Mya Kyun Thar is a newly founded Meditation Centre headed by Venerable Dr. Ashin Parami. It is situated in the Yadanarkyun Ward, Thunandar Road, North Okkala, Yangon, Myanmar. It follows the technique of Mogoke Sayadaw Phayargyi, an eminent meditation master in 1960s.

ဆန်ချီဘုရားဖူးခရီးစဉ် မှတ်တမ်း (၂)

1

ဘိုပါး (Bhopal) မြို့က အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ စိမ်းစိမ်းစိုစိုရှိတဲ့ မြို့တစ်မြို့ပါပဲ။ အိန္ဒိယနိုင်ငံရဲ့ အလယ်တဲ့တဲ့လောက်မှာ ရှိတဲ့ မြို့တစ်မြိုလဲဖြစ်တယ်။ ဘိုပါးမြို့ကို သဘာဝဖြစ်တည်နေတဲ့နေရကန်ကြီး ရှိတဲ့အတွက်ကြောင့် Lake City or City of Lake လို့လဲ တင်စားခေါ်ဝေါ်ကြတယ်။ ၁၉၈၄- ခုနှစ်၊ ဒီဇင်္ဘာ (၂၊ ၃)ရက်က ဘိုပါးမြို့မှာ Carbide India Limited ဓာတ်ပေါင်းဖိုယိုစိမ့်မှုကြောင့် Methyl isocyanate ပါဝင်တဲ့အဆိပ်ငွေ့တွေ ပြန့်နှံ့ပြီး လူတွေ ထောင်ပေါင်းများစွာ သေကြေခဲ့ရတဲ့အတွက် Bhopal Disaster လို့အမည်နာမတပ်ပြီး ကမ္ဘာက အာရုံအစိုက်ခံခဲ့ရတဲ့ မြို့လဲဖြစ်တယ်။ ဓာတ်ငွေ့အဆိပ်သင့်ပြီး လူပေါင်း (၅၀၀၀)လောက် သေတယ်လို့ဆိုတယ်။ အချို့ခန့်မှန်းချက်အရ နှစ်ပတ်အတွင်းမှာပင် လူပေါင်း (၁၈၀၀၀)လောက်သေခဲ့တယ်လို့လဲပြောကြတယ်။ ဒါကြောင့် နှစ်စဉ် ဒီဇင်္ဘာ(၃)ရက်နေ့တိုင်း […]

Read More →  

ဆန်ချီဘုရားဖူးခရီးစဉ်မှတ်တမ်း

2

ဆန်ချီစေတီ (Sanchi Pogada) ဟာ အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်၊ Bhopal မြို့မှ (၄၆)ကီလိုမီတာ အကွာတွင် တည်ရှိပါတယ်။ Bhopal မြို့ဟာ နယူးဒေလီမြို့ကနေ (၆၉၄) ကီလိုမီတ်ာဝေးတယ်။ ရထားနဲ့ တစ်ညအိပ်စီးရတယ်။ ဤအရှင်နှင့်အတူ ရဟန်းတော် (၅)ပါး အဖွဲ့ဟာ (၁၈-၈-၂၀၁၁) နေ့ ည (၉း၀၀) နာရီရထားနဲ့ ဆန်ချီစေတီ ဘုရားဖူးခရီးစဉ် စတင်ထွက်ခဲ့ပါတယ်။ ရထားက (၉)နာရီထွက်မယ့်ရထား၊ ကိုယ်နေတဲ့နေရာကနေ ရထားထွက်မယ့် H Nizamudoin (NZM) ဘူတာကြီးအထိ သွားချိန် (၁)နာရီလောက်မှန်းပြီး ဒီကနေ ည (၈)နာရီမတ်တင်းလောက်ထွက်၊ Metro (မြို့ပတ်အမြန်ရထား) နှစ်ဆင့်စီးသွားကြတယ်။ ညပိုင်းဖြစ်တော့ Metro ရထားက နေ့ပိုင်းလောက် သိပ်မြန်မြန် မမောင်းတော့ Metro ကဆင်းတဲ့အချိန်မှာ (၉)နာရီ မတ်တင်းရှိနေပြီ။ ဒီတော့ Bhopal […]

Read More →  

ဓရမ်ဆာလာ ခရီးသွားမှတ်တမ်း

3

Dharamshala (၂၂-၈-၂၀၁၁) ရက်ကနေ (၂၅-၈-၂၀၁၁)အထိ တိဗက်တို့ရဲ့နေရာ Dharamshala မြို့သို့ အလည်အပတ်သွားဖြစ်ခဲ့တယ်။ Dharamshala ဆိုတာ ပါဠိလို ဓမ္မသာလာ လို့ရှိတယ်။ တရားစရပ်၊ ဓမ္မာရုံပေါ့။ ဒီမြို့လေးအကြောင်း စပ်သမျှ သိသမျှလေးတွေ မျှဝေချင်စိတ်ပေါ်လာတာနဲ့ စာတစ်ပုဒ်ရေးဖြစ်တယ်ဆိုပါတော့။ ဒလိုင်းလားမား တရားဟောသည့်နေရာ တိဘက်ကိုယ်တော်များ တရားဆွေးနွေးပွဲကျဉ်းပနေစဉ် မန္တာန်ဘီးများ၊ မန္တာန်မရွတ်ချင်လျှင် ဒီဘီးတွေလှည့်ပေးရသည်ဆို၏။ ဘက်ဂ်ဆူး ရေတံခွန် ဒီမြို့လေးက ၁၈၄၉-ခုနှစ်လောက်က စတင်ထင်ရှားလာခဲ့တယ်လို့ သိရတယ်။ Dhauladhar တောင်စောင်းမှာ တည်ရှိတဲ့မြို့လေးပါပဲ။ ဒေလီကနေ (၅၈၂) ကီလိုမီတာ ဝေးတယ်။ ဆောင်းတွင်းမှာဆို နှင်းခဲနေတဲ့ တောင်တန်းတွေကို လှမ်းမြင်နေရမှာဖြစ်ပါတယ်။ အခုလို မိုးရာသီမှာတော့ အမြဲစိမ်းသစ်ပင်တွေ အထူးသဖြင့် တောင်တန်းတွေကို အလှဆင်ထားတာကတော့ ထင်းရှူးပင်တွေ ဖြစ်တယ်။ တိဗက်လူမျိုး အများစုနေထိုင်တဲ့နေရာဖြစ်တယ်။ ဓရမ်ဆာလာမြို့က နှစ်ပိုင်းရှိတယ်။ အထက်ဓရမ်ဆာလာရယ် အောက်ဓရမ်ဆာလာရယ်ပေါ့။ အဓိကသွားလည်ပတ်ရမယ့် ဓရမ်ဆာလာမြို့တော့ […]

Read More →  

ဒိဋ္ဌိရှိလျှင် နိဗ္ဗာန်မရောက်

1

ဒိဋ္ဌိရှိနေရင်တော့ နိဗ္ဗာန်မရောက်နိုင်ဘူးလို့ မှတ်လိုက်ပါ။ ဒါကြောင့် ၀ိပဿနာအလုပ် မလုပ်ခင်မှာ အသိနဲ့ ဒိဋ္ဌိကို အရင်ခွါနိုင်အောင် ကြိုးစားကြရတယ်။ ဒိဋ္ဌိဘာကြောင့် ကပ်နေပါလိမ့်မလဲဆိုရင် ခန္ဓာ့ဖြစ်စဉ်ကို နားမလည်လို့ ကပ်နေတယ်လို့ မှတ်ရမယ်။ ခန္ဓာ့ဖြစ်စဉ်ဆိုတာ ပဋိစ္စသမုပ္ပါဒ်ပါပဲ။ ပဋိစ္စသမုပ္ပါဒ်နားမလည်ရင် ခန္ဓာ့ဖြစ်စဉ်ကို နားမလည်ဘူး။ ခန္ဓာ့ဖြစ်စဉ်နားမလည်ရင် ဒိဋ္ဌိက ကပ်မြဲကပ်နေမှာပဲ။ အနိစ္စ ဒုက္ခ အနတ္တတွေ အာပေါက်အောင် ရွတ်နေပေမယ့် ဒိဋ္ဌိကပ်နေမယ်ဆိုရင် နိဗ္ဗာန်မမြင်နိုင်ပါဘူး။ ဒါကြောင့် ဒိဋ္ဌိဖြုတ်မှုကိုရှေ့ထား၊ ၀ိပဿနာရှုမှုကို နောက်ထားဖို့ မိုးကုတ်ဆရာတော်ဘုရားကြီး မကြာခဏမိန့်တော်မူတာ။ အသိနဲ့မှ ဒိဋ္ဌိမပြုတ်လို့ရှိရင် ပွားမှုတွေ ခရီးမရောက်ဖြစ်တတ်တယ်။ အရှင်ဆန္နမထေရ်ဟာ နှစ်ပေါင်းလေးဆယ်ကျော်လောက် အနိစ္စ ဒုက္ခ အနတ္တတွေ ပွားလိုက်တာ၊ ဒိဋ္ဌိမပြုတ်တဲ့အတွက် နိဗ္ဗာန်မရရှာဘူး။ အရှင်အာနန္ဒာက ဒိဋ္ဌိခွါတဲ့နည်းကို ပေးပြီး ဖြစ်ပျက် အားထုတ်ခိုင်းလိုက်တော့မှ နိဗ္ဗာန်ရသွားတယ်။ ၀ိပဿနာမှာ အနိစ္စ ဒုက္ခ အနတ္တရှုမှု၊ ဒိဋ္ဌိခွါမှုဆိုပြီး […]

Read More →  

ကိုယ့်အမျိုး ကိုယ်ချစ်ပါ

0

မြန်မာပြည်သည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာ၊ ကိုယ်ပိုင်သာသနာ၊ ကိုယ်ပိုင်လူမျိုး စသည်တွေနဲ့ ရပ်တည်လာတဲ့ နိုင်ငံဖြစ်ပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာကတော့ ဦးဇင်းတို့မြန်မာသက္ကရာဇ် အနေနဲ့ (၁၂)လရှိပါတယ်။ လတိုင်းလတိုင်းမှာ မြန်မာယဉ်ကျေးမှုလေးတွေ ရှိနေတာကိုဆိုလိုချင်တာပါ။ ဆိုပါဆို့။ တန်ခူးလမှာဆိုရင် အတာရေသဘင်ပွဲဆင်နွှဲကြပြီး သက်ကြီးရွယ်အိုများကို ပူဇော်ကြတယ်။ ဘုရားကျောင်းကန်သွားပြီးတော့ မြတ်စွာဘုရားကိုရေသပ္ပါယ်ကြတယ်။ တိရိစ္ဆာန်လေးတွေကို ဘေးမဲ့လွှတ်ကြတယ်။ ဒါက တန်ခူးလမှာ မြန်မာလူမျိုးများပြုလုပ်လေ့ရှိတဲ့ ယဉ်ကျေးမှုပါ။ ကဆုန်လမှာဆိုရင် ကဆုန်လပြည့်ဗုဒ္ဓနေ့သတ်မှတ်ပြီး ညောင်ရေသွန်းပွဲကျင်းပခြင်းဆိုတဲ့ ယဉ်ကျေးမှု ရှိနေပါတယ်။ နယုန်လမှာကျတော့ စာတော်ပြန်ပွဲတွေ ဆင်နွှဲကျင်းပကြပါတယ်။ မန္တလေး သကျသီဟ(အဘိဝံသ) စာပြန်ပွဲဆိုရင် နယုန်လပြည့်နေ့စာပြန်တော်ပွဲ အထိမ်းအမှတ်နဲ့ ကျင်းပတာ နှစ်ပေါင်း တစ်ရာကျော်ပါပြီ။ အဲဒါကိုအမှီပြုပြီး ရှေးတုန်းက ပထမပြန်စာမေးပွဲတွေဟာ နယုန်လမှာ ကျင်းပကြတာပါ။ နောက်ပိုင်းကျတော့ စာသင်သံဃာတော်တွေဟာ မိမိတို့အရပ်ဒေသပြန်ရတာ နောက်ကျပါတယ်ဆိုပြီးတော့ တပိုတွဲ၊ တပေါင်း အဲဒီမှာ ကျင်းပကြဖို့ပြောင်းလဲလိုက်တာပါ။ အဲဒီတော့ နယုန်လမှာ စာတော်ပြန်ပွဲ […]

Read More →  

သစ္စာသိတဲ့ဉာဏ်

3

ခန္ဓာငါးပါးထဲက တစ်ပါးပါး ပေါ်ပြီး ပျက်သွားတာဟာ သစ္စာလို့ မှတ်လိုက်ပါ။ ကိုယ့်ခန္ဓာထဲက ပေါ်လာတဲ့ ဖြစ်မှုလေးတွေ ပျက်မှုလေးတွေဟာ သစ္စာပါပဲ။ ဝေဒနာပေါ်လာရင်လဲ ဝေဒနာလေးက ဖြစ်တာလဲ ရှိတယ် ပျက်တာလဲ ရှိတယ်။ စိတ်ပေါ်လာရင်လဲ စိတ်ကလေးက ဖြစ်တာလဲ ရှိတယ် ပျက်တာလဲ ရှိတယ်။ စိတ်ကလေးပေါ်လာတာက ဖြစ်တာ၊ စိတ်ကလေး သူ့သက်တမ်းစေ့လို့ ပျောက်သွားတာလးက ပျက်တာ။ ဒါဟာ ဖြစ်ပျက်- ဒုက္ခသစ္စာပါပဲ။ သစ္စာသိလိုက်တာဟာ ဉာဏ်ပဲ။ သစ္စာသိတဲ့ဉာဏ်ပေါ့။ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ။ ခန္ဓာကိုယ်မှာ ပေါ်တိုင်းပေါ်တိုင်း ဒီ မဂ္ဂသစ္စာလေးနဲ့ သိသိပေးနေရမယ်။ ၀ိပဿနာခေါ်တဲ့ ပုဗ္ဗဘာဂမဂ်ကလေးနဲ့ သိသိပေးနေရမယ်။ ဒီလိုချည်း ခန္ဓာမှာ ပေါ်တိုင်းပေါ်တိုင်း သိသိပေးနေရင် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ ဖြစ်ပျက်ကို ကိုယ်တိုင်မြင်လိုက်တာလေးက မဂ္ဂသစ္စာပါပဲ။ သံသရာတစ်ခွင် ကျင်လည်ခဲ့ကြရတာဟာ ဟောဒီ သစ္စာသိတဲ့ဉာဏ်ကလေး […]

Read More →  

တရားဘယ်မှာရှာ

2

တရားဘယ်မှာ ရှိလဲဆိုတာ သိမှ တရားဘယ်မှာ ရှာရမလဲဆိုတာ သိမယ်။ တရားဆိုတာ ခန္ဓာထဲမှာ ရှိတယ်။ ဒီတော့ ခန္ဓာထဲ ရှာရလိမ့်မယ်ပေါ့။ ခန္ဓာထဲမှာ ရှိတာသိလို့ ခန္ဓာထဲမှာ ကြည့်လိုက်ရင် ခန္ဓာထဲမှာ တရားတွေ့ပါလိမ့်မယ်။ ဒါကြောင့် တရားရှာချင်တယ်ဆိုရင် ဟိုဟိုဒီဒီ ပြေးလွှားနေမယ့်အစား ခန္ဓာထဲမှာ ကြည့်၊ ခန္ဓာထဲမှာ ရှာပါလို့ အဖြေပေးလိုက်ပါတယ်။ ခန္ဓာထဲမှာ ရှာဆိုတာ ခန္ဓာကိုယ်ကြီးကို စောင့်ကြည့်ရတာပါပဲ။ စောင့်ပြီးတော့ အသက်ကလေး မှန်မှန်ရှူပြီးကြည့်ပါ။ အာရုံတွေ တိုက်ချင်ရာက တိုက်ပြီးတော့ ပေါ်ချင်ရာစိတ်တွေ ပေါ်လာပါလိမ့်မယ်။ ဒီလိုပေါ်လာတဲ့စိတ်ကလေးတွေကို စောင့်ပြီးကြည့်ပေးရမယ်။ မျက်လုံးဖွင့်လိုက်တော့ မြင်စိတ်ကလေးပေါ်လာတယ်။ ဒီမြင်စိတ်ကလေးဟာ အရင်ကတည်းက ပေါ်နေတာလား အခုမှ ပေါ်လာတာလားလို့ စောင့်ကြည့် သတိထားကြည့် ၀ီရိယစိုက်ကြည့်လိုက်တော့ ဒီမြင်စိတ်ကလေးဟာ အခုမှ အာရုံတိုက်လို့ပေါ်လာတာ။ အခုမှပေါ်လာတဲ့စိတ်ဟာ ပေါ်ဆဲစိတ်လေးပါပဲ၊ ပစ္စုပ္ပန်စိတ်ကလေးပါပဲ။ ဒီစိတ်ကလေးပေါ်တာနဲ့ သတိ သမာဓိ […]

Read More →  
Page 12 of 51« First...«1011121314»203040...Last »