Mya Kyun Thar is a newly founded Meditation Centre headed by Venerable Dr. Ashin Parami. It is situated in the Yadanarkyun Ward, Thunandar Road, North Okkala, Yangon, Myanmar. It follows the technique of Mogoke Sayadaw Phayargyi, an eminent meditation master in 1960s.

ကူးစက်ခြင်း

0

ကျည်တောက်ထဲ၌ အဆိပ်လူးထားသော မြှားတံနှင့် အဆိပ်မလူးထားသော မြှားတံကို ရောပြီးထားလေသော် အဆိပ်လူးသော မြှားတံချည်းဖြစ်ကုန်လေရာ၏။ ငါးအပုပ်ထုပ်ထားသော ဖတ်ရွတ်သည် ငါးပုပ်နံ့စွဲကာ ဖက်ရွတ်ပုပ် ဖြစ်ရလေ၏။ စံပယ်ပန်း၊ ကြက်ရုန်းပန်း ထုပ်ထားသော ဖက်ရွက်မှာမူ မွှေးရနံ့စွဲကာ ဖက်ရွက်မွှေး ဖြစ်ရလေ၏။ ဤသည်မှာ လူမိုက်၊ လူဆိုး လူယုတ်မာတို့နှင့် ပေါင်းသင်းနှီးနှောမှု မပြုလေနှင့်။ ပညာရှိသူတော်ကောင်းနှင့် ပေါင်းသင်းနှီးနှောပါလေ ဟူသော မင်္ဂလာတရားတော်ကို ပိုမိုသိသာ မြင်သာစေသည့် မြတ်စွာဘုရားရှင်၏ အဆုံးအမ လမ်းညွှန်များ ဖြစ်လေသည်။ လူ့လောက ရပ်ထဲရွာထဲ လူသူထဲ၌ လူအမျိုးမျိုး စရိုက်အမျိုး ရှိနေကြပါတယ်။ တစ်ချို့သော သူများက တရားဥပဒေနှင့်အညီ၊ စည်းကမ်းရှိရှိ နေထိုင်ကြပါတယ်။ ရပ်ရေး၊ ရွာရေး၊ လူမှုရေး အများအကျိုးပြုလုပ်ငန်း(ပရဟိတ) စသည်တို့တွင် ရေသာမခို တစ်ကိုယ်ကောင်း မဆန် ကိုယ်ကျိုးမဖက်ဘဲ ပါဝင်လုပ်ကိုင်ဆောင်ရွတ်နေကြပါတယ်။ ဘုရား တရား သံဃာ […]

Read More →  

မေတ္တာအကျိုး (၁၁)မျိုး

0

Elephantar Cave, a few dozen kilometers away from Mumbai ဗုဒ္ဓဘာသာဝင်များ နေ့စဉ် ညစဉ်ရွတ်ဆိုနေတဲ့ တစ်နည်းပြောရရင် ဗုဒ္ဓဘာသာဝင်တိုင်း အရွတ်များတဲ့ ပရိတ်ကြီး(၁၁)သုတ်ထဲက မေတ္တာသုတ်ပဲဖြစ်ပါတယ်။ အဲဒီမေတ္တာသုတ်ရွတ်ဆိုခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ရန်သူပင်ဖြစ်လင့်ကစား အငြိုးတရားတွေ၊ မကောင်းတဲ့ အာဃာတတရားတွေ ပြေပျောက်စေပါတယ်။ မိမိအပေါ်အလွန်မုန်းနေတဲ့ရန်သူပင် ဖြစ်စေကာမူ သူ့ကို အာရုံပြုပြီး မေတ္တာသုတ်ကို ရွတ်မည်ဆိုပါက ထိုရန်သူပင် အမုန်းတရားတွေပြေပျောက်ကာ မေတ္တာဓာတ်တွေ ပေါက်လာပြီး အချင်းချင်း မိတ်ဆွေဖြစ်သည်အထိ အေးချမ်းမှုကို ပေစွမ်းနိုင်ပါတယ်။ ထို့ထက်ပိုသောအကျိုးတရားများစွာလည်း ရှိပါသေးတယ်။ ဒါဖြစ်ရင် မေတ္တာသုတ်ရွတ်ဆိုခြင်းကြောင့် နောက်ထပ် ဘယ်လို အကျိုးတရားတွေရနိုင်မလဲ? မေတ္တာသုတ်ရွတ်ဆိုခြင်းကြောင့် အကျိုး (၁၁)မျိုးကိုရစေနိုင်ပါတယ်။ ဒါကို မေတ္တာအကျိုး (၁၁)မျိုးလို့ လူသိများပါတယ်။ မေတ္တာအကျိုး (၁၁)မျိုးကတော့- ၁။ ချမ်းသာစွာ အိပ်ရတယ်။ ၂။ ချမ်းသာစွာနိုးရတယ်။ ၃။ […]

Read More →  

ဆန်ချီဖုရားဖူးခရီးစဉ် မှတ်တမ်း (၇)

0

ဆန်ချီစေတီတော်ငယ်ပုံ ဆန်ချီစေတီတော်ကို သုံးပတ်တိတိ လက်ယာရစ်လှည့်ပတ်ပူဇော်ခဲ့ပါတယ်။ အပြင်ကတစ်ပတ်၊ အတွင်းက တစ်ပတ်၊ အထက်ပစ္စယာပေါ်ကတစ်ပတ်ပေါ့။ ပြီးတာနဲ့ ဘုရားရှိခိုးတယ်။ ပြီးနောက် ဘေးပတ်ဝန်းကျင်တွေ လှည့်ပတ်ကြည့်ကြတယ်။ ဘေးမှာ ကျိုးပဲ့ပျက်စီးနေတဲ့ အသောကကျောက်တိုင် အပိုင်းအစများ၊ ကျောင်းဟောင်း အဆော်ကအဦပျက်များ၊ စေတီငယ်အပျက်အစီးများ၊ ဓမ္မာရုံဟောင်းနေရာက တိုင်များစသည်ဖြင့် များစွာတွေ့ရပါတယ်။ ဆန်ချီစေတီကြီးနဲ့ မျက်စောင်းထိုးလောက်မှာ ဆန်ချီစေတီငယ်တစ်ဆူကိုလဲ ဖူးတွေ့ရမှာဖြစ်ပါတယ်။ အကြီးက ထီးသုံးဆင့်၊ အငယ်က ထီးတစ်ဆင့်နဲ့ တွေ့ရမှာဖြစ်ပါတယ်။ ဓမ္မာရုံဟောင်းပုံ စေတီငယ်အပျက်အစီးများ စေတီတော်ကြီးနောက်ခံထား၍ အသောကကျောက်စာတိုင်အကျိုးအပဲ့များ အသောကကျောက်စာတိုင်အကျိုးအပဲ့များ ဘာပုံလဲတော့မသိ ဆန်ချီစေတီတော်ရဲ့ ဒီဇိုင်းကို ယူပြီးတည်ထားခဲ့တဲ့ စေတီတော်၊ သို့မဟုတ် ဆန်ချီစေတီဒီဇိုင်းနဲ့ ခပ်ဆင်ဆင်စေတီတော်အဖြစ် မဟာပရနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံမှာ တွေ့ရတဲ့စေတီတော်ကိုလဲ သတိထားမိလိုက်တယ်။ သူနဲ့တစ်ခေတ်တည်းလား၊ သို့မဟုတ် သူ့ထက်နောက်ကျလေသည်လား၊ ရှေးကျလေသည်လားဆိုတာကိုတော့ သမိုင်းပညာရှင်များမှ သိပါလိမ့်မယ်။ ဂျပန်များကလဲ ဆန်ချီစေတီတော်ဒီဇိုင်းကို အထူးနှစ်သက်ဟန်ရှိပါတယ်။ ဆန်ချီစေတီတော်ဒီဇိုင်းအတိုင်း တည်ထားကိုးကွယ်ခဲ့ကြတဲ့ […]

Read More →  

ဆန်ချီဘုရားဖူးခရီးစဉ် မှတ်တမ်း (၆)

0

လမ်းပေါ်က ဖြစ်စဉ်ကို ခေတ္တငေးကြည့်နေဖြစ်ကြတယ်။ စပ်မိစပ်ရာတွေလဲ ပြောဖြစ်ကြတယ်။ ပရာထားကလဲ ပူ၊ နွားနို့ကလဲ ပူတော့ မြန်မြန်လဲ စားလို့ မရ၊ မြန်မြန်လဲ သောက်လို့မရ။ ဒါကြောင့် အချိန်ယူစားနေကြရတာပေါ့။ ဇိမ်ခံစားတာတော့မဟုတ်ပါဘူး။ အာရုံပြီးတာနဲ့ ခရီးဆက်ထွက်ခဲ့ကြတယ်။ လမ်းတွေကလဲ ဘိုပါးမြို့ထဲလောက်သာ ဆိုးတယ်၊ ဒီလမ်းမကြီးတွေကတော့ တော်တော်ကောင်းပါတယ်။ အိစက်ညက်ညော ချောမွေ့လှပါတယ်။ ကားစီးရင်း လမ်းဘေးဝဲယာ ရှုခင်းများကို စိတ်ဝင်တစား ကြည့်ဖြစ်တယ်။ စိမ်းစိုတဲ့ သဘာဝ စိုက်ခင်းများ၊ သဘာဝသစ်ပင်များ၊ သဘာဝတောင်တန်းများ တစ်ရိပ်ရိပ်ရွေ့လျား ဖြစ်ပျက်အလား ပေါ်လိုက်ပျောက်လိုက် ချာလည်လိုက်နေတဲ့ သဘာဝအလှတရားတွေကို ငေးကြည့်နေရသည်မှာလဲ အဓိပ္ပါယ်မဲ့သယောင်ထင်ရပေမယ့် အလွန်ထူးခြားတဲ့ခံစားမှုအသစ်အသစ်တို့ ဖြစ်တည်လို့လာတယ်လေ။ ညို့ညို့မှိုင်းမှိုင်း သစ်ပင်တွေ အုပ်ဆိုင်းနေတဲ့ တောင်ပြာတန်းတွေကို လှမ်းမြင်နေရတဲ့အခါမျိုးမှာ ဒီလိုနေရာလေးတွေမှာ နေလိုက်ရမယ်ဆိုရင် ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ၊ လန်ဆန်းလတ်ဆပ်တဲ့ သဘာဝလေသန့်၊ သဘာဝမြင်ကွင်းတွေကြားမှာ နေလိုက်ရရင်- လို့ အတွေးတစ်ချက်တစ်ချက် […]

Read More →  

ဆန်ချီစေတီဘုရားဖူးခရီးစဉ် မှတ်တမ်း (၅)

0

ဆန်ချီစေတီဟာ Madhya Pradesh ပြည်နယ်၊ ဘိုပါးမြို့နဲ့ (၄၆)ကီလိုမီတာအကွာ Raisen District မှာရှိတဲ့ တောင်ထိပ်တည့်တည့်မှာ တည်ထားတဲ့စေတီတစ်ဆူပါ။ စေတီတော်အမြင့် (၉၁)မီတာရှိပါတယ်။ စေတီတော်ကို ကျောက်အုတ်များနဲ့ တည်ထားတာဖြစ်ပါတယ်။ တောင်ကုန်းထိပ်မှာ တည်ထားတာဖြစ်တဲ့အတွက် အဝေးကနေ လှမ်း၍ဖူးမြော်နိုင်သောစေတီတစ်ဆူလဲဖြစ်ပါတယ်။ စိမ်းစိုညို့မှိုင်း အုပ်အုပ်ဆိုင်းနေတဲ့သစ်ပင်တွေကြားမှာ ထီးထီးထင်ထင် လှမ်းမြင်နေရသည်ကပင် အလွန်ကျက်သရေရှိ မြင်လိုက်ရသည်နှင့် ပီတိဖြစ်စေနိုင်စွမ်းလှတယ်လေ။ ဆန်ချီစေတီဝန်းကျင် ဗုဒ္ဓဘာသာဗိသုကာပညာရပ်ဝန်းနှင့်ပတ်သက်၍ လွန်ခဲ့တဲ့ 3rd Century BC ကနေ 12th Century AD အတွင်း ထွန်းကားခဲ့တဲ့ လက်ရာများဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။ ဆန်ချီစေတီအကြောင်းကို သီရိလင်္ကာရေး မဟာဝံသနှင့် ဒီပ၀ံသကျမ်းစာများမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အသောကမင်းကြီး (273-236 BC) ဘုရင်မဖြစ်ခင်က ဥဇ္ဇေနီ (ဥဇ္ဇယနိ) (modern Ujjain) ပြည်ကို စစ်အောင်ပြီး အပြန်လမ်းမှာ တပ်စခန်းချနားနေစဉ် […]

Read More →  

ဆန်ချီဘုရားဖူးခရီးစဉ် မှတ်တမ်း (၄)

0

ဘိုပါးမြို့က ဗုဒ္ဓဘာသာတွေကလဲ Ambedkar ဗုဒ္ဓဘာသာတွေဖြစ်ပါတယ်။ Dr. Ambedkar သာသနာဆက်တွေပေါ့။ ဒါကြောင့် သူတို့က ရတနာသုံးပါး ကိုးကွယ်သလို Ambedkar ရုပ်တုကိုလဲ အလေးအမြတ်ထား ကိုးကွယ်ကြတယ်။ စကားမစပ် ကုလားကလဲ ခပ်ကြွားကြွားပဲ ဆိုတာ ရောက်တော့မှ သိလိုက်ရတယ်။ စောစောကပြောတော့ လူတွေ အများကြီးလာမယ်၊ ဗုဒ္ဓဘာသာဝင်တွေအားလုံး အကြောင်း ကြားထားတယ်တဲ့။ သတင်းစာထဲတောင် ထည့်ဦးမယ် ဆိုလိုက်သေး။ အခု တွေ့ရတဲ့ ပရိသတ်ဦးရေကြည့်လိုက်တော့ `ဘဲ – ဘဲ`နဲ့ မကြာမကြာ ထ ငိုတတ်တဲ့ ကလေးလေးပါ တွက်လိုက်မှ စုစုပေါင်း (၁၂)ယောက်။ ဒါတောင် သူတို့က မလျှော့သေးဘူး၊ မိုးရွာလို့မလာကြတာ၊ မိုးသာမရွာရင် ဟောဒီတစ်ဝင်းလုံး ပြည့်တယ်တဲ့။ ထားပါတော့။ ဒါကတော့ လူတိုင်း ကြွားတတ်တဲ့သဘောဆိုတာ အနဲနဲ့ အများ ရှိကြတာချည်းပါပဲ။ ရောက်ရောက်ချင်း ဘုရားကို ပန်းကပ်လှူတယ်၊ […]

Read More →  

ဆန်ချီဘုရားဖူးခရီးစဉ် မှတ်တမ်း (၃)

0

Dr. Ambedkar ရုပ်တု တစ်ညလုံး ရထားစီးခဲ့ရ၊ တစ်နေကုန် မြို့ထဲ လှည့်လည်တာနဲ့ ပင်ပန်းနွမ်းနယ်နေတော့တယ်။ ဒါနဲ့ ဟိုတယ်မှာ အဲယားကွန်းဖွင့်ပြီး နားရင်း တွေ့ဆုံပွဲမှာ ဘာတွေပြောရင် ကောင်းမလဲလို့ keynotes လေးတွေ စဉ်းစားနေဖြစ်တယ်။ ကုလားဒကာကလဲ ဒီတွေ့ဆုံပွဲက လူတွေ တော်တော်များများလာမယ်၊ မြန်မာသံဃာတွေရောက်နေကြောင်း အားလုံးကို အကြောင်းကြားထားတယ်လို့ ကြိုပြောထားတော့ `အင်း ဆီမီနာတစ်ခုလိုဖြစ်မယ်ထင်တယ်` ဆိုတဲ့ အတွေးနဲ့ပေါ့။ စိတ်တွေလှုပ်ရှား၊ ဘာတွေများပြောချလိုက်ရ ကောင်းမလဲဆိုပြီး စဉ်းစားနေရတာ။ လူကသာ နားနေတယ်၊ ဦးနှောက်တွေက ချာချာလည်ဆိုသလိုပေါ့။ ဘုရားဆင်းတုတော်နှင့် Dr. Ambedkar ရုပ်တု ည(၇)နာရီခွဲလောက် ကားနဲ့ လာရောက်ပင့်ကြတယ်။ (၅)ပါးထဲက တစ်ပါးကတော့ ကျန်းမာရေး သိပ်မကောင်းလို့မလိုက်တော့ဘူးဆိုပြီး ဟိုတယ်မှာပဲ နေခဲ့တယ်။ ဤအရှင်နှင့်အတူ (၄)ပါး လိုက်သွားကြတယ်။ ဘိုပါးမြို့က လှတယ်လို့ မနေ့က ပြောခဲ့ပေမယ့် တောမြို့ဖြစ်တာကြောင့် […]

Read More →  
Page 11 of 51« First...«910111213»203040...Last »