Category Archive for: ‘ဆောင်းပါးများ’

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၆)

0

ဗုဒ္ဓဘာသာမှာ ကိုယ့်အားကိုယ် ကိုးတတ်ဖို့ (self-reliance) ဟာ အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။ ဒါကို နားမလည်တဲ့အခါကျတော့ ဒို့ဗုဒ္ဓဘာသာတွေ ဟိုအားကိုးရမှာလိုလို ဒီအားကိုးရမှာလိုလို ဖြစ်ပြီး ဘာသာရေး လမ်းကြောင်းမှ သွေဖီသွားတာတွေ တွေ့တွေ့နေရတယ်။ အဲဒါ ဘာတွေလဲဆိုရင် နတ်ကိုးကွယ်မှု၊ ဘိုးတော်၊ ရသေ့ ကိုးကွယ်မှု၊ ဗေဒင် ဓာတ်ရိုက်ဓာတ်ဆင် အားကိုးမှု၊ မှော်ဆရာကိုးကွယ်မှု၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကိုးကွယ်မှု စသည်ပေါ့။ ကိုယ်တိုင် ကြိုးစားလို့ စီးပွားတိုးတက် အဆင်ပြေလာတဲ့အခါမှာ ကိုယ်ကိုယ်တိုင် လုံ့လ ၀ီရိယနဲ့ ကြိုးစား အားထုတ်မှုကြောင့် တိုးတက်ကြီးပွားလာတာကို နတ်က မစလို့ ဒီလိုဖြစ်လာတာဆိုပြီး ကိုယ့်အစွမ်းတွေကို နတ်ပေါ်မှာ ပုံအပ်လိုက်တယ်။ ဒီလိုနဲ့ စီးပွားလဲတက်လာရော နတ်ရဲ့ကျေးကျွန်တွေ ဖြစ်ကုန်ကြတာတွေ တော်တော်များများ တွေ့နေရတယ်။ နတ်ကို အားကိုးနေမိတဲ့အချိန်မှာ အချိန်ကိုက် စောင့်နေကြတဲ့ နတ်ကတော် ဆိုတာတွေကလဲ တစ်နည်းမဟုတ် တစ်နည်းနဲ့ […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၅)

1

ဗုဒ္ဓဘာသာမှာ ရိုသေတာ၊ ကိုင်းရှိုင်းတာ၊ ယဉ်ကျေးတာ၊ ဖော်ရွေတာ၊ စိတ်သဘောထား နုညံ့သိမ်မွေ့တာ၊ တစ်ယောက်နဲ့ တစ်ယောက် အကူအညီပေးတတ်တာ၊ သနားကြင်နာ တတ်တာ၊ မေတ္တာတရား ကြီးမားတာ၊ စည်းလုံးညီညွတ်တာ စသည်ဖြင့် အခြားဘာသာတွေထက် ပိုပြီးလေးနက်တဲ့ ထူးခြားမှုတွေ များစွာတွေ့မြင် နိုင်ပါတယ်။ ဗုဒ္ဓအလိုကျ လူနေမှုဘ၀ ပုံစံလေးပေါ့။ အမူအရာတွေလဲ ယဉ်ကျေး၊ အပြောအဆိုတွေလဲ သိမ်မွေ့၊ စိတ်သဘောထားတွေလဲ မြင့်မြတ်နေတဲ့ အထက်တန်းကျတဲ့ လူသားဘ၀ကို ဗုဒ္ဓဘာသာက ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ရအောင် ယူတတ်ဖို့တော့ အရေးကြီးတာပေါ့။ ပေးတော့ ပေးနေတာပဲ၊ ရအောင်မယူတတ်ရင်တော့လဲ ဒီအနှစ်သာရတွေ တွေ့မြင်ခံစားရမှာ မဟုတ်ပါဘူး။ ဒါတွေအားလုံးရဲ့ အခြေခံအနေနဲ့ကတော့ နေ့စဉ် ရတနာသုံးပါး ယုံကြည်၊ ငါးပါးသီလ လုံခြုံနေအောင် စောင့်ထိန်းရတာပါပဲ။ ဒါဟာ အခြေခံ အကျဆုံး ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထူး လိုက်နာရမယ့် စည်းမျဉ်းလိုဖြစ်နေပါတယ်။ ဒါကို […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၄)

0

ဗုဒ္ဓဘာသာကို ယနေ့ခေတ်မှာ ထေရ၀ါဒနဲ့ မဟာယာနဆိုပြီး ခွဲခြားဝေဖန် သုံးသပ်နေကြတာတွေ တွေ့ရပါတယ်။ ယနေ့ မြန်မာပြည်မှာ လက်ခံကျင့်သုံးနေတဲ့ ဗုဒ္ဓဘာသာဟာ ထေရ၀ါဒဗုဒ္ဓဘာသာဖြစ်ပါတယ်။ သို့သော်လည်း အချို့အစဉ်အလာတွေမှာ မဟာယာန လောင်းရိပ်မကင်းတာတွေ၊ ဟိန္ဒူလောင်းရိပ်မကင်းတာတွေလဲ တွေ့ရတာပါပဲ။ ဒါကြောင့် မြန်မာဗုဒ္ဓဘာသာကို ထေရ၀ါဒစစ်စစ်ဖြစ်ဖို့ ယောင်ယောင်ဝါးဝါးနဲ့ ကြိုးစားနေကြတာတွေလဲ ကြားသိမြင်တွေ့နေရပါတယ်။ ဥပမာပြောရလျှင် ရှင်ဥပဂုတ် ဆိုတာ မြန်မာပြည်တစ်ဝှမ်း ရေပန်းလဲစား ကိုးကွယ်ယုံကြည်မှုတွေလဲ များနေပါတယ်။ ရှင်ဥပဂုတ် ဖောင်မျှောပွဲ၊ ရှင်ဥပဂုတ် ပူဇော်ပွဲ၊ ရှင်ဥပဂုတ် တင်မြှောက်ပွဲ စသည်ဖြင့် ဒေသအလိုက် ကိုယ့်ပုံစံနဲ့ ကိုယ် ကိုးကွယ်နေကြတာတွေပါပဲ။ ဘုရားစေတီ ရင်ပြင်တွေမှာရော၊ အချို့ရေကန်တွေမှာပါ ရှင်ဥပဂုတ်ပုံကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် ရှင်ဥပဂုတ် သမိုင်းကြောင်းကို ထေရ၀ါဒကျမ်းဂန်တွေမှာ မတွေ့ရပါဘူး။ သို့သော် ရှင်ဥပဂုတ်သည် အိန္ဒိယတွင် သူ့ခေတ် သူ့အခါက အလွန်ထင်ပေါ်ကျော်ကြားခဲ့တဲ့ ရဟန်းတစ်ပါးဖြစ်ခဲ့တာတော့ သေချာပါတယ်။ […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၃)

2

ဘုရားစာရွတ်ဖတ်ခြင်း၊ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဂုဏ်တော် ပွားခြင်း စသည်ဖြင့် ဗုဒ္ဓဘာသာဝင်တို့ သာမာန်နေ့စဉ်ဘ၀တွင် ကျင့်သုံး နေကြသည့် အလေ့အကျင့်များကို ကုသိုလ်တော့ ရသည်၊ နိဗ္ဗာန်မရဟုဆိုကာ ကပျက်ကချော် ပြောဟောသွန်သင် နေကြသော ဓမ္မကထိက များလည်း ယနေ့ခေတ်တွင် တော်တော်ထွန်းကား ရေပန်းစားလျက် လူကြိုက်များ နေကြတာ တွေ့ရပါတယ်။ ဗုဒ္ဓဘာသာကို လေ့လာဆန်းစစ်မယ် ဆိုရင် ကောင်းမြတ်တဲ့ အလေ့အကျင့်တွေဟာလည်း တစ်ဖက်တစ်လမ်းမှ အနှစ်သာရအနေဖြင့် တည်ရှိနေတာကို တွေ့ရပါတယ်။ ဘုရားစာ ရွတ်ဖတ်တာဟာ ကိုယ်နားမလည် ပေမယ့် စေတနာကောင်းကောင်းဖြင့် ရွတ်ဖတ်မယ် ဆိုရင် ကောင်းကျိုး တွေပေးနေတာပါပဲ။ ဘုရားရှင်ကို သိကြားမင်းက ဂါထာနဲ့ရွတ်ဖတ် ပူဇော်တာတွေ၊ အရှင်သောဏမထေရ်ကို ဘုရားရှင်က အရွတ်အဖတ်ကောင်းလို့ ကောင်းချီးပေးခဲ့တာတွေ၊ ဖားနတ်သားဟာ ပဌာန်းသံကို နားမလည်ပါပဲလျက် နားထောင်ကောင်း၍ နားထောင်နေစဉ် နွားကျောင်းသား တုတ်ဖြင့်ထောက်မိ၍ သေသွားတော့ […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း(၁)

1

ဒီနေ့ခေတ်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကောက်ကြောင်းတွေ နည်းမျိုးစုံဆွဲနေကြတာတွေ ကြားသိမြင်တွေ့ နေရတယ်။ ဗုဒ္ဓဘာသာဆိုတာ သီလ၊ သမာဓိ၊ ပညာလို့ပြောသူကပြော၊ ကျင့်နေရမယ့်ဘာသာလို့ဆိုသူကဆို၊ ဒါနတွေ သီလတွေက အကာတွေ လို့ အော်သူက အော်၊ ရွတ်နေဖတ်နေတာတွေဟာ တန်ဖိုးမရှိသယောင် အရွတ်က အသားလောက်မကောင်းဘူးလို့ ခနဲ့သူကခနဲ့၊ သင်ပြီး မကျင့်ရင် နွားကျောင်းသားနဲ့တူတယ်၊ နွားသာကျောင်းရတယ် သူ့ခမျာနွားနို့မသောက်ရရှာဘူးလို့ ကဲ့ရဲ့သူက ကဲ့ရဲ့၊ ဘုရားရှိခိုးတာ၊ ပုတီးစိပ်တာ၊ မေတ္တာပို့ခြင်း စတဲ့သမထလုပ်ငန်းတွေလုပ်တာဟာ နိဗ္ဗာန်မရောက်ဘူးလို့ ပြောသူကပြောနဲ့ ဒို့ဗုဒ္ဓဘာသာ တွေ ဘာလုပ်လို့လုပ်ရမှန်း မသိတော့လောက်အောင် ဖြစ်နေကြတာ တွေ့နေရတယ်။ အချိန်ရှိသမျှ တရားပဲထိုင်နေရ တော့မလို ဖြစ်နေကြလေရဲ့။ မေးခွန်းလေးတစ်ခုတော့ မေးလိုက်ချင်တယ်။ တရားထိုင်လို့ကော နိဗ္ဗာန်ရောက်မှာ သေချာရဲ့လားလို့။ ဒီဘ၀ ဒီခန္ဓာနဲ့ပဲ နိဗ္ဗာန်ရောက်မှာ သေချာပြီ၊ စိတ်ချရပြီဆိုရင်တော့ ဘာမှလုပ်မနေနဲ့တော့၊ တရားသာထိုင်နေလိုက်ပါ။ မသေချာသေးဘူးဆိုရင် ဗုဒ္ဓဘာသာကို ဘက်စုံ […]

Read More →  

တွေးမိသမျှ

0

စာသင်သားဘ၀နဲ့နေလာခဲ့သည်မှာ နှစ်ပေါင်း (၄၀) ကျော်လာခဲ့ပါပြီ။ အခုထိလဲ သင်လို့အားရသည်မရှိသေး။ ဘယ်တော့မှများ သင်လို့ ပြီးပါ့မလဲလို့တွေးနေမိတယ်။ (၄၀)ကျော်မှ ပညာသင်လို့မပြီးသေးဘူးဆိုရင် ပညာသင်ပြီးတဲ့အချိန်မှာ အလုပ်စလုပ်ပါက နှစ်ပေါင်း မည်မျှအထိသာ လုပ်နိုင်တော့ပါမည်နည်း။ သာသနာအကျိုးပြု၊ လူသားအကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့အချိန်တွေ အချိန်ပိုင်းလောက်သာ ကျန်တော့သည်။ စာသင်ရင်းနဲ့လမ်းဆုံးရတော့မှာလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ကြည့်နေမိသည်။ အဖြေဟူ၍ ရှင်းရှင်းလင်းလင်း ထွက်မလာခဲ့။ သို့သော် စာသင်နေချင်စိတ်က ဆက်လက်ရှင်သန်နေဆဲဖြစ်သည်။ ဤအရှုပ်အထွေး အတွေးစတွေကြားထဲမှ ဆုံးဖြတ်ချက်တစ်ခုချလိုက်မိသည်။ ငါသည် စာလဲသင် အလုပ်လဲလုပ်မည်ဟူ၍ဖြစ်၏။ ထိုဆုံးဖြတ်ချက်အတိုင်းပင် ရိပ်သာဖွင့်၍တရားပြ၊ တရားလဲဟော၊ သင်တန်းတွေလဲဖွင့်၊ လူမှုကူညီရေးလုပ်ငန်းတွေလဲ တစ်ဖက်တစ်လမ်းက လုပ်၊ စာကိုလဲ အချိန်ရသလောက်သင်ယူ၊ စာရေး၊ စာဖတ် စသည် အကုန် နိုင်သလောက် မနားတမ်း ဆက်လက်လုပ်ဆောင်နေမိပါတော့သည်။ Dr. V. Parami

Read More →  
Page 36 of 36« First...102030«3233343536