Monthly Archive for: ‘July, 2016’

DSC07324

ဝါဆိုခြင်းဟူသည်

0

ရဟန်းတော်များသည် မိုးလေးလရှိသည့်အနက် ရှေ့ပိုင်းသုံးလတွင်မိမိအဆင်သင့်ရာ ကျောင်းတိုက်၌ စွဲမြဲစွာနေထိုင်ကြရသည်။ ယင်းကို ဝါကပ်သည် ဝါဆိုသည်ဟုပြောကြ၏။ စင်စစ်မှာ ကိုယ်နေထိုင်ရာကျောင်း၌သာ ညအိပ်ညနေ အပြင်မသွားဘဲ စွဲမြဲစွာနေထိုင်ခြင်းဖြစ်၏။ အကယ်၍ ညအိပ်ညနေ အပြင်သွားရန်ရှိပါက ခွင့်ပန်၍သွားနိုင်သည်။ ၎င်းကို ဝါပန်သည်ဟု ပြောလေ့ရှိ၏။ ဝါကိုလည်း အကြောင်းမဲ့ပန်၍မရ၊ အကြောင်းရှိမှ ပန်လို့ရ၏။ (ဒါတုံ သောတုံ ပသိတုံ) တုံသုံးချက် တစ်ချက်ချက်မိမှ ပန်လို့ရ၏။ တုံသုံးချက်ဆိုသည်မှာ (၁) အလှူဒါနပြုလို၍ ပင့်ဖိတ်လျှင်ဖြစ်စေ (၂) တရားပွဲပင့်လျှင်ဖြစ်စေ (၃) ရဟန်းသံဃာတို့အား ဖူးမြော်ချင်၍ပင့်လျှင်ဖြစ်စေ ထို (တုံ)သုံးချက် တစ်ချက်ချက်မိမှ ဝါပန်၍သွားနိုင်၏။ သို့သော် (၇)ရက်ထက်မကျော်ရ၊ (၇)ရက်အတွင်း မိမိဝါဆိုရာကျောင်းသို့ ပြန်လာရသည်။ (၇)ရက်ထက်ကျော်အောင် အပြင်၌ ညအိပ်ညနေ နေမိပါက ဝါကျိုးသည် ဝါပြတ်သည်ဟု ပြောလေ့ရှိ၏။ ဝါကျိုး ဝါပြတ်သောရဟန်းသည် ကထိန်ခံခွင့် သံဃိကဝေစုခံယူခွင့်များ ဆုံးရှုံးရ၏။ […]

Read More →