Category Archive for: ‘ဆောင်းပါးများ’

နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း

0

မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) ၌ ကလေးသူငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သင်တန်းကာလ- (၁၅-၃-၂၀၁၃) ရက်နေ့မှ (၃၁-၃-၂၀၁၃) ရက်နေ့အထိ အချိန်- နံနက် (၀၈း၀၀)နာရီမှ (၁၀း၀၀)နာရီအထိ နေရာ- မြကျွန်းသာမိုးကုတ်ရိပ်သာ၊ ရတနာကျွန်းရိပ်သာ၊ သုနန္ဒာလမ်း၊ (ဋ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး   ယဉ်ကျေးလိမ္မာသင်တန်းသင်ရင်း ကလေးများအတွက် အင်္ဂလိပ်စာတစ်ချိန်ပါ ထည့်သွင်းသင်ကြားပေးပါမည်။

Read More →  

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၃)

0

  ရုပ်ကို ရုပ်မှန်းသိ၊ ဖြစ်ပျက်မြင်အောင်ကြည့်။ နာမ်ကို နာမ်မှန်းသိ ဖြစ်ပျက်မြင်အောင်ကြည့်။ သာမန်အားဖြင့် ကြည့်ကြမြင်ကြတဲ့အတိုင်း လောကကြီးကို ကြည့်ကြမယ်၊ ရှုမြင်သုံးသပ်ကြမယ်ဆိုရင် ပညတ်တွေ အပေါ်မှာတင် အသိလမ်းဆုံးနေကြတယ်။ ဒီပညတ်တွေကို ခွါနိုင်မှ ပရမတ်ကို ဖောက်ထွင်း မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပညတ်တွေကို ခွါနိုင်အောင် ကြိုးစားကြရမှာပါ။   တကယ်တော့ လောကကြီးမှာ ပညတ်နဲ့ ကင်းကွာလို့လည်း မရပါဘူး။ ပညတ်တွေနဲ့ မှတ်သားပြီး စကားတွေ ပြောဆိုနေကြရတာ၊ ပညတ်တွေနဲ့ မှတ်သားပြီး ပညာတွေ သင်ကြားနေကြရတာ၊ အလုပ်တွေ လုပ်နေကြရတာ။ ဒီလို ပညတ်တွေ သုံးစွဲကြရင်းနဲ့ ပညတ်ကို အားကိုးရာအစစ်၊ အရှိတရားအစစ်အဖြစ် ထင်မြင်လာကြတာဟာ သဘာဝပါပဲ။ လူ၊ ခွေး၊ နွား၊ နတ်၊ ဗြဟ္မာစသည် ခေါ်နေကြတာတွေဟာ တကယ်တော့ ပညတ်တွေမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ပညတ်တွေကို […]

Read More →  

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၂)

0

  ကိုယ့်သန္တာန်မှာ ဖြစ်နေဆဲရုပ် ဖြစ်နေဆဲနာမ်ကို သိဖို့အရေးဟာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မသိနိုင်ဘူးလားဆိုတော့လဲ ကျကျနန ရှင်းလင်းပြပေးနိုင်မယ်ဆိုရင်တော့ သိနိုင်ပါတယ်။ ရုပ်လို့ ပြောမယ်ဆိုရင်တော့ သာမညအားဖြင့် အပြောဖြစ်လို့ ရူပက္ခန္ဓာကို ပြောခြင်းလို့ မှတ်ထားလိုက်ပေါ့။ ဒီရုပ်ကနေ လတ်တလော ယခုဖြစ်၍ ယခုပျက်တဲ့ရုပ်ကလေးတွေ ပေါ်ဆဲရုပ်ကလေးတွေ ထင်မြင်လာအောင် ကြည့်တတ်မယ်ဆိုရင်တော့ ဥပါဒါနက္ခန္ဓာဖြစ်တဲ့ ၀ိပဿနာအရှုခံရုပ်ကလေးတွေ မြင်နေပြီလို့ ဆိုရပါမယ်။ ဒါကြောင့် ရုပ်လို့ သာမညထင်မြင်နေရင် ရူပက္ခန္ဓာ၊ ပေါ်ဆဲရုပ်လို့ ထူးထူးခြားခြား သိနေရရင်တော့ အဲဒါ ရူပုပါဒါနက္ခန္ဓာလို့ မှတ်လိုက်တာပေါ့။ ဘာလို့လဲဆိုတော့ ရူပက္ခန္ဓာဆိုရင် ခန္ဓာတော့ ဟုတ်ပါတယ်။ ၀ိပဿနာအရှုခံ ခန္ဓာမဟုတ်သေးဘူးလေ။ ပေါ်ဆဲရုပ်ကမှ ၀ိပဿနာအရှုခံခန္ဓာ ဖြစ်တာကိုး။ အဲဒီ ပေါ်ဆဲရုပ်ဟာ ဥပါဒါနက္ခန္ဓာအမည်ရလို့ အရှုခံခန္ဓာဖြစ်သွားတာပါပဲ။ ရှင်းအောင် ပြောရရင် အထည်ရုပ်နဲ့ သဘောရုပ်လို့ တစ်နည်းမှတ်လိုက်ပါ။ အထည်ရုပ်က ကိုင်တွယ်စမ်းသပ်လို့ရတဲ့ […]

Read More →  

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၁)

0

    ရုပ်နာမ်မသိ လူဒိဋ္ဌိမှာ မိုးဖျားဗြဟ္မာ ဖြစ်တုံပါလည်း ခန္ဓာပြိုကွဲ ကုသိုလ်စဲက ဖောက်လွဲပါယ်ရွာ ရောက်တတ်စွာ၏။ ၀ိပဿနာလုပ်လိုသူများအတွက် ရုပ်နာမ်ကို ရှေးဦးစွာ သိထားဖို့ အရေးကြီးပါတယ်။ ရုပ်ဆိုတာက ဖောက်ပြန်တတ်တဲ့သဘောတရားတွေပါပဲ။ အပူကြောင့်ဖြစ်စေ အအေးကြောင့်ဖြစ်စေ ဖောက်ပြန်တတ်တာ ရုပ်ပေါ့။ ရုပ်လည်း ဖောက်ပြန်တာပါပဲ၊ နာမ်လည်းဖောက်ပြန်တာပါပဲ။ ဒါပေမယ့် ရုပ်ရဲ့ ဖောက်ပြန်မှုက သိသာထင်ရှားလို့သာ ရုပ်ကိုမှ ဖောက်ပြန်တတ်တဲ့သဘော (ရုပ္ပတီတိ ရူပံ)လို့ ပြောရတာပေါ့။ ကိုယ့်သန္တာန်မှာ သုံးသပ်ကြည့်မယ်ဆိုရင် ရုပ်ရဲ့ သဘောတရားတွေ သိသိသာသာ တွေ့ရမှာပါ။ ခန္ဓာမှာ မာတဲ့သဘော ပျော့တဲ့သဘော နူးညံ့တဲ့သဘောလေးတွေ ရှိနေတာပဲ။ ဒါတွေက ပထ၀ီဓာတ်တွေပေါ့။ အစိုဓာတ် အထိုင်းဓာတ် အစီးဓာတ်လေးတွေလည်း ရှိနေပါတယ်။ ဒါတွေက အာပေါဓာတ်တွေပေါ့။ အပူဓာတ် အနွေးဓာတ် အအေးဓာတ် ဆိုတာလည်း ရှိနေတာပဲ။ ဒါဟာ တေဇောရုပ်ပေါ့။ လှုပ်တဲ့သဘော […]

Read More →  

လှူပုံလှူနည်း

1

  အလှူဒါနတွေ လုပ်တဲ့အခါ အဆင့်မြင့်တဲ့ အလှူဒါနဖြစ်ဖို့အတွက် သစ္စာသိပြီးမှ လှူဒါန်းပါဆိုတာ မိုးကုတ်ဆရာတော်ဘုရားကြီးက ဦးစားပေး ဟောလေ့ ပြောလေ့ သွန်သင် ဆုံးမလေ့ရှိပါတယ်။ အလှူဒါနမှန်လျှင် မကောင်းဘူးဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် လှူတိုင်းလည်း ကောင်းကျိုး အတူတူ မရနိုင်ဘူးဆိုတာ အဘိဓမ္မာဒေသနာတော်က သက်သေခံထားပါတယ်။ ကုသိုလ်ဆိုတာ ဉာဏ်ပါမှ တော်ကာကျတယ်။ ဉာဏ်မပါဘဲနဲ့ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုက အကျိုးပေးလိုက်မယ်ဆိုရင် အဲဒီအကျိုးပေးက သိပ်ကြောက်စရာကောင်းပါတယ်။  ဥပမာ- စေတနာမပါဘဲနဲ့ မဖြစ်မနေမို့၊ သို့မဟုတ် မကောင်း မကင်းလို့ လှူလိုက်ရတယ်ဆိုပါတော့။ ဒီကုသိုလ်ကနေ အကျိုးပေးလိုက်လို့ သုဂတိအဟိတ်နဲ့များ ပဋိသန္ဓေနေပြီး လူဖြစ်လာခဲ့ရင် အဲဒီလူဟာ လူစင်မမီတော့ဘူး။ လူ့အဆင့်အတန်းမီတဲ့ အသိဉာဏ်တွေ ကင်းမဲ့နေတော့ ရှေ့ကထားလဲမရ၊ နောက်ကလဲ ဖြောင့်ဖြောင့်မလိုက်တတ်နဲ့ ဘယ်နေရာမှ အချိုးမကျ၊ လူတောမတိုးတဲ့ဘ၀မျိုးဖြစ်သွားခဲ့ရင် သိပ်နစ်နာပါတယ်။ ဆွံ့အ နားပင်းစတဲ့ဘ၀ဆိုးမျိုးတွေလဲ ဖြစ်လာတတ်တယ်လေ။ ဒါဟာ […]

Read More →  

အာဃာတ၀တ္ထု (၁၀)ပါး

0

အာဃာတဆိုတာ ရန်ငြိုးကိုပြောတာပါ။ ဒေါသတို့ ရန်ငြိုးတို့ပေါ့။ ဒီလို ရန်ငြိုးဖြစ်ကြောင်း (၉)ပါး၊ သို့မဟုတ် (၁၀)ပါးရှိပါတယ်။ အဲဒါတွေ လွယ်ကူစွာရေတွက်နိုင်ဖို့ မိမိရယ်၊ မိမိချစ်သူ ခင်သူရယ်၊ မိမိမုန်းသူ ရန်သူရယ် ပုဂ္ဂိုလ်သုံးမျိုးခွဲလိုက်ပြီး မိမိနဲ့ပတ်သက်လို့ ဒေါသဖြစ်ကြောင်းက သုံးမျိုးရှိပါတယ်။ မိမိနဲ့ပတ်သက်ပြီးဒေါသဖြစ်ကြောင်းတရားသုံးပါးက ၁။ ဒီလူဟာ မိမိကို အကျိုးမဲ့ဖြစ်အောင် ရှေးကလည်း လုပ်ဖူးပြီ၊ ၂။ အခုလည်းလုပ်ဆဲ၊ ၃။ နောင်လည်းလုပ်လိမ့်မည်ဆိုပြီး စိတ်တိုနေတာ ဒေါသဖြစ်နေတာ မကျေမနပ်ဖြစ်နေတာ၊ ရန်ငြိုးဖွဲ့နေတတ်တာပါပဲ။ မိမိချစ်သူ ခင်သူ မိတ်ဆွေနဲ့ပတ်သက်ပြီး ဒေါသဖြစ်ကြောင်းတရားသုံးပါးက ၁။ ဒီလူသည် မိမိချစ်သူ ခင်သူ မိတ်ဆွေအတွက် အကျိုးမဲ့ဖြစ်အောင် ရှေးကလည်း လုပ်ဖူးပြီ၊ ၂။ အခုလည်း လုပ်ဆဲ၊ ၃။ နောင်လည်း လုပ်လိမ့်မည်ဆိုပြီး စ်တ်တိုနေတာ ဒေါသဖြစ်နေတာ မကျေမနပ်ဖြစ်နေတာ၊ ရန်ငြိုးဖွဲ့နေတတ်တာပါပဲ။ မိမိမုန်းသူ ရန်သူနဲ့ပတ်သက်ပြီး ဒေါသဖြစ်ကြောင်းတရားသုံးပါးက […]

Read More →  

သမုဒယသစ္စာ (၄)

0

သမုဒယသစ္စာက အကြောင်းသစ္စာ၊ ဒုက္ခသစ္စာက အကျိုးသစ္စာ။ သမုဒယသစ္စာက ဆင်းရဲကြောင်း၊ ဒုက္ခသစ္စာက ဆင်းရဲကျိုး။ ဒုက္ခသစ္စာဆိုတာ ဆင်းရဲကြောင်းကြောင့် ဆင်းရဲကျိုးဖြစ်နေတာသာ ဖြစ်တယ်။ ယခု လက်ရှိဘ၀ခန္ဓာကြီးဟာ အတိတ်က ဆင်းရဲကြောင်းတွေလုပ်ခဲ့လို့ ရရှိပိုင်ဆိုင်ထားတဲ့ ဆင်းရဲကျိုးမျှသာဖြစ်တယ်။ အတိတ်က သမုဒယလုပ်ခဲ့လို့ ယခု ဒုက္ခခံနေကြရတယ်ဆိုရင် မလွဲပါဘူး။ ဒီခန္ဓာမျိုး ဒုက္ခသစ္စာ တရားဆိုးကြီးကို ဒုက္ခသစ္စာရယ်လို့ မသိတဲ့အတွက် အတိတ်က ကောင်းမှုသမုဒယသစ္စာတွေ ပြုခဲ့ကြလေတော့ ကောင်းမှုကြောင့်ရရှိခဲ့တဲ့ခန္ဓာကြီးပင်ဖြစ်သော်လည်း ခန္ဓာမှန်လျှင် ဒုက္ခသစ္စာဖြစ်နေသဖြင့် ဆင်းရဲကျိုးတရားစုကြီးမျှသာ ဖြစ်တယ်လို့ ဆိုရပါတယ်။ ဒါကြောင့် ခန္ဓာရကြောင်းသည် သမုဒယသစ္စာ၊ ဒုက္ခရကြောင်းသည် သမုဒယသစ္စာ။ သမုဒယလုပ်စဉ်က ဒုက္ခအကျိုးသာ ရမယ်ဆိုတာ မသိခဲ့တော့ မသိတာနဲ့ပဲ မသိသလို ပြုလုပ်ခဲ့ကြခြင်းကြောင့် ဒုက္ခသုက္ခတွေနဲ့ ပက်ပင်းတိုးနေကြရခြင်းသာဖြစ်တယ်။ အများနားလည်ထားတာက ဒုက္ခရောက်မှ ဒုက္ခလို့ သိနေကြတာပါပဲ။ သမုဒယဖြစ်စဉ်ကတော့ ဒါလုပ်ရင် ဒုက္ခရောက်မယ်ဆိုတာ သိမှ မသိကြတာကိုး။ […]

Read More →  
Page 3 of 36«12345»102030...Last »