Category Archive for: ‘ဆောင်းပါးများ’

ကာမေသုမိစ္ဆာစာရကံအကြောင်း

0

ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်က ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များ ဆောက်တည်နေကျဖြစ်တဲ့ ငါးပါးသီလထဲမှ တတိယမြောက်သိက္ခာပုဒ်ပါ။ ဒီသီလမှာလည်း ရှောင်ကြဉ်လျှင် ရနိုင်မယ့်ကောင်းကျိုးတရား၊ ကျူးလွန်လျှင် ခံစားရမယ့် ဆိုးကျိုးတရား အကောင်းနဲ့အဆိုး အဖြူနဲ့အမည်း ဒွန်တွဲနေသလို သိက္ခာပုဒ်တစ်ခုမှာ ရှောင်ကြဉ်ခြင်း၊ ကျူးလွန်းခြင်း၊ ထိုထိုသော အကြောင်းတရားများကြောင့် ကောင်းကျိုး ဆိုးကျိုးများရှိနေပါတယ်။ ယောက်ျားများသည် မိမိရဲ့ ဇနီးမှတစ်ပါး အခြားသော ပိုင်ဆိုင်သူ အုပ်ထိန်းသူ ရှိသည့် မိန်းမတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း (ကာမေသု မိစ္ဆာစာရ)ဖြစ်ပါတယ်။ မိန်းမများသည်လည်း မိမိ၏ ခင်ပွန်းမှ တပါး အခြားသော ယောင်္ကျားတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း (ကာမေသုမိစ္ဆာစာရ) ဖြစ်ပါတယ်။ ထိုကာမေသုမိစ္ဆာစာရကို လွန်ကျူးသူသည် (၁)။ အပါယ်လေးဘုံတို့သို့လားရောက်ရခြင်း။ (၂)။ မိန်းမဖြစ်ရခြင်း။ (၃)။ နပုံပဏ္ဍုက်ဖြစ်ရခြင်း။ (၄)။ အများ အမုန်းခံရခြင်း။ (၅)။ […]

Read More →  

ဘုရားဂုဏ်တော်ပွားနည်း

0

ဘုရားဂုဏ်တော်လေးတွေ ပွားတတ်ဖို့ ပြောပေးမယ်။ ၁။ အရဟံ- အထူးအပူဇော်ခံထိုက်တဲ့ ဘုရားရှင်၊ အရ ဟံ- ကိလေသာကင်းတော်မူတဲ့ ဘုရားရှင်၊ အ ရဟံ- ဆိတ်ကွယ်ရာမှာပင်ဖြစ်သော်လဲ မကောင်းမှုကို ပြုတော်မမူတဲ့ ဘုရားရှင်။ ဒီလို သိလိုက်ရင် ကိလေသာကင်းနေတာနဲ့ ပူဇော်ထိုက်လှပါပြီ၊ ဒို့ ပုထုဇဉ်တွေဆိုတာ မမြင်ကွယ်ရာမှာ မကောင်းမှု လစ်ရင် လစ်သလိုပြုတတ်ကြတယ်၊ ဘုရားရှင်မှာတော့ ဘယ်နေရာမျိုးမှာမှ မကောင်းမှု ပြုလေ့မရှိတော့ဘူးဆိုတာ မှန်းဆကြည်ညိုလိုက်ပါ။ ၂။ သမ္မာသမဗုဒ္ဓေါ- သစ္စာတရားကို ကိုယ်တော်တိုင် သိတော်မူတဲ့ ဘုရားရှင်။ သူများပြောပြ ဟောပြလို့ သိတာမဟုတ်ဘူး။ ကိုယ်တော်တိုင် အားထုတ်လို့ သိတော်မူတာဟာ ဘုရားရှင်ရဲ့ ထူးမြတ်တဲ့ ဂုဏ်တော်ပါပဲ။ ၃။ ၀ိဇ္ဇာစရဏသမ္ပန္နော- အသိတရား အကျင့်တရားနဲ့ ပြည့်စုံတော်မူတဲ့ဘုရားရှင်။ ၀ိဇ္ဇာ(၃)ပါး စရဏတရား (၁၅)ပါးနဲ့ ပြည့်စုံတော်မူတယ်ဆိုတာ ကြည်ညိုလိုက်ပါ။ ၄။ သုဂတော- စကားကောင်းကိုသာ […]

Read More →  

အဒိန္နာဒါနကံ အကြောင်း

0

အဒိန္နာဒါန ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များ နေ့စဉ်စောင့်ထိန်းနေကျ ငါးပါးသီလရဲ့ ဒုတိယမြောက်သိက္ခာပုဒ်ဖြစ်ပါတယ်။ မြန်မာလိုရှင်းရှင်းလေးပြောရရင် အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ရတဲ့သိက္ခာပုဒ်ပါ။ ရှောင်ကြဉ်ရင်ကောင်းကျိုးရမယ်။ လွန်ကျူးရင် ဆိုးကျိုးရမယ်။ လွန်ကျူးလို့ရမယ့် အကျိုးတရား (၆)ပါးရှိပါတယ်။ ပိုင်ရှင်က ကြည်ဖြူစွာမပေးသော ပစ္စည်းကိုခိုးယူခြင်း၊ တိုက်ယူခြင်း၊ နှိုက်ယူခြင်း၊ အကြပ်ကိုင်ပြီးယူခြင်း၊ ပရိယာယ် တစ်မျိုးမျိုးဖြင့် လှည့်ပတ်ပြီးယူခြင်း စတဲ့ အချက်တွေဟာ အဒိန္ဒာဒါန- သူတစ်ပါးဥစ္စာပစ္စည်းကို မတရားယူခြင်းမည်ပါတယ်။ အဲလို အဒိန္နာဒါနကိုလွန်ကျူးရင် (၁)။ အပါယ် ဒုဂ္ဂတိဘဝ သို့ရောက်ရှိရခြင်း။ (၂)။ ဆင်းရဲ မွဲတေခြင်း၊ (၃)။ ပစ္စည်းရအောင်မရှာနိုင်ခြင်း။ (၄)။ ရှိသမျှပစ္စည်း မတည်တံ့ခြင်း။ (၅)။ လိုအပ်သော ပစ္စည်း မရနိုင်ခြင်း။ (၆)။ ဆင်းဆင်းရဲရဲ နေရခြင်း စသော ဆိုးကျိုးများကို ရစေနိုင်ပါတယ်။ အဒိန္နာဒါန၏အင်္ဂါများ (၁) ပရသန္တက – […]

Read More →  

အမှတ်မထင် ပြုမိတတ်သည့်ကံက ပေးတဲ့ဆိုးကျိုး

0

လူသည် ပျော်ချင်၏။ ပျော်တတ်၏။ နောက်ချင် ပြောင်ချင်စိတ်ရှိ၏။ တစ်ခါတစ်ရံ သူတစ်ပါး ဒုက္ခရောက်နေသည်ကိုပင် ပျော်စရာဟုထင်မှတ်ကာ တဝါးဝါး တဟားဟားရယ်မောချင်တတ်၏။ တစ်ခါတစ်ရံတွင် ရယ်မောရုံမျှမကပဲ ဒုက္ခရောက်နေသူကိုပင် သရော် ပြောင်လှောင်မိတတ်ကြ၏။ ထိုအပြုအမူများသည် အမှတ်မထင် ပြုမိတတ်သည့် အကုသိုလ်ကံများပင် ဖြစ်သည်။ ထိုကံများကြောင့် ရရှိသည့် ဆိုးကျိုးတရား များမှာလည်း မသေးလှပေ။ ကိုယ်တိုင်ကြုံတွေ့ဖူးတဲ့ အဖြစ်ပျက်လေးတစ်ခုကိုသတိရမိပါတယ်။ အဲဒါဘာလဲလို့ဆိုတော့ ဦးဇင်းတို့ နိုင်ငံခြားပညာသင်မထွက်ခင် စာသင်တိုက်တစ်ခုမှာ နေစဉ်အခါက စကားထစ်တဲ့ ဦးဇင်းတစ်ပါးနှင့်တွေ့ဆုံဖူးပါတယ်။ အဲဒီဦးဇင်းရဲ့ဆွမ်းခံအိမ်က ဒကာကြီးတစ်ယောက်က စကားထစ်တဲ့ဦးဇင်းကို နောက်ချင်စိတ်နဲ့ အဲဒီဦးဇင်းလိုပဲ စကားထစ်အောင် ပြောင်ပြီးပြောပါတယ်။ တစ်နှစ်နီးပါးလောက်ကြာလာတော့ စကားထစ်တဲ့ ဦးဇင်းက စကားမထစ်တော့ပဲ ပြောင်လှောင်မိတဲ့ ဒကာကြီးမှာ စကားထစ်တဲ့ အကျိုးကိုလက်တွေ့ခံစားရလိုက်ပါတယ်။ ဒါက အမှတ်မထင်ပြုမိလိုက်တဲ့ အကုသိုလ်ကံရဲ့ဆိုးကျိုးလေးတစ်ခုပါ။ နောက်တစ်ခုကျတော့ လမ်းလျှောက်လျှင် မွေးရာပါ ခြေထောက်ထော့နဲ့နဲ့ ရောဂါဝေဒနာကိုခံစားနေရတဲ့ ဦးဇင်းတစ်ပါးကိုလည်း ကြုံဖူးပါတယ်။ […]

Read More →  

ပါဏာတိပါတကံ၏ဆိုးကျိုးများ

4

ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ (သတ္တဝါ၏ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ပါ၏)တဲ့။ ဒါက ဦးဇင်းတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ စောင့်ထိန်းနေကြဖြစ်တဲ့ ငါးပါးသီလရဲ့ ပထမဆုံး သီလဖြစ်ပါတယ်။ သတ္တဝါ၏ အသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်တယ်ဆိုရင် ပါဏာတိပါတ ကံလုံခြုံတယ်ပေါ့။ သတ္တဝါရဲ့ အသတ်ကို သတ်လိုက်ရင် ပါဏာတိပါတကံကို ကျူးလွန်တာပါ။ ပါဏာတိပါတကံကို ကျူးလွန်လိုက်ရင် အောက်ပါဆိုးကျိုးတွေကို ရရှိစေပါတယ်။ (၁)။ အသက်တိုခြင်း။ (၂)။ အနာရောဂါထူပေါခြင်း။ (၃)။ အင်အားဆုတ်ယုတ်ခြင်း။ (၄)။ ကြောက်ရွံ့တတ်ခြင်း။ (၅)။ စိုးရိမ် ပူဆွေးစိတ် များခြင်း။ (၆)။ သူတစ်ပါး အနှိပ်စက်ခံရခြင်း၊ (၇)။ သူတစ်ပါးသတ်လို့သေရခြင်း။ (၈)။ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း။ (၉)။ ကိုယ်လုံးကိုယ်ထည်အချိုးမကျခြင်း။ (၁၀)။ ချစ်သူတို့နှင့်ကွဲကွာရခြင်း- စသော ဆိုးကျိုးများကို ရတတ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးသူ၊ ကျန်းမာရေး မကြာခဏမကောင်းပဲ အနာရောဂါထူပြောသူ၊ […]

Read More →  

သည်ဘ၀ကံကြောင့် သည်ဘ၀ခံ

0

ကောင်းမှုကံ၊ မကောင်းမှုကံ တို့၏ သဘောမှာ ရှေးဘဝက ပြုခဲ့သော ကံကြောင့် ယခုဘဝမှာ အကျိုးခံစားရတာလည်းရှိပါတယ်။ ယခုဘဝ ပြုလိုက်သော ကံကြောင့် ယခုဘဝမှာပင် ချက်ချင်း အကျိုးခံစားရတာလည်းရှိပါတယ်။ ဆိုလိုတာက အတိတ်ဘဝမှာ ပြုလုပ်ခဲ့တဲ့ကောင်းကံ မကောင်းကံကြောင့် ယခုဘဝမှာ ကောင်းကျိုး၊ မကောင်းကျိုးခံရတာရှိသလို၊ ယခုဘဝပြုလုပ်လိုက်တဲ့ကံကြောင့် ယခုဘဝမှာပင်လျှင်ချက်ချင်းအကျိုးပေးတာမျိုးရှိပါတယ်။ မြတ်စွာဘုရားလက်ထက်တော်အခါကရှိပါတယ်။ မဟာဒုတ် ဇနီးမောင်နှံတို့ဆို မြတ်စွာဘုရားကို ဆွမ်းကပ်လိုက်တဲ့ ကုသိုလ်ကံကြောင့်ချက်ချင်း ဆိုသလိုပင် ဆင်းရဲသားဘဝကနေ ချမ်းသာတဲ့ဘဝကိုရောက်ခဲ့ရသလို၊ စိဉ္စမာန မိန်းမယုတ်ဆိုရင်လည်း မြတ်စွာဘုရားကို စွပ်စွဲကဲ့ရဲ့လိုက်တဲ့ အကုသိုလ်ကြောင့် နောက်ဘဝမခြားပဲ အဲဒီဘဝမှာတင် မြေမြိုပြီး ငရဲကျရောက်သွားတာမျိုးပေါ့လေ။ ဒါက ဥပမာပေးတစ်ခုပါ။ ပြောချင်တာက ကောင်းမှုကံ၊ မကောင်းမှုကံတို့၏ သဘောမှာ ရှေးဘဝက ပြုခဲ့တဲ့ကံကြောင့် ယခုဘဝမှာလည်း အကျိုးတရားကိုခံစားရသလို၊ ယခုဘဝပြုလုပ်လိုက်တဲ့ ကံကြောင့် နောက်ဘဝမခြားပဲ ယခုဘဝမှာပင် ချက်ချင်း အကျိုးပေးတာမျိုးရှိတယ်ဆိုတာကို ပြောပြချင်တာပါ။ မြတ်စွာဘုရားလက်ထက်တော်အခါက […]

Read More →  

ကိုယ်ကျင့်သီလဆိုတာ အသက်ထက် တန်ဘိုးကြီးသည်

3

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ နေ့စဉ် ထိန်းသိမ်းစောင့်ရှောက်နေတဲ့ သီလ ငါးပါးရှိပါတယ်။ ဥပုသ်နေ့များမှာ ဆိုရင်တော့ သုံးပါး ထပ်ထည့်ပြီး ရှစ်ပါးသီလ၊ ထိုမှ နောက်ထပ်တစ်ပါးတိုးပြီး ကိုးပါးသီလ စောင့်ထိန်းနေကြပါတယ်။ မည်သို့ပင်ဖြစ်စေ မိမိစောင့်ထိန်းနေသော သီလအကြောင်းကို ကောင်းကောင်းသိထားဖို့ အကျယ်တဝင့်သိထားဖို့တော့လိုပါတယ်။ အကျဉ်းမျှကိုတော့ အားလုံး သိထားပြီးပြီလို့ထင်ပါတယ်။ ဒီမှာ သီလစောင့်ထိန်းခြင်းကြောင့် ရနိုင်မယ့် အကျိုးတရား၊ သီလ ချွတ်ယွင်းခြင်းကြောင့် ခံစားရမယ့် အပြစ်တရားများကို ပြောပြချင်ပါတယ်။ သိပြီးသူများအတွက်ထား၊ မသိသေးသောသူများအတွက်ဖြစ်ပါတယ်။ ကိုယ်အပြုအမူ၊ နှုတ်အပြောအဆို အပြစ်ကင်းအောင် ကိုယ်နှင့်နှုတ်(ကာယကံနှင့်ဝစီကံ)ကို စောင့်စည်း ထိန်းသိမ်းခြင်းကိုသီလလို့ခေါ်တာပါ။ သီလသည် ကုသိုလ်တရားအားလုံးရဲ့ တည်ရာ မှီရာဖြစ်ပါတယ်။ သီလတရားသည် လောဘနှင့်ဒေါသတရားကိုပယ်ပါတယ်။ ဒါနပြုတဲ့အခါမှာ သီလစင်ကြယ်ရပါတယ်။ ဒါမှသာ အကျိုးပေးကောင်းတာပါ။ သမထ၊ ဝိပဿနာ အားထုတ်ရင်လည်း သီလကိုပယ်လို့မရပါဘူး၊ သီလစင်ကြယ်ရပါတယ်။ သီလ၊ သမာဓိ၊ ပညာဆိုပြီး အစဉ်တိုင်းသွားပါတယ်။ သီလစင်ကြယ်မှ […]

Read More →  
Page 5 of 36« First...«34567»102030...Last »