တွေးမိသမျှ

0

စာသင်သားဘ၀နဲ့နေလာခဲ့သည်မှာ နှစ်ပေါင်း (၄၀) ကျော်လာခဲ့ပါပြီ။ အခုထိလဲ သင်လို့အားရသည်မရှိသေး။ ဘယ်တော့မှများ သင်လို့ ပြီးပါ့မလဲလို့တွေးနေမိတယ်။ (၄၀)ကျော်မှ ပညာသင်လို့မပြီးသေးဘူးဆိုရင် ပညာသင်ပြီးတဲ့အချိန်မှာ အလုပ်စလုပ်ပါက နှစ်ပေါင်း မည်မျှအထိသာ လုပ်နိုင်တော့ပါမည်နည်း။ သာသနာအကျိုးပြု၊ လူသားအကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့အချိန်တွေ အချိန်ပိုင်းလောက်သာ ကျန်တော့သည်။ စာသင်ရင်းနဲ့လမ်းဆုံးရတော့မှာလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ကြည့်နေမိသည်။ အဖြေဟူ၍ ရှင်းရှင်းလင်းလင်း ထွက်မလာခဲ့။ သို့သော် စာသင်နေချင်စိတ်က ဆက်လက်ရှင်သန်နေဆဲဖြစ်သည်။ ဤအရှုပ်အထွေး အတွေးစတွေကြားထဲမှ ဆုံးဖြတ်ချက်တစ်ခုချလိုက်မိသည်။ ငါသည် စာလဲသင် အလုပ်လဲလုပ်မည်ဟူ၍ဖြစ်၏။ ထိုဆုံးဖြတ်ချက်အတိုင်းပင် ရိပ်သာဖွင့်၍တရားပြ၊ တရားလဲဟော၊ သင်တန်းတွေလဲဖွင့်၊ လူမှုကူညီရေးလုပ်ငန်းတွေလဲ တစ်ဖက်တစ်လမ်းက လုပ်၊ စာကိုလဲ အချိန်ရသလောက်သင်ယူ၊ စာရေး၊ စာဖတ် စသည် အကုန် နိုင်သလောက် မနားတမ်း ဆက်လက်လုပ်ဆောင်နေမိပါတော့သည်။

Dr. V. Parami

Leave a Reply