဣနြေ္ဒလုံခြုံအောင် စောင့်နည်းကို မိန့်တော်မူပါလို့ တောင်းပန်သဖြင့် ဘုရားရှင်ဟောကြားတော်မူလိုက်ပါတယ်။ ဥပမာ- ခင်မင်သူ၊ မုန်းသူ၊ […]

Read More →  

(၂၃)ကြိမ်တရားစခန်း အာဟာရအလှူရှင်များ

0

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) (၂၃)ကြိမ်မြောက် (၇)ရက်တရားစခန်း အာဟာရအလှူရှင်များ (၂၁-၁-၂၀၁၅) ရက်နေ့မှ (၂၈-၁-၂၀၁၅) ရက်နေ့အထိ   ၁။ (၂၁-၁-၂၀၁၅) ပထမနေ့ အရုဏ်ဆွမ်း – ဒေါ်သန်းအိမိသားစု၊ (ဌ/၁၇၆)၊ ခေမာ (၃)လမ်း၊ မြောက်ဥက္ကလာပ နေ့ဆွမ်း- မြကျွန်းသာမိုးကုတ်ရိပ်သာ အာစိဏ္ဏကံယောဂီများအဖွဲ့   ၂။ (၂၂-၁-၂၀၁၅) ဒုတိယနေ့ အရုဏ်ဆွမ်း-ဒေါ်လှရီ၊ ဒေါ်နွဲ့၊ ဒေါ်တင်မြင့်မိသားစု၊ မြောက်ဒဂုံ နေ့ဆွမ်း-မောင်နေလင်းစိုး + မမိုးမိုးထွန်း မင်္ဂလာဦးဆွမ်းကပ်၊ (၅၁)ရပ်ကွက်၊ မြောက်ဒဂုံ ရေခဲမုန့်- ဦးလှထွေး + ဒေါ်ဝင်းမြင့်မိသားစု၊ (ည/၇၆၃)၊ ဝေဘာဂီလမ်း၊ မြောက်ဥက္ကလာပ   ၃။ (၂၃-၁-၂၀၁၅) တတိယနေ့ အရုဏ်ဆွမ်း – မြကျွန်းသာမိုးကုတ်ရိပ်သာ အာစိဏ္ဏကံယောဂီများအဖွဲ့ နေ့ဆွမ်း-ကိုအောင်မျိုးကျော် + မခင်မေကြူမိသားစု၊ […]

Read More →  

ခွေးအစား မခံရပါစေနဲ့

0

            ဖြစ်ရပ်က ဘဒ္ဒကမ္ဘာမှာ ပွင့်ခဲ့ပြီးဖြစ်တဲ့ တတိယမြောက်ဘုရား၊ ကဿပဘုရားသာသနာကွယ်လုလုအချိန်ကာလက ဖြစ်ရပ်တစ်ခုပါ။ ထိုစဉ်က ဗာရာဏသီပြည် ဥသီနကမင်းကြီး မင်းပြုနေစဉ်ပေါ့။ ရဟန်းတွေကလည်း ၀ိနည်းပျက်နေကြတယ်။ အနေသန- မလျှော်ကန်တဲ့ အသက်မွေးဝမ်းကြောင်းတွေနဲ့ ၀မ်းစာရှာစားနေကြတယ်။ ရဟန်းတရားမလုပ်ဘဲ ရဟန်းမတရားတွေ လုပ်နေကြတယ်။ တရားချိုချိုလေးတွေ တိုက်ကျွေးဖို့တော့ ဝေလာဝေး၊ ဟိုအော် ဒီဆဲနဲ့ ဒေါသတွေနဲ့သာ အသားကျနေကြသတဲ့။ ချိုသာတဲ့တရားတွေ ဟောရမယ့်ပါးစပ်က နတ်ကောင်းမကပ်တော့ဘူးလေ။ နတ်ဆိုးပူးနေသလား ထင်ရအောင် မကြားဝံ့မနာသာစကားတွေနဲ့ ကလော်ဆဲနေပြန်တော့လဲ ဘာသာရေးခေါင်းဆောင်တွေရဲ့ စရိုက်အတုလိုက်နေရတဲ့ လူသားတွေမှာလည်း အဆဲသာ တတ်နေကြတော့တာပေါ့။ ဒီလိုနဲ့ လူတွေနဲ့ သောကော ရောဂေါ ၀ိနဿတု ဆိုသလိုပါပဲ။ ရဟန်းတွေက လူနဲ့ရော၊ လူအလုပ်သာလုပ်နေကြသတဲ့။ ဒါနဲ့ လူလိုနေကြဆိုပဲ။ ကလေးတွေဘာတွေနဲ့ပေါ့လေ။ ခေတ်မီတယ်ပြောရမလားပဲ။ ဘုန်းကြီးကျောင်းက ကလေးငိုသံ တေးဆိုချော့သိပ်သံက တေးသံသာ ချိုမြမြ။ အုန်းမောင်း ကုလားတက်တို့ […]

Read More →  

မြကျွှန်းသာ မိုးကုတ်ရိပ်သာ (၂၃) ကြိမ်မြောက် (၇)ရက်စခန်း

0

မြကျွန်းသာ မိုးကုတ်ရိပ်သာ (၂၃)ကြိမ်မြောက် (၇) ရက်တရားစခန်းဖွင့်လှစ်မည်ဖြစ်ပါ၍ တရားစခန်းဝင်လိုသူယောဂီများ ယနေ့ ညနေ (၅)နာရီအရောက် ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။ ဆရာတော် ဒေါက်တာအရှင်ပါရမီ (ရွှေအင်ပင်ဆရာတော်) ကိုယ်တော်တိုင် တရားပြသမည်ဖြစ်ပါသည်။ တရားစခန်းရက်- (၂၁-၁-၂၀၁၅)မှ (၂၇-၁-၂၀၁၅) ရက်အထိ (၇)ရက်ပြည့်စခန်း နေရာ- မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) ရတနာကျွန်းရိပ်သာ၊ သုနန္ဒာလမ်း၊ (ဋ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့   လှူဒါန်းလိုပါက အရုဏ်ဆွမ်းတစ်နပ် (၈၀၀၀၀)ကျပ် နေ့ဆွမ်းတစ်နပ် (၁၆၀၀၀၀)ကျပ် အရုဏ် (သို့မဟုတ်) နေ့အချိုပွဲ တစ်နပ် (၄၀၀၀၀)ကျပ် ရေခဲမုန့် တစ်ရက် (၆၀၀၀၀)ကျပ်   ထို့အပြင် ယခုတရားစခန်းပြီးလျှင် သစ္စာယောဂီဆောင်ကြီးကို အဆင့်မြင့်ယောဂီဆောင်အနေဖြင့် သုံးထပ်ဆောက်လုပ်မည်ဖြစ်ပါ၍ နည်းများမဆို (၇)ရက်သားသမီးများ မည်သူမဆို ထည့်ဝင်လှူဒါန်းနိုင်ပါသည်။ အခန်းလိုက်လှူဒါန်းလိုပါကလည်း ရေချိုးခန်း၊ အိမ်သာပါဝင်ပြီး (၁၂)ပေ (၁၆) အကျယ်တစ်ခန်းလျှင် သိန်း […]

Read More →  

The Importance of Metta in Modern Society

0

  Metta is rendered as loving-kindness; it is a pure state of love with no any sensual desires. It has the sense of wanting other’s benefits in one way or another. So it is a kind of love, a genuine desire for the welfare of all beings. “It is pure love and pure desire for all beings, including ourselves”[1]. It […]

Read More →  

ဓနဉ္ဇာနိသုတ္တံ

0

  ဒီသုတ္တန်ဟာ မဇ္ဈိမပဏ္ဏာသပါဠိ၊ ဗြာဟ္မဏ၀ဂ်မှာ ရှိပါတယ်။ သုတ္တန်ဇာတ်ကြောင်းကတော့ ရိုးရိုးလေးပါပဲ။ သို့သော်လည်း တန်ဖိုးရှိတဲ့ message တွေ အများကြီး ပါဝင်နေတာကို ဖတ်ကြည့်ရင် တွေ့ရပါလိမ့်မယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် အချိန်တစ်ချိန်က ဖြစ်ရပ်လေးတစ်ခုပါ။ အဲဒီတုန်းက အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ရာဇဂြိုဟ်မြို့ရဲ့ တောင်ဘက်အရပ်မှာ သီတင်းသုံး ၀ါကပ်တော်မူနေပါတယ်။ တစ်နေ့ ၀ါကျွတ်တဲ့အချိန်မှာ ရာဇဂြိုဟ်က ရဟန်းတော်တစ်ပါးက ဒေသစာရီကြွချီရင်း အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးထံ ၀င်ရောက်ဖူးမြော်ပါတယ်။ ထိုအခါ အရှင်သာရိပုတ္တရာက ရောက်လာတဲ့ ရဟန်းတော်ကို သာကြောင်း မာကြောင်း မေးမြန်းပြီး `ဘုရားရှင်ကိုယ်တော်မြတ်ကြီးရော ခန့်ကျန်းသာလို့ မာပါရဲ့လားဘုရား၊ ရဟန်းသံဃာတော်တွေရော ခန့်ကျန်းသာလို့ မာပါရဲ့လားဘုရား´လို့ မေးတော်မူလို့ ရဟန်းတော်လေးကလည်း အားလုံး ခန့်ကျန်းသာ မာကြောင်း ပြန်လည်လျှောက်ထားပါတယ်။ ရာဇဂြိုဟ်မြို့ရဲ့ တံခါးပေါက်ကြီး (၃၂)ပေါက်၊ တံခါးပေါက်ငယ် (၆၄)ပေါက်ရှိရာ တံခါးပေါက်တစ်ပေါက်ရဲ့ အမည်က […]

Read More →  

Development of Mental Culture through Buddhist Way of Insight Practice (Cittænupassanæ)

0

  Important Points for Insight Meditation Practice There are some important points to develop insight meditation practice, “vipassanæ,”for the development of mental culture from the Buddhist points of view. The first important point is morality. The second important point involves the study of Paramatthadhamma, of the ultimate realities, different mind and matter processes and characteristics, different consciousness and different mental […]

Read More →  
Page 2 of 51«12345»102030...Last »