Mya Kyun Thar is a newly founded Meditation Centre headed by Venerable Dr. Ashin Parami. It is situated in the Yadanarkyun Ward, Thunandar Road, North Okkala, Yangon, Myanmar. It follows the technique of Mogoke Sayadaw Phayargyi, an eminent meditation master in 1960s.

နိဗ္ဗာန် ဘယ်မှာရှိ

0

မိလိန္ဒမင်းကြီးက `အရှင်ဘုရား- နိဗ္ဗာန်ဟာ ရှိနှင့်တယ်ဆိုရင်လဲ ရှေးကလူတွေ တွေ့ဖို့ကောင်းတယ်၊ ရှိဆဲဆိုရင်လဲ အခုလူတွေ တွေ့ဖို့ကောင်းတယ်၊ စောင့်နေတယ်ဆိုရင်လဲ တပည့်တော်တို့ ဘယ်အချိန်သွားသွား ရတာပဲဆိုပြီး နေလို့ရတယ်၊ ဒီတော့ နိဗ္ဗာန်ဟာ ဘယ်လိုရှိပါသလဲဘုရား´လို့ အရှင်နာဂသိန်ကိုမေးလိုက်တယ်။ ဒီတော့ အရှင်နာဂသိန်က `ဘယ်ကာလမှာမှ မရှိဘူး´တဲ့။ အတိတ်မှာလဲ မရှိဘူး၊ ပစ္စုပ္ပန်မှာလဲ မရှိဘူး၊ အနာဂတ်မှာလဲ မရှိဘူး။ `ဒါဖြင့် နိဗ္ဗာန်မရှိဘူးလို့ ယူရမှာလားဘုရား´ `ရှိပါတယ်´၊ ဥပမာအားဖြင့် ၀ါးလုံးနှစ်လုံးပွတ်ရာမှာ မပွတ်ခင်က ၀ါးလုံးထဲမှာ မီးမရှိဘူး။ တကယ်တမ်း ပွတ်လိုက်တော့ မီးထွက်လာတာဟာ ဘယ်ကမီးလဲဆိုရင် ၀ါးထဲကပဲ ထွက်တဲ့ မီးလို့ဆိုရမယ်။ မီးဟာ အရင် ရှိနှင့်တာလားဆိုရင်လဲ မဟုတ်ဘူး၊ ပွတ်ဆဲရှိတာလားဆိုရင်လဲ မဟုတ်ဘူး၊ ရှိလတံ့လားဆိုရင်လဲ မဟုတ်ဘူး။ ဒီအတိုင်းပဲ နိဗ္ဗာန်ဟာ ကာလသုံးပါးမှ လွတ်တယ်၊ ဘယ်ကာလမှာမှ မရှိဘူး။ နိဗ္ဗာန်ဟာ မရှိဘူးလားဆိုရင် […]

Read More →  

ရှမ်းပြည်ငလျင်

0

ရှမ်းပြည် အရှေ့ပိုင်းငလျင် အပျက်အစီး မြင်ကွင်း ရှမ်းပြည် အရှေ့ပိုင်းငလျင်ကြောင့် တာလေမြို့နယ်မှ အပျက်အစီးများ ငလျင်ဒဏ်ကြောင့် ကွဲကုန်သွားသော မြေကြီး ငလျင်ပြင်းအားမှာ ရစ်ချက်တာစကေး ၇ ဖြစ်သည် လေသာဆောင် ပြိုဆင်းသွားသော အိမ်တလုံး လမ်းများကွဲအက်ပြီး အုတ်နံရံ နိမ့်ဆင်းသွားသည် အပျက်အစီးကို ရှင်းလင်းနေကြသူများ ကျွံဝင်သွားသည့် အိမ်တလုံး လမ်းမပေါ်တွင် ယာယီနေထိုင်နေရသော မိသားစုများ ဘာသာရေး အဆောက်အအုံများလည်း ပျက်စီးသည် Posted by Admin at 5:07 PM 0 comments Email This BlogThis! Share to Twitter Share to Facebook Share to Google Buzz Labels: Phothttp://www.blogger.com/img/blank.gifo, ဓာတ်ပုံ ရှမ်းပြည်အရှေ့ပိုင်းငလျင် နောက်ဆုံးရ သတင်းများ အစိုးရမီဒီယာများ၏ ယခုကြေညာသွားချက်အရ […]

Read More →  

အမှန်မြင် သမ္မာဒိဋ္ဌိနှစ်မျိုး (၃)

0

သမ္မာဒိဋ္ဌိနှစ်မျိုးအနက် ရှေ့ပြေးအဖြစ် သင်္ခါရဒုက္ခမြင်တဲ့ သမ္မာဒိဋ္ဌိလာရမယ်။ သူဆုံးသွားမှ အသင်္ခတသုခမြင်တဲ့ သမ္မာဒိဋ္ဌိလာတယ်။ ဒီတော့ ရှေ့ပြေးသမ္မာဒိဋ္ဌိက ပုရေစာရိကာ ၀ိပဿနာသမ္မာဒိဋ္ဌိ၊ ဖြစ်ပျက်မြင်တဲ့သမ္မာဒိဋ္ဌိပါပဲ။ အဲဒီဖြစ်ပျက်တွေ ဆုံးအောင်လိုက်လိုက်တဲ့အခါကျတော့ ဆုံးလဲဆုံးရော သင်္ခါရဒုက္ခ ဖြစ်ပျက်တွေ မမြင်တော့ဘူးဆိုလို့ရှိရင် အသင်္ခတသုခကိုမြင်တဲ့ မဂ်သမ္မာဒိဋ္ဌိပေါ်လာတယ်။ မဂ်သမ္မာဒိဋ္ဌိပေါ်လာတဲ့အခါကျတော့ ၀ိပါက၀ဋ်တွေ ကျွတ်သွားတယ်။ ဖြစ်ပျက် ခန္ဓာကိုယ်ကြီး အနိစ္စခန္ဓာကိုယ်ကြီးဆိုတာ ၀ိပါက၀ဋ်ပဲ။ ဒီဝဋ်တွေဟာ ဖြစ်ပျက်တွေ မမြင်တော့ဘူးဆိုရင် ကျွတ်သွားတယ်။ ကမ္မ၀ဋ်ကြောင့် ဒီဘ၀ ရုပ်နာမ်တွေပေါ်လာတာဟာ ၀ိပါက၀ဋ်ကြီးပေါ်နေတာပါ။ ရုပ်နာမ်ကြည့်လိုက်တော့လဲ ဖြစ်ပျက်ဆိုတော့ ၀ိပါက၀ဋ်ဆိုတာနဲ့ တစ်ထပ်တည်းကျနေတယ်။ ဖြစ်ပျက်မမြင်တော့ဘူးဆိုရင် ကိုယ့်ဝဋ်ကျွတ်သွားတာပါပဲ။ ပထမ ၀ိပါက၀ဋ်နဲ့ သမ္မာဒိဋ္ဌိတွေ့နေတာ။ မတွေ့တော့ဘူးဆိုတော့ ၀ိပါက၀ဋ်ကျွတ်သွားတာ။ ကိုယ့်ခန္ဓာ ဖြစ်ပျက် ဒုက္ခသစ္စာ ဆိုတဲ့ ဒုက္ခ၀ဋ်ကြီးက ကျွတ်ပြီး အသင်္ခတဘက် ကူးသွားတယ်။ နိဗ္ဗာန်ဘက်ကိုကူးသွားတာ၊ လောကုတ္တရာမဂ်ပေါ်လာတာပါပဲ။ တစ်နည်းအားဖြင့် မဂ်သမ္မာဒိဋ္ဌိပေါ်လာတာ။ မဂ်သမ္မာဒိဋ္ဌိပေါ်လာတော့ ဒီဝဋ်တွေ […]

Read More →  

အမှန်မြင် သမ္မာဒိဋ္ဌိနှစ်မျိုး (၂)

0

မနေ့က ပြောခဲ့တဲ့ သင်္ခါရဒုက္ခအမြင်လေးဟာ မဂ်ရဲ့ရှေ့ပြေးအမြင် (ပုရေစာရိကာ ၀ိပဿနာသမ္မာဒိဋ္ဌိ)တဲ့။ လောကုတ္တရာမဂ် ကပ်နေတဲ့ အမြင်။ ဒီအမြင်ရပြီး သေရင် နောက်ဘ၀ နတ်ပြည်ရောက်ပြီး နတ်ပြည်ရောက်မှန်းမသိခင် မဂ်ကအရင်ပေါ်မယ်။ ဘုရားပွင့်မယ်ဆိုရင်လဲ ဒီအမြင်ရှိပြီးသာပုဂ္ဂိုလ်ဟာ ဘုရားဉာဏ်ထဲ ထင်လာမယ်။ ဒါကြောင့် သင်္ခါရဒုက္ခမြင်အောင် ကြည့်ဖို့ အရေးကြီးပါတယ်။ သင်္ခါရဒုက္ခမြင်ရင် ဘုရားပွင့်ချိန်နဲ့ကြုံရင်လဲ အရင်အချွတ်ခံရမယ်။ ဘုရားမရှိတဲ့ သာသနာတွင်းရောက်နေရင်လဲ သင်္ခါရဒုက္ခကနေ ဆက်အားထုတ်တော့ သင်္ခါရဒုက္ခမြင်တဲ့ မဂ်ပြီးတော့ နိဗ္ဗာန်မြင်တဲ့ မဂ်လာတာပဲ။ သင်္ခါရဒုက္ခမြင်တဲ့ သမ္မာဒိဋ္ဌိပြီးတော့ နိဗ္ဗာန်မြင်တဲ့ သမ္မာဒိဋ္ဌိလာတယ်။ သမ္မာဒိဋ္ဌိနဲ့ မဂ်ဟာ အတူတူပဲ။ သင်္ခါရဒုက္ခမြင်တဲ့ဉာဏ်သည် နောက်လာမယ့်ပဋိစ္စသမုပ္ပါဒ် ဖြတ်တယ်။ ဒါကြောင့် သင်္ခါရဒုက္ခကို တစ်ချက်မြင်မြင် နှစ်ချင်မြင်မြင် များများမြင်လေ ကောင်းလေပဲ။ မြင်အောင်သာလုပ်ပါ။ များများမြင်နေပြီဆိုရင်တော့ လောကုတ္တရာမဂ်လာတော့မလို့သာ မှတ်ပေတော့။ သင်္ခါရဒုက္ခမြင်တဲ့သမ္မာဒိဋ္ဌိသည် လောကုတ္တရာမဂ်၏ ရှေ့ပြေးသမ္မာဒိဋ္ဌိ။ ဒါဖြင့် သင်္ခါရဒုက္ခတွေ ဟိုနေရာမှာဖြစ်လိုက် […]

Read More →  

အမှန်မြင် သမ္မာဒိဋ္ဌိနှစ်မျိုး

0

ဘုရားရှင်က သမ္မာဒိဋ္ဌိနှစ်မျိုးရှိတယ်လို့ ဟောထားတယ်။ သမ္မာက မှန်ကန်တာ၊ ဒိဋ္ဌိက မြင်တာ။ အမှန်မြင်နှစ်မျိုးကို ဘုရားရှင်ဟောတော်မူတယ်လို့ မှတ်ရလိမ့်မယ်။ အမှန်မြင်နှစ်မျိုးဆိုတာ ဖြစ်ပျက် သင်္ခါရ မြင်တာကတစ်မျိုး၊ နိဗ္ဗာန်မြင်တာက တစ်မျိုးတဲ့။ ဖြစ်ပျက်မြင်တဲ့ ဉာဏ်က နိဗ္ဗာန်မမြင်ဘူး၊ နိဗ္ဗာန်မြင်တဲ့ ဉာဏ်ကလဲ ဖြစ်ပျက်မမြင်ဘူး။ ခန္ဓာကိုယ်ကို ဉာဏ်စိုက်လိုက်တဲ့အခါ ဝေဒနာက္ခန္ဓာပဲ ပြောပြော၊ ၀ိညာဏက္ခန္ဓာ စိတ်ကပဲ ပြောပြော၊ အမြင်ကတော့ ဖြစ်ပျက် အနိစ္စမြင်မှာပဲ။ ရှုဖန်များလာတဲ့အခါကျတော့ ဝေဒနာရှုလိုက်လဲ ဝေဒနာမတွေ့ဘူး၊ ဖြစ်ပြီး ပျက်တဲ့ အနိစ္စ ဒုက္ခ  အနတ္တတွေတွေ့တယ်။ စိတ်ရှုလိုက်ပြန်လဲ စိတ်မတွေ့ဘူး၊ ဖြစ်ပျက်ပဲတွေ့တယ်။ ဒီလို ဖြစ်ပျက်ပဲ တွေ့တာသည် သင်္ခါရဒုက္ခမြင်တာ။ သင်္ခါရဒုက္ခမြင်ရင် အမြင်ကတော့ အမှန်ပဲ။ ဒီနေရာဖြစ် ဒီနေရာ ပျက်သွားတာလေးကို မြင်ရင် ဉာဏ်မြင်၊ မနောဒွါရနဲ့ မြင်တာလို့ မှတ်ထားလိုက်ပါ။ ဒီနေရာက ယားတယ်၊ […]

Read More →  

5. Sentence Structure

1

Simple Sentence တစ်ခုမှာ clause တစ်ခုသာရှိတယ်။ The children are laughing. John wanted a new bicycle. All the girls are learning English. Compound Sentences Compound sentence မှာတော့ clause နှစ်ခု၊ နှစ်ခုထက်ပိုတယ်။ (We stayed behind) and (finished the job). (We stayed behind) and (finished the job), then (we went home). Compound sentence ထဲက clause တွေကို co-ordination conjunctions တွေနဲ့ ဆက်ရတယ်။ John shouted and everybody waved. […]

Read More →  

အပေါင်းအသင်း မှန်ပါစေ (၃)

0

အကြောင်းတိုက်ဆိုင်တဲ့အခါ လောဘမပေါ်ပါနဲ့ဆိုလို့ မရဘူး။ မရလို့ ပေါ်လာတဲ့အခါကျတော့ သဒ္ဓါ ပညာနဲ့သာ ပေါင်းလိုက်။ မဂ်နဲ့မပယ်သေးလို့ သူပေါ်နေတယ်ဆိုတာ သဒ္ဓါက ယုံကြည်လိုက်။ ယုံကြည်တဲ့ သဒ္ဓါနဲ့ပေါင်းပြီး ပညာနဲ့ ဆက်ပေါင်းလိုက်။ ပညာနဲ့ ဆက်ပေါင်းလိုက်တော့ အနိစ္စဖြစ်သွားတယ်။ သဒ္ဓါ ပညာနဲ့ပေါင်းလိုက်ရင် မဂ်ဉာဏ်တောင် ရလိုက်သေးတယ်။ ဒါဖြင့် ဘာမှကြောက်စရာမလိုပါဘူးတဲ့။ ၀ိတက်တွေများလွန်းလို့ ရှုမရဘူးဆိုရင်လဲ သဒ္ဓါ ပညာနဲ့သာ ပေါင်းလိုက်။ ဘယ်လိုပေါင်းလိုက်ရမှာလဲဆိုရင် ဖြစ်ပျက်ရှုလိုက်လို့ပြောတာ။ စိတ်မချမ်းသာဘူးဆိုရင်လဲ စိတ်မချမ်းသာတာကို ဖြစ်ပျက်ရှု။ သဒ္ဓါ ပညာနဲ့ ပေါင်းလိုက်တာပဲ။ မဂ်နဲ့မပယ်သေးတော့ စိတ်မချမ်းသာတဲ့ ဒေါမနဿတွေလဲ ပေါ်မှာပဲ။ သဒ္ဓါ ပညာနဲ့ပေါင်းလိုက်တော့ စိတ်မချမ်းသာတာဟာလဲ ဖြစ်ပျက်ဖြစ်သွားတယ်။ ဖြစ်ပျက် မဂ် ကိုက်သွားတာပဲ။ မချမ်းသာတဲ့စိတ်လဲ မိတ်ဆွေဖြစ်သွားတယ်။ ချမ်းသာတဲ့စိတ်လာလဲ ဖြစ်ပျက်သာရှုလိုက်၊ မိတ်ဆွေဖြစ်သွားတယ်။ အရေးအကြီးဆုံးက သဒ္ဓါ ပညာနဲ့ ပေါင်းဖို့ပဲ။ သဒ္ဓါ ပညာနဲ့ပေါင်းလိုက်တော့ […]

Read More →