Author Archive for: ‘admin’

ဒသမအကြိမ် မြကျွန်းသာမိုးကုတ်ဝိပဿနာ (၇) ရက်တရားစခန်း

0

ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီ၊ အရှင်သဇ္ဇနသာရ၊ အရှင်စန္ဒိမာ သစ္စာညီနောင်ဆရာတော်သုံးပါး ဦးဆောင်လျက် ဒသမအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက်တရားစခန်းဖွင့်လှစ်ပါမည်။ ယောဂီများ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါပြီ။ တရားစခန်းရက်- (၂၂-၁၂-၂၀၁၂) စနေနေ့မှ (၂၈-၁၂-၂၀၁၂) သောကြာနေ့အထိ                     ၁၃၇၄-ခုနှစ်၊ နတ္တော်လဆန်း (၉)ရက်မှ (၁၅)ရက်နေ့အထိ   ဌာန-             မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန)                    ရတနာကျွန်းရိပ်သာ၊ သုနန္ဒာလမ်း၊ (ဋ) ရပ်ကွက်၊ မြောက်ဥက္ကလာပ   ဆက်သွယ်ရန်-  ၀၁-၆၉၁၅၅၃ (အကျိုးဆောင်အဖွဲ့)၊ Website: www.myakyunthar.com   တရားစခန်းဝင်လိုသူ ယောဂီများ (၂၁-၁၂-၂၀၁၂) ရက်နေ့ ညနေ (၅)နာရီအရောက် လာရပါမည်။

Read More →  

ဒသမအကြိမ် မိုးကုတ်ဝိပဿနာ (၇)ရက်တရားစခန်း အလှူရှင်များ

0

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) ဒသမအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက်တရားစခန်း အရုဏ်ဆွမ်းအလှူရှင်များစာရင်း – အရုဏ်ဆွမ်းတစ်နပ် (၆၀၀၀၀)ကျပ် (၂၂-၁၂-၂၀၁၂) ရက် မှ (၂၈-၁၂-၂၀၁၂) ရက်အထိ စဉ် ရက်စွဲ အလှူရှင်အမည်နှင့် နေရပ်လိပ်စာ ၁ ၂၂-၁၂-၁၂ စနေနေ့ ဦးခင်မောင်အေး+ဒေါ်ဋ္ဌေးဋ္ဌေးဝင်း၊ င/၉၉၆၊ ၀ဇီရာ(၈)လမ်း၊ မြောက်ဥက္ကလာအ၀ိုင်း ၂ ၂၃-၁၂-၁၂ တနင်္ဂနွေနေ့ ဦးကျော်တင့်+ဒေါ်ခင်ရီမိသားစု၊ ဘုရင်းနောင်လမ်းမကြီး၊ ၀ါးဓနိဆိုင်၊ (၄၉)ရပ်ကွက်၊ မြောက်ဒဂုံ ၃ ၂၄-၁၂-၁၂ တင်္လာနေ့ ဒေါ်လှရီ၊ ဒေါ်နွဲ့၊ ဒေါ်တင်မြင့် (အာစိဏ္ဏကံယောဂီများ) ၄ ၂၅-၁၂-၁၂ အင်္ဂါနေ့ ကွယ်လွန်သူဦးဖေသန်းအားရည်စူး၍ ဒေါ်စိန်မြင့်မိသားစု၊ ဋ/၇၆၀၊ ဣန္ဒာ(၉)လမ်း၊ မြောက်ဥက္ကလာ ၅ ၂၆-၁၂-၁၂ ဗုဒ္ဓဟူးနေ့ […]

Read More →  

မြကျွန်းသာမိုးကုတ်ရိပ်သာ န၀မအကြိမ် (၇)ရက်တရားစခန်း

0

မြကျွန်းသာမိုးကုတ်ဝိပဿနာ (၇)ရက်တရားစခန်း ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) ၌ ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီ၊ အရှင်သဇ္ဇနသာရ၊ အရှင်စန္ဒိမာ သစ္စာညီနောင်ဆရာတော်သုံးပါး ဦးဆောင်လျက် န၀မအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက်တရားစခန်းဖွင့်လှစ်မည်ဖြစ်ပါ၍ တရားစခန်းဝင်လိုသူ ယောဂီများ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါပြီ။ တရားစခန်းရက်- (၂၁-၁၀-၂၀၁၂) တနင်္ဂနွေနေ့မှ (၂၇-၁၀-၂၀၁၂) စနေနေ့အထိ                     ၁၃၇၄-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၆)ရက်မှ (၁၂)ရက်နေ့အထိ နေရာ-           မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန)                    ရတနာကျွန်းရိပ်သာ၊ သုနန္ဒာလမ်း၊ (ဋ) ရပ်ကွက်၊ မြောက်ဥက္ကလာပ ဖုန်း-             ၀၁-၆၉၁၅၅၃ (အကျိုးဆောင်အဖွဲ့)   န၀မအကြိမ် (၇)ရက်တရားစခန်းဆွမ်းအလှူရှင်များ   ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ […]

Read More →  

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၄)

1

ဒိဋ္ဌိကို ငရဲမျိုးစေ့ဟုလည်းကောင်း၊ အပါယ်မျိုးစေ့ဟုလည်းကောင်း မိုးကုတ်ဆရာတော်ဘုရားကြီး မကြာခဏ မိန့်တော်မူလေ့ရှိပါတယ်။ မှန်ပါတယ်။ ဒိဋ္ဌိမပြုတ်လို့ပဲ လုပ်ချင်ရာလုပ်နေကြတာ။ ဒိဋ္ဌိအစွဲတွေကြောင့်ပဲ အမြင်မမှန်ကြ၊ အမှန်မမြင်ကြပဲဖြစ်နေကြတာပါ။ ကိုယ့်ခန္ဓာကိုယ်ကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်မှတ်နေကြတာဟာ ဒိဋ္ဌိအစွဲကြောင့်ပါပဲ။ ဒီလိုထင်မြင်နေတာ ဘာပြဿနာရှိလို့လဲ လို့ ထင်မှတ်စရာတော့ ရှိတာပေါ့။ သာမန်အတွေးနဲ့ ကြည့်မယ်ဆိုရင် ဒီအထင်ဟာ ဒါလောက်တော့ မဆိုးဝါးဘူးလို့ ထင်စရာရှိတယ်လေ။   ငါ့လက် ငါ့ခြေ ငါ့ခေါင်း ငါ့ခါး စသည်ထင်မြင်စွဲမှတ်ထားခြင်းဟာ အရှိခန္ဓာပေါ်မှာ မရှိတဲ့ ငါစွဲဒိဋ္ဌိ ၀င်နေတဲ့သဘောပါပဲ။ အရှိက ရုပ်နာမ် ခန္ဓာ၊ မရှိတာက ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ။ အရှိတရားက သက္ကာယ၊ မရှိတရားက ဒိဋ္ဌိ။ ပေါင်းလိုက်တော့ သက္ကာယဒိဋ္ဌိ။ အရှိတရားသက္ကာယဆိုတာ ရုပ်နာမ် ခန္ဓာမျှသာဖြစ်တယ်။ ဒါကြောင့် အရှိတရားက ဒုက္ခမပေးနိုင်ပါဘူး။ အပါယ်မပို့နိုင်ပါဘူး။ မရှိကို အရှိထင်၊ […]

Read More →  

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၃)

0

  ရုပ်ကို ရုပ်မှန်းသိ၊ ဖြစ်ပျက်မြင်အောင်ကြည့်။ နာမ်ကို နာမ်မှန်းသိ ဖြစ်ပျက်မြင်အောင်ကြည့်။ သာမန်အားဖြင့် ကြည့်ကြမြင်ကြတဲ့အတိုင်း လောကကြီးကို ကြည့်ကြမယ်၊ ရှုမြင်သုံးသပ်ကြမယ်ဆိုရင် ပညတ်တွေ အပေါ်မှာတင် အသိလမ်းဆုံးနေကြတယ်။ ဒီပညတ်တွေကို ခွါနိုင်မှ ပရမတ်ကို ဖောက်ထွင်း မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပညတ်တွေကို ခွါနိုင်အောင် ကြိုးစားကြရမှာပါ။   တကယ်တော့ လောကကြီးမှာ ပညတ်နဲ့ ကင်းကွာလို့လည်း မရပါဘူး။ ပညတ်တွေနဲ့ မှတ်သားပြီး စကားတွေ ပြောဆိုနေကြရတာ၊ ပညတ်တွေနဲ့ မှတ်သားပြီး ပညာတွေ သင်ကြားနေကြရတာ၊ အလုပ်တွေ လုပ်နေကြရတာ။ ဒီလို ပညတ်တွေ သုံးစွဲကြရင်းနဲ့ ပညတ်ကို အားကိုးရာအစစ်၊ အရှိတရားအစစ်အဖြစ် ထင်မြင်လာကြတာဟာ သဘာဝပါပဲ။ လူ၊ ခွေး၊ နွား၊ နတ်၊ ဗြဟ္မာစသည် ခေါ်နေကြတာတွေဟာ တကယ်တော့ ပညတ်တွေမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ပညတ်တွေကို […]

Read More →  

မြကျွန်းသာမိုးကုတ်ရိပ်သာ၌ ဒါနစခန်းဖွင့်လှစ်

0

မြကျွန်းသာမိုးကုတ်ရိပ်သာတွင်း အဆောက်အဦးများ အပေါ်စီးမှမြင်ရပုံ   ဆောက်လုပ်ဆဲ သုံးထပ်ယောဂီကျောင်းဆောင်ကြီး   ပေါ်ဆုံးထပ် ကွန်ကရစ်လောင်းရန် ပြင်ဆင်နေပုံ မြကျွန်းသာမိုးကုတ်ရိပ်သာကို ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီ ပဓာနနာယကအဖြစ်ဖြင့် ဦးဆောင်လျက် (၂၀၀၉)ခုနှစ်တွင် ကျောင်းဒကာကြီး ဦးလှကြည် + ကျောင်းဒကာမကြီး ဒေါ်အေးအေးသွယ် မိသားစုတို့က ပင်မအလှူရှင်အဖြစ် အဓိက လိုအပ်သော ဓမ္မာရုံကြီး၊ သိမ်၊ ဆွမ်းစား (ဘောဇန)ဆောင်၊ အမျိုးသား ယောဂီဆောင်၊ အမျိုးသမီး ယောဂီဆောင်၊ ကျောင်းတွင်း လမ်းခင်းခြင်း စသည်တို့ကို ပြည့်စုံစွာ ဆောက်လုပ်လှူဒါန်းခဲ့ပြီး (၂၀၁၀)ခုနှစ် သင်္ကြန်တွင်းကာလမှ စတင်၍ မိုးကုတ်ရိပ်သာ (၁၀) ရက်တရားစခန်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါသည်။ ထို့နောက်တွင် (၁၀) ရက်၊ (၇)ရက် တရားစခန်းများကို အခါအားလျော်စွာ ဖွင့်လှစ်လာခဲ့ရာ ယခုအချိန်အထိ (၁၀)ရက်တရားစခန်းပေါင်း (၆) ကြိမ်၊ (၇)ရက်တရားစခန်းပေါင်း (၂)ကြိမ်တိတိ အောင်မြင်စွာဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ […]

Read More →  

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၂)

0

  ကိုယ့်သန္တာန်မှာ ဖြစ်နေဆဲရုပ် ဖြစ်နေဆဲနာမ်ကို သိဖို့အရေးဟာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မသိနိုင်ဘူးလားဆိုတော့လဲ ကျကျနန ရှင်းလင်းပြပေးနိုင်မယ်ဆိုရင်တော့ သိနိုင်ပါတယ်။ ရုပ်လို့ ပြောမယ်ဆိုရင်တော့ သာမညအားဖြင့် အပြောဖြစ်လို့ ရူပက္ခန္ဓာကို ပြောခြင်းလို့ မှတ်ထားလိုက်ပေါ့။ ဒီရုပ်ကနေ လတ်တလော ယခုဖြစ်၍ ယခုပျက်တဲ့ရုပ်ကလေးတွေ ပေါ်ဆဲရုပ်ကလေးတွေ ထင်မြင်လာအောင် ကြည့်တတ်မယ်ဆိုရင်တော့ ဥပါဒါနက္ခန္ဓာဖြစ်တဲ့ ၀ိပဿနာအရှုခံရုပ်ကလေးတွေ မြင်နေပြီလို့ ဆိုရပါမယ်။ ဒါကြောင့် ရုပ်လို့ သာမညထင်မြင်နေရင် ရူပက္ခန္ဓာ၊ ပေါ်ဆဲရုပ်လို့ ထူးထူးခြားခြား သိနေရရင်တော့ အဲဒါ ရူပုပါဒါနက္ခန္ဓာလို့ မှတ်လိုက်တာပေါ့။ ဘာလို့လဲဆိုတော့ ရူပက္ခန္ဓာဆိုရင် ခန္ဓာတော့ ဟုတ်ပါတယ်။ ၀ိပဿနာအရှုခံ ခန္ဓာမဟုတ်သေးဘူးလေ။ ပေါ်ဆဲရုပ်ကမှ ၀ိပဿနာအရှုခံခန္ဓာ ဖြစ်တာကိုး။ အဲဒီ ပေါ်ဆဲရုပ်ဟာ ဥပါဒါနက္ခန္ဓာအမည်ရလို့ အရှုခံခန္ဓာဖြစ်သွားတာပါပဲ။ ရှင်းအောင် ပြောရရင် အထည်ရုပ်နဲ့ သဘောရုပ်လို့ တစ်နည်းမှတ်လိုက်ပါ။ အထည်ရုပ်က ကိုင်တွယ်စမ်းသပ်လို့ရတဲ့ […]

Read More →  
Page 4 of 51« First...«23456»102030...Last »