မြန်မာနိုင်ငံအတွက် ရေဒီယိုသတ္တိကြွဓာတ်များ စိုးရိမ်ဖွယ်မရှိ

0

ဂျပန်ဆူနာမီနောက်ဆက်တွဲ နျူကလီးယား ဓာတ်ပေါင်းဖိုများ ပေါက်ကွဲမှုကြောင့်  မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများ၌ အက်ဆစ်မိုးများ ရွာသွန်းမည်ဟု ပြောဆိုနေကြခြင်းမှာ ကောလာဟလများသာ ဖြစ်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ပြောသည်။

“နျူကလီးယား ဓာတ်ပေါင်းဖိုတွေက ဂျပန်နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာရှိပြီး အဲဒါနဲ့ အနီးဆုံးက ရုရှားနိုင်ငံ အရှေ့ဘက်စွန်း ဒေသပါ။ သူက နျူကလီယား ဗုံးလို ပေါက်ကွဲမှာမဟုတ်ဘူး။ ဓာတ်ငွေ့တွေ ယိုစိမ့်ပြီး လူတွေကို ဓာတ်ရောင်ခြည် သင့်တာမျိုး ဖြစ်မှာပဲ စိုးရိမ်ရတာ။ အခုလောလောဆယ် ဂျပန်မှာတောင် စောင့်ကြည့်နေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်” ဟု သူက ရှင်းပြသည်။

ယခုလက်ရှိ ဂျပန်နိုင်ငံ၌ တိုက်ခတ်နေသည့် လေများသည် အားကောင်းသည့် အနောက်လေစီးကြောင်းများ ဖြစ်သောကြောင့် ရေဒီယို သတ္တိကြွ ဓာတ်များမှာ ဂျပန်၏ အရှေ့ဘက် ပစိဖိတ် သမုဒ္ဒရာထဲသို့ ရွေ့စေမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနှင့် စိုးရိမ်စရာ မရှိသကဲ့သို့၊ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်ရန် အခြေအနေ မရှိသလောက် နည်းပါးကြောင်း ဦးထွန်းလွင်က ပြောဆိုလိုက်သည်။

Leave a Reply