Author Archive for: ‘admin’

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း(၁)

1

ဒီနေ့ခေတ်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကောက်ကြောင်းတွေ နည်းမျိုးစုံဆွဲနေကြတာတွေ ကြားသိမြင်တွေ့ နေရတယ်။ ဗုဒ္ဓဘာသာဆိုတာ သီလ၊ သမာဓိ၊ ပညာလို့ပြောသူကပြော၊ ကျင့်နေရမယ့်ဘာသာလို့ဆိုသူကဆို၊ ဒါနတွေ သီလတွေက အကာတွေ လို့ အော်သူက အော်၊ ရွတ်နေဖတ်နေတာတွေဟာ တန်ဖိုးမရှိသယောင် အရွတ်က အသားလောက်မကောင်းဘူးလို့ ခနဲ့သူကခနဲ့၊ သင်ပြီး မကျင့်ရင် နွားကျောင်းသားနဲ့တူတယ်၊ နွားသာကျောင်းရတယ် သူ့ခမျာနွားနို့မသောက်ရရှာဘူးလို့ ကဲ့ရဲ့သူက ကဲ့ရဲ့၊ ဘုရားရှိခိုးတာ၊ ပုတီးစိပ်တာ၊ မေတ္တာပို့ခြင်း စတဲ့သမထလုပ်ငန်းတွေလုပ်တာဟာ နိဗ္ဗာန်မရောက်ဘူးလို့ ပြောသူကပြောနဲ့ ဒို့ဗုဒ္ဓဘာသာ တွေ ဘာလုပ်လို့လုပ်ရမှန်း မသိတော့လောက်အောင် ဖြစ်နေကြတာ တွေ့နေရတယ်။ အချိန်ရှိသမျှ တရားပဲထိုင်နေရ တော့မလို ဖြစ်နေကြလေရဲ့။ မေးခွန်းလေးတစ်ခုတော့ မေးလိုက်ချင်တယ်။ တရားထိုင်လို့ကော နိဗ္ဗာန်ရောက်မှာ သေချာရဲ့လားလို့။ ဒီဘ၀ ဒီခန္ဓာနဲ့ပဲ နိဗ္ဗာန်ရောက်မှာ သေချာပြီ၊ စိတ်ချရပြီဆိုရင်တော့ ဘာမှလုပ်မနေနဲ့တော့၊ တရားသာထိုင်နေလိုက်ပါ။ မသေချာသေးဘူးဆိုရင် ဗုဒ္ဓဘာသာကို ဘက်စုံ […]

Read More →  

တွေးမိသမျှ

0

စာသင်သားဘ၀နဲ့နေလာခဲ့သည်မှာ နှစ်ပေါင်း (၄၀) ကျော်လာခဲ့ပါပြီ။ အခုထိလဲ သင်လို့အားရသည်မရှိသေး။ ဘယ်တော့မှများ သင်လို့ ပြီးပါ့မလဲလို့တွေးနေမိတယ်။ (၄၀)ကျော်မှ ပညာသင်လို့မပြီးသေးဘူးဆိုရင် ပညာသင်ပြီးတဲ့အချိန်မှာ အလုပ်စလုပ်ပါက နှစ်ပေါင်း မည်မျှအထိသာ လုပ်နိုင်တော့ပါမည်နည်း။ သာသနာအကျိုးပြု၊ လူသားအကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့အချိန်တွေ အချိန်ပိုင်းလောက်သာ ကျန်တော့သည်။ စာသင်ရင်းနဲ့လမ်းဆုံးရတော့မှာလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ကြည့်နေမိသည်။ အဖြေဟူ၍ ရှင်းရှင်းလင်းလင်း ထွက်မလာခဲ့။ သို့သော် စာသင်နေချင်စိတ်က ဆက်လက်ရှင်သန်နေဆဲဖြစ်သည်။ ဤအရှုပ်အထွေး အတွေးစတွေကြားထဲမှ ဆုံးဖြတ်ချက်တစ်ခုချလိုက်မိသည်။ ငါသည် စာလဲသင် အလုပ်လဲလုပ်မည်ဟူ၍ဖြစ်၏။ ထိုဆုံးဖြတ်ချက်အတိုင်းပင် ရိပ်သာဖွင့်၍တရားပြ၊ တရားလဲဟော၊ သင်တန်းတွေလဲဖွင့်၊ လူမှုကူညီရေးလုပ်ငန်းတွေလဲ တစ်ဖက်တစ်လမ်းက လုပ်၊ စာကိုလဲ အချိန်ရသလောက်သင်ယူ၊ စာရေး၊ စာဖတ် စသည် အကုန် နိုင်သလောက် မနားတမ်း ဆက်လက်လုပ်ဆောင်နေမိပါတော့သည်။ Dr. V. Parami

Read More →  

ပြောမယုံ ကြုံမှသိ

0

ကုလားပြေတွင် ဘုရားနေခဲ့တာမှန်ပေမယ့် သာသနာတော့ အခြေတကျ နေလို့မရနိုင်ပါဘူး။ ဗုဒ္ဓဘာသာတော့ ရှိသေးပါတယ်။ ဒါပေမယ့် ဘုရား၊ တရား၊ သံဃာအကြောင်း ကောင်းကောင်းနားမလည်တော့တဲ့ ဗုဒ္ဓဘာသာဝင်တွေသာ များပါတယ်။ ကိုးကွယ်ရာမဲ့ ဗုဒ္ဓဘာသာ လို့ပြောလိုက ပြောလို့ရပါတယ်။ အထူးသဖြင့် ဘာသာရေးခေါင်းဆောင် ရဟန်းတွေမရှိတဲ့ ဗုဒ္ဓဘာသာအဖြစ်နဲ့သာ ရပ်တည်နေတာ တွေ့ရပါတယ်။ ရဟန်းတော်တွေ ဘာကြောင့် ဟောဒီ ကုလားပြေမှာမရပ်တည်နိုင်ကြတာလဲဆိုရင်တော့ မြင်သလောက်ပြောရရင် ရဟန်းတော်တို့နဲ့ လိုက်လျောညီထွေမရှိတဲ့ ယဉ်ကျေးမှုကြောင့်လို့ပဲ ဆိုနိုင်ပါတယ်။ ဟိုဟို ဒီဒီ ဘုရားဖူးမှီလို့ ရပ်တည်နေကြတာကို မဆိုလိုပါဘူး။ လူထုအကြားမှာ မရပ်တည်နိုင်ခြင်းအကြောင်းကိုသာ ပြောနေတာပါ။ ရဟန်းတော်တို့ဆိုတာ ဆွမ်းခံစားရပါတယ်။ နေလွဲညစာ စားလို့မရပါဘူး။ ကုလားပြေမှာ နံနက်စောစော ဘာအစားအစာမှ လွယ်လွယ်ကူကူ မရနိုင်ပါဘူး။ စားသောက်ဆိုင်တွေတောင်မှ နေ့(၁၂)နာရီနောက်ပိုင်းမှ စဖွင့်လေ့ရှိကြပါတယ်။ (၁၂)နာရီအတွင်းသွားလို့ကတော့ ဘာစားစရာမှ လွယ်လွယ်မရနိုင်ပါဘူး။ ကုလားတွေရဲ့နေလည်စာအချိန်ဟာ နေ့ (၁)နာရီနဲ့ (၂)နာရီအတွင်းသတ်မှတ်ထားကြတယ်။ […]

Read More →  

ဘုရားကြိုက်အောင်နေ

0

ဘုရားမကြိုက်တာရှောင်ကြဉ်မှ၊ ဘုရားအလိုတော်ကျအောင်နေနိုင်မှ ဘုရားကြိုက်မည်။ ဘုရားကြိုက်အောင်နေလိုက်ပါက လူတော်လူကောင်း ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။ အမြင်မတော်သောအလုပ်များ နဲနိုင်သမျှနဲအောင် အကုသိုလ်မကင်းသော အလုပ်များ နဲနိုင်သမျှနဲအောင် စောင့်ရှောက်ထိန်းသိမ်းနေလိုက်လျှင် ဘုရားအလိုကျအောင် နေထိုင်ခြင်းပင် ဖြစ်သည်။ ခက်ခဲလှသည်မဟုတ်ပါ။ သို့သော် သတိမထားမိလိုက်လျှင် အသိတရားလက်လွတ်လို့ မသိအမှားတွေ ဖြစ်တတ်သည်။

Read More →  
Page 51 of 51« First...203040«4748495051