ဂျပန်နှင့် နျူးကလီးယား

0
ဂျပန်နိုင်ငံ Fukushima ရှိ Daiichi နူကလီးယား ဓါတ်အားပေးစက်ရုံ၌ တတိယမြောက် ပေါက်နူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှု ဖြစ်ပွါး၊ နောက် ၁၀ နာရီအတွင်း တိုကျိုမြို့တော် အထိပင် ရေဒီယိုသတ္တိကြွ လေထုများ ရောက်ရှိလာနိုင်
Written by : ဇော်ဇော်    2011-03-15 04:04:21
ဂျပန်နိုင်ငံ Fukushima ရှိ Daiichi နူကလီးယား ဓါတ်အားပေးစက်ရုံ၌ တတိယမြောက် ပေါက်နူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှု ဖြစ်ပွါး၊ နောက် ၁၀ နာရီအတွင်း တိုကျိုမြို့တော် အထိပင် ရေဒီယိုသတ္တိကြွ လေထုများ ရောက်ရှိလာနိုင်

ဂျပန်နိုင်ငံတွင် လွန်ခဲ့သော သောကြာနေ့က နိုင်ငံသမိုင်းတစ်လျောက် စံချိန်တင် အလွန့်အလွန် အင်အား ပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ယခုအချိန်အထိ လူပေါင်း ၂၀၀၀၀ ကျော် သေဆုံးခဲ့ပြီး အချိန်နှင့်အမျှလည်း သေဆုံးသူ အရေအတွက် ပိုမိုတိုးလာလျက်ရှိနေချိန်တွင် ငလျင်ကြောင့် နူကလီးယား လျပ်စစ်ဓါတ်အားပေး စက်ရုံများရှိ နူကလီးယား ဓါတ်ပေါင်းဖိုများမှာလည်း အအေးပေးစနစ်များ ပျက်စီးသွားခဲ့သဖြင့် ၂ ကြိမ်တိုင် ပေါက်ကွဲခဲ့ပြီး နူကလီးယား ယိုစိမ့်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် အနီးပတ်ဝန်းကျင်ရှိ လူအများကို ရောင်ခြည်သင့်မှု အန္တရာယ်ဆိုးပါ ကျရောက်လျက် ရှိနေသည်။

သတင်းအပြည့်အစုံကို… http://www.mmdailynews.com တွင် ဖတ်ရှုနိုင်ပါသည်။

Breaking News… ဂျပန်နိုင်ငံ Shizuoka တွင် အင်အား ၆.၀ အဆင့်ရှိ အင်အားပြင်း မြေငလျင် တစ်ခု ထပ်မံလှုပ်ခတ်၊ ရေဒီယိုသတ္တိကြွ ပစ္စည်းများ လေတိုက်နှုန်းဖြင့် အမေရိကန်သို့ပင် ရောက်နိုင်ချေ ရှိ
Written by : ဇော်ဇော်    2011-03-15 10:37:55

Breaking News… ဂျပန်နိုင်ငံ Shizuoka တွင် အင်အား ၆.၀ အဆင့်ရှိ အင်အားပြင်း မြေငလျင် တစ်ခု ထပ်မံလှုပ်ခတ်၊ ရေဒီယိုသတ္တိကြွ ပစ္စည်းများ လေတိုက်နှုန်းဖြင့် အမေရိကန်သို့ပင် ရောက်နိုင်ချေ ရှိ

Breaking News... ဂျပန်နိုင်ငံ Shizuoka တွင် အင်အား ၆.၀ အဆင့်ရှိ အင်အားပြင်း မြေငလျင် တစ်ခု ထပ်မံလှုပ်ခတ်၊ ရေဒီယိုသတ္တိကြွ ပစ္စည်းများ လေတိုက်နှုန်းဖြင့် အမေရိကန်သို့ပင် ရောက်နိုင်ချေ ရှိ

ဂျပန်နိုင်ငံ Shizuoka တွင် အင်အား ၆.၀ အဆင့်ရှိ အင်အားပြင်း မြေငလျင် တစ်ခု ဒေသ စံတော်ချိန်ည ၁၀.၃၁ မိနစ် အချိန်က ထပ်မံ လှုပ်ခတ် သွားခဲ့ ကြောင်း NHK သတင်းအရ သိရသည်။ ငလျင်၏ အလျားမှာ ခန့်မှန်းခြေ ၁၀ ကီလိုမီတာအထိ ကျယ်ဝန်းသော်လည်း ဆူနာမီရေလှိုင်း သတိပေးချက် ထုတ်စရာ မလိုကြောင်း ယခုအချိန်အထိမူ ထိခိုက်မှု အခြေအနေ ရှိသည်ဟု မကြားသိရ သေးကြောင်း သိရသည်။

ထို့အတူပင် ဖူကူရှိမ ရှိ နူကလီးယား ဓါတ်အားပေး စက်ရုံ၏ စတုထ္ထမြောက် ဓါတ်အားပေးစက်ရုံမှာလည်း မီးစတင် လောင်ကျွမ်းနေပြီ ဟုသိရသည်။ ဖူကူရှီမ နူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှုမှ ထွက်လာသော ရေဒီယိုသတ္တိကြွ ပစ္စည်းများသည် အမြင့်ပေ ၃၀,၀၀၀ အထက်မှ လေတိုက်နှုန်းဖြင့် အမေရိကန် နိုင်ငံသို့ ၀င်ရောက်နိုင်ကြောင်း ထို့အတူပင် ပစိဖိတ် သမုဒ္ဒရာ အနောက် ဖျားဒေသသို့လည်း ယနေ့ညနေ အချိန်တွင် ၀င်ရောက်သွားနိုင်သည်ဟု သိပ္ပံပညာရှင်များက ယူဆထားကြောင်း သိရသည်။

အခုအချိန်မှာတော့ ရေဒီယိုသတ္တိကြွ ပစ္စည်းတွေဟာ အမေရိကန်ကို ရောက်နိုင်ချေ ရှိနေပါတယ်။ ဟု နူကလီးယား ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ David McIntryre က ပြောကြားခဲ့ကြောင်း သိရသည်။

တိုကျိုမြို့တွင်လည်း ရေဒီယို သတ္တိကြွနိုင်နေပြီဟုလည်း သိရသည်။

´

Leave a Reply