Mya Kyun Thar is a newly founded Meditation Centre headed by Venerable Dr. Ashin Parami. It is situated in the Yadanarkyun Ward, Thunandar Road, North Okkala, Yangon, Myanmar. It follows the technique of Mogoke Sayadaw Phayargyi, an eminent meditation master in 1960s.

ဥပနိဿယနှင့် မဂ္ဂ နှစ်ပစ္စည်းစုံမှ

0

ဒါနသည် ပေးလှူခြင်းလို့ဆိုသော်လဲ တရားကိုယ်ကောက်လိုက်တော့ ယုံကြည်မှုဦးဆောင်တဲ့ စေတနာပဲ။ စေတနာဟာ အခုပြုလုပ်တဲ့ကံ၊ ကံဟာ ဘ၀ပါပဲ။ ကမ္မဘ၀ပစ္စယာ ဇာတိ- ဒီကံက ဇာတိကိုအကျိုးပေးရုံတင်မကဘူး၊ ပ၀တ္တအကျိုးကိုလဲ ပေးတယ်လို့ မှတ်ရမယ်။ ပဋိသန္ဓေကျိုးဆိုတာက လူ နတ် အပါယ် ပဋိသန္ဓေကျိုးကိုပေးတာ။ ပ၀တ္တိကျိုးကတော့ ပ၀တ္တိအခါမှာ ကောင်းကျိုးတွေပေးတာ။ ဒါကြောင့် သဒ္ဓါသည် ဥပနိဿယပစ္စယော- အားကြီးသောအကြောင်းလို့ မှတ်လိုက်ပါ။ သဒ္ဓံ ဥပနိဿာယ ဒါနံ ဒေတိ သီလံ သမာဒိယတိ ဥပေါသထကမ္မံ ကရောတိ ဈာနံ ဥပ္ပါဒေတိ မဂ္ဂံ ဥပ္ပါဒေတိ-လို့ ပဌာန်းပါဠိတော်မှာ ဟောတော်မူတယ်။ သဒ္ဓါဦးဆောင်တဲ့ ဒါနစေတနာသည် ဈာန်မဂ်ဖိုလ်အထိ အကျိုးပေးနိုင်တယ်လို့ မှတ်ရမယ်။ သူက အကျိုးပေးတာကတော့ ဈာန်တွေ မဂ်တွေ အဘိညာဉ်တွေ သမာပတ်တွေ အကုန် အကျိုးပေးနိုင်တယ်။ ဒီလိုအကျိုးတွေပေးတာ ဘာကြောင့်ပါလိမ့်မလဲဆိုရင် ဥပနိဿယပစ္စည်းတဲ့။ ပကတူပနိဿယပစ္စည်းဆိုတာ […]

Read More →  

အလုပ်စဉ် (၈)

0

ယမကရဟန်းက ရဟန္တာသေရင် ဘာမှမဖြစ်ဘူးလို့ အယူရှိတယ်။ နိဗ္ဗာမရှိဘူးလို့ ပြောတာနဲ့ အတူတူပဲ။ ဒီအယူတွေကို ၀ါဒဖြန့်တော့ ဘေးကရဟန်းတွေက ဒီလိုမယူနဲ့ဆိုပြီး အကြောင်းအကျိုးရှင်းပြကြသော်လဲ လက်မခံဘူး။ ဒါနဲ့ ရဟန်းတွေက အရှင်သာရိပုတ္တရာထံ သွားလျှောက်ကြတယ်။ ရှင်သာရိပုတ္တရာမထေရ်လဲ ညနေပိုင်းရောက်တော့ ယမကဆီကြွသွားတယ်။ ယမက- မင်းအယူ ပြောပြစမ်းပါဦး ဆိုတော့ ရဟန္တာသေရင် ပြတ်တာပဲ၊ ဘာမှမဖြစ်တော့ဘူးတဲ့။ သူက ရဟန္တာကို ပုဂ္ဂိုလ်အနေနဲ့ ယူထားတာ။ တကယ်တော့ ရဟန္တာမှာ ပုဂ္ဂိုလ် သတ္တ၀ါအနေနဲ့ ယူစရာမရှိပါဘူး။ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတဲ့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေပဲရှိတယ်။ ချုပ်တော့လဲ ဒါတွေပဲ ချုပ်သွားတာ။ ဒါတွေဟာ ရဟန္တာလဲမဟုတ်၊ ပုဂ္ဂိုလ်လဲမဟုတ်ဘူး။ ရုပ်နာမ် ခန္ဓာငါးပါးတွေပဲ။ ပဋိစ္စသမုပ္ပါဒ်အလိုအားဖြင့်လဲ ငါးပါး၊ ခန္ဓာအလိုအားဖြင့်လဲ ငါးပါးပဲ။ ရဟန္တာရယ်လို့ကို မပါဘူး။ မပါဘဲ သူက ပုဂ္ဂိုလ်အနေနဲ့ […]

Read More →  

အလုပ်စဉ် (၇)

0

နိဗ္ဗာန်ကို တားမြစ်တတ်တဲ့တရားဟာ ဒိဋ္ဌိပါပဲ။ ဒိဋ္ဌိရှိနေရင် ဘယ်တော့မှ နိဗ္ဗာန်မရဘူး။ ဒိဋ္ဌိ ဘယ်ကြောင့် ရှိနေတာလဲဆိုရင် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နားမလည်လို့၊ ခန္ဓာ့ဖြစ်စဉ် နားမလည်လို့ ရှိနေတာ။ အနိစ္စ ဒုက္ခ အနတ္တတွေ ဘယ်လိုပင်အားထုတ်သော်လည်း ဒိဋ္ဌိမကွာရင်တော့ နိဗ္ဗာန်မရဘူး။ အနိစ္စ ဒုက္ခ အနတ္တတွေ ဖြစ်ပျက်တွေ မြင်နေစေကာမူ အသိဉာဏ်နဲ့မှ ဒိဋ္ဌိ မကွာရင်တော့ မရဘူး။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက “ဒိဋ္ဌိဖြုတ်မှုကို ရှေ့ထားပြီးမှ ၀ိပဿနာအားထုတ်ပါ”လို့ မိန့်တော်မူတာ။ ဉာတပရိညာ- သိမှုရှိမှ တီရဏပရိညာ- ပွားမြားလို့ရတာ။ ပွားမြားမှ ဒိဋ္ဌိ ၀ိစိကိစ္ဆာတွေ ပယ်မှုလာမယ်။ သိမှုမရှိလို့ရှိရင် ပွားမှုတွေ ခရီးမရောက်ဘူးလို့သာ မှတ်လိုက်ပါ။ ဆန္နမထေရ် နှစ်ပေါင်း (၄၀)ကျော် အနိစ္စ ဒုက္ခ အနတ္တတွေ ပွားနေတယ်။ ဉာတပရိညာ မစင်ကြယ်တော့ ဒိဋ္ဌိမကွာတဲ့အတွက် နိဗ္ဗာန်မရဘူး။ နောက်ပိုင်း အရှင်အာနန္ဒာက ဒိဋ္ဌိခွါတဲ့နည်းကို […]

Read More →  

အလုပ်စဉ် (၆)

0

ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာ နိဗ္ဗာန်ရရပါလို၏လို့ ဆုတောင်းနေသော်လဲ ၀မ်းထဲမှာ အ၀ိဇ္ဇာမချုပ်ရင်တော့ ဒုက္ခသာ ပြန်ရနေမှာပဲ။ ချုပ်အောင် လုပ်နိုင်လို့ ၀ိဇ္ဇာဉာဏ်ပေါ်ရင်တော့ ဆုမတောင်းပဲနဲ့ ရပါတယ်။ ဖြစ်ပျက်မြင်တဲ့ဉာဏ်ဟာ ၀ိဇ္ဇာဉာဏ်ပါပဲ။ ဖြစ်ပျက်မုန်းတဲ့ဉာဏ်လဲ ၀ိဇ္ဇာဉာဏ်၊ ဖြစ်ပျက်ဆုံးတဲ့ဉာဏ်လဲ ၀ိဇ္ဇာဉာဏ်ပဲ။ ၀ိဇ္ဇာဉာဏ်မှ မရလို့ရှိရင် အ၀ိဇ္ဇာက မသိအောင်ဖုံး တဏှာက အ၀ိဇ္ဇာကိုယ်စားလှယ်လုပ်ပြီးတော့ ချော့ ခိုင်းတော့ လုပ်ရကိုင်ရ ရှာရဖွေရနဲ့ တဏှာရဲ့အလိမ်ပြန်မိနေတယ်။ အ၀ိဇ္ဇာလက်အောက်ခံ တဏှာကလဲ သေပွဲရှိရာကိုပဲ တွန်းပို့တယ်။ အ၀ိဇ္ဇာလက်အောက်ခံ တဏှာခိုင်းရာလုပ်နေရတော့ တဏှာ့ကျွန်တွေ ဖြစ်မှန်းမသိ ဖြစ်နေကြရတယ်။ အ၀ိဇ္ဇာကဖုံး တဏှာက မကောင်းတာကို အကောင်းထင်၊ ဒုက္ခကိုမမြင်အောင်ဖုံးထားတာက အ၀ိဇ္ဇာ၊ ဘုံဘ၀ကို အကောင်းထင်တာက တဏှာ။ ဘုံဘ၀ရတော့ အသေနဲ့ရင်ဆိုင်ရတယ်။ ဒီအသေရအောင် ဘယ်သူလုပ်တာလဲဆိုတော့ အ၀ိဇ္ဇာနဲ့တဏှာက လက်သည်ဖြစ်နေတယ်။ အသေဇာတ်သိမ်းချင်ရင် အ၀ိဇ္ဇာ တဏှာချုပ်အောင်လုပ်ရတယ်။ ဒါကြောင့် အ၀ိဇ္ဇာနဲ့ တဏှာကို […]

Read More →  

Taj Mahal ခရီးသွားမှတ်တမ်း

0

အတက်ကပုံတွေကတော့ တာ့ဂ်ျမဟာရဲ့ အ၀င်မုခ်ဦးပုံပါပဲ။ တာ့ဂ်ျမဟာပုံမဟုတ်သေးပါဘူး။ (၂၆-၀၅-၂၀၁၁)နေ့က နယူးဒေလီမြို့နှင့် ကီလိုမီတာ(၂၀၀)ကျော်ဝေးတဲ့နေရာမှာ တည်ရှိတဲ့ အာဂရာ (Agra) မြို့ရှိ Taj Mahal (တာ့ဂ်ျမဟာလ်) ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ နယူးဒေလီမှ မနက် (၆)နာရီခန့်ထွက်ခဲ့ရာ တာ့ဂ်ျမဟာလ်ကို (၉း၃၀)ခန့်အချိန်တွင်ရောက်ခဲ့တယ်။ ရောက်ရောက်ချင်း လက်မှတ်ဖြတ်ပြီး နေသိပ်မပူခင် အတွင်းဘက်ဝင်ရောက် လှည့်လည်ကြည့်ရှုခဲ့ကြတယ်။ တစ်ယောက်ကို ၀င်ကြေး ရူပီး (၅၁၀)ပေးရတယ်။ တာ့ဂ်ျမဟာဆိုတာ တကယ်တော့ အုတ်ဂူပါပဲ။ ဒါပေမယ့် ထူးခြားပြောင်မြောက်တဲ့ အနုပညာ ပန်းပုလက်ရာ၊ ပန်းချီလက်ရာ၊ ပန်းတော့ ပန်းတမော့လက်ရာတွေနဲ့ အစွမ်းကုန် ခြယ်မှုန်းပြီး ဆောက်လုပ်ထားတဲ့ အဆောက်အဦးတစ်ခု ဖြစ်တာမို့ ကမ္ဘာ့အံ့ဖွယ် (၇)ရပ်တွင် အပါအ၀င်ဖြစ်ခဲ့ရတယ် (7 Wonders of the world)။ ၁၆၃၁ ခုနှစ်က Shah Jahan ဘုရင်ကြီးရဲ့ အချစ်ရဆုံးဖြစ်တဲ့ တတိယမြောက်မိဖုရား […]

Read More →  

အလုပ်စဉ် (၅)

0

အ၀ိဇ္ဇာက သစ္စာလေးပါးမသိတာ။ လူ နတ် ဗြဟ္မာ ချမ်းသာတယ်ထင်နေတာဟာ သစ္စာမသိလို့ပဲ။ ခန္ဓာရတော့ ခန္ဓာသည် ဒုက္ခသစ္စာ၊ လောင်စာပဲလို့မသိတော့ ဆုတောင်းယူကြတာ။ လောင်စာရှိမှတော့ မီးက လောင်မှာပဲ။ လောင်စာသိမ်း မီးငြိမ်းမှ ဒုက္ခက ငြိမ်းမှာ။ ဒီဒုက္ခတွေက ငြိမ်းတဲ့နေရာဟာ နိဗ္ဗာန်တစ်ခုတည်းပဲ ရှိတယ်။ ဒီနိဗ္ဗာန်ကိုလဲ အ၀ိဇ္ဇာက မသိတော့ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာလို့ ယူလိုက်တယ်။ ချမ်းသာတယ်ထင်တော့ မရရအောင် တောင်းတယ်။ တောင်းယူတော့ လောင်စာပဲ ပြန်ရ၊ လောင်စာရတော့ မီးက မလောင်ဘဲကိုမနေတော့ဘူး။ မသိတဲ့အခါကျတော့ ကုသိုလ်လုပ်ပြီး ဆုတောင်းတာကတစ်မျိုး၊ ဆုမတောင်းဘဲနဲ့လုပ်တာက တစ်မျိုး လုပ်ချင်ရာလုပ်ပါ၊ ဒီဘက်က လူနတ်ဗြဟ္မာ ခန္ဓာဒုက္ခသစ္စာ မီးလောင်စာတွေပဲ ပြန်ရတယ်။ အကုသိုလ်လုပ်တော့လဲ အပါယ်ခန္ဓာ ဒုက္ခသစ္စာ လောင်စာပဲ။ လောင်စာလဲ မသိမ်း မီးလဲ မငြိမ်းသရွေ့တော့ ချမ်းသာအစစ်အမှန် မရသေးဘူး။ […]

Read More →  

အလုပ်စဉ် (၄)

0

ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးဟာ မိမိတို့ ခန္ဓာကိုယ်ကြီး သေလိုက်ဖြစ်လိုက်တွေ ပြနေတာ။ သေပုံကိုလဲ ပြတယ်၊ သေပြီးနောက် ဓမ္မတစ်ခုဖြစ်ပေါ်လာတယ်ဆိုတာကိုလဲ ပြတယ်။ ခန္ဓာ့ဖြစ်စဉ်ကိုပြတယ်လို့ မှတ်ရမယ်။ ဇရာမရဏဆိုတာ ၀ိပါက၀ဋ်၊ အိုတာနဲ့ သေတာပဲ။ ဒီအိုသေ ဘယ်ကလာတုန်းဆိုတော့ နောက်ဆုတ်တွေးလိုက်ရင် ဇာတိ၊ ပဋိသန္ဓေကလာတယ်။ ပဋိသန္ဓေနေမိလို့ သေရတယ်။ အိုသေသည် ဇာတိ ပဋိသန္ဓေနေတဲ့ပုဂ္ဂိုလ်၏ ကိုယ်ပိုင်ပစ္စည်းလို့ မှတ်ရမယ်။ ဒါကြောင့် ဘုံဘ၀ဆုတောင်းရင် ဇာတိ ပဋိသန္ဓေပြန်ရမယ်။ ပဋိသန္ဓေပြန်ရရင် အိုသေနဲ့ ဆက်ရလိမ့်မယ်။ အိုသေရရပါလို၏လို့ ဆုတောင်းတာနဲ့ အတူတူပဲ။ ဇာတိဆုတောင်းရင် ဒါတွေရမှာပဲ။ ဇာတိလိုချင်လို့ရှိရင်ဖြင့် အိုသေကိုလဲ မကြိုက်သည်ဖြစ်စေ ကြိုက်သည်ဖြစ်စေ ရလိမ့်မယ်။ ကြိုက်တာက ဇာတိ၊ ရတာက အိုသေ။ ဇာတိကလဲ ဒုက္ခသစ္စာ၊ အိုသေကလဲ ဒုက္ခသစ္စာပါပဲ။ ဒီဒုက္ခသစ္စာကိုမသိတော့ အရမ်းကြိုက် ကြိုက်နေကြတယ်လို့ ဆိုရမယ်။ ဒုက္ခသစ္စာကို ကြိုက်တာပဲ။ ဒုက္ခရောက်ရပါလို၏လို့ […]

Read More →