Mya Kyun Thar is a newly founded Meditation Centre headed by Venerable Dr. Ashin Parami. It is situated in the Yadanarkyun Ward, Thunandar Road, North Okkala, Yangon, Myanmar. It follows the technique of Mogoke Sayadaw Phayargyi, an eminent meditation master in 1960s.

ကိုယ့်ကိုယ်ကို တွေးပါ

0

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ကိုယ့်ကိုယ်ကို တွေးကြစမ်းပါလို့ မှာတော်မူတယ်။ ငါသည် ယခုအချိန်အိုနေပြီ၊ ငါသည် မုချ သေရတော့မှာပဲ ဆိုတာ တွေးပါတဲ့။ တွေးလိုက်တဲ့အခါကျတော့ ငါသည် အိုနေပြီ၊ အိုတယ်ဆိုတာ နာတာပဲ၊ နာတယ်ဆိုတာ သေမလို့ပဲလို့ သိလာတယ်။ ပဋိစ္စသမုပ္ပါဒ်ကြည့်လိုက်ရင်လဲ အိုတာ သေတာတွေ့ရတာပဲ။ ဇရာဆိုတာ အိုတာ၊ မရဏဆိုတာက သေတာ။ ဒို့မှာ အိုသေတွေသာ ရှိတယ်၊ အိုသည်၏အခြားမဲ့၌ သေမှာ မလွဲတော့ဘူး။ အိုသေဟာ ဘယ်ကလာပါလိမ့်မလဲလို့ ပဋိစ္စသမုပ္ပါဒ်နဲ့ ကြည့်လိုက်တော့ အိုသေဟာ ဇရာ မရဏပဲ။ ဒါဖြင့် အိုသေဟာ ဇာတိကလာတာပဲဆိုတာ ပေါ်လာတယ်။ ခဏခဏ အို၊ ခဏခဏသေ၊ ဘ၀များစွာ အိုရ နာရ သေရ (၄)နံပါတ် ဇရာမရဏအကွက်မှာ တွေ့ရတယ်။ ဒီအိုသေဟာ ဘယ်ကလာပါလိမ့်မလဲဆိုတော့ စက်ဝိုင်းထဲမှာ နောက်ဆုတ်တွေးလိုက်ရင် ဇာတိကလာတာ။ ဇာတိရှိမှတော့ အိုသေဟာ […]

Read More →  

(13) Reporting: Reports and Summaries (B)

0

3. Tense forms in reports and summaries English မှာ what people say or think ကို report လုပ်တဲ့အခါ စဉ်းစားရမှာက Tense forms in reports and summaries တွေဟာ ကျန်တာတွေနဲ့ အတူတူဖြစ်တယ် ဆိုတာပါပဲ။ လွန်ခဲ့တဲ့ (၁၀)နှစ်က Andrew Brown ရေးခဲ့တဲ့ စာတစ်စောင် I am twenty years old and I am at University studying engineering. I take my final exams next month and I will finish university in July. […]

Read More →  

နိဗ္ဗာန်နဲ့ နိဗ္ဗာန်ရောက်ကြောင်း (၂)

0

ရောက်နေတဲ့ဘ၀မှာ ခန္ဓာဒုက္ခသစ္စာကြီးကို မသိသေးလို့ရှိရင်တော့ မသိတဲ့အတိုင်း အ၀ိဇ္ဇာ ပြန်လာဦးမှာသေချာတယ်။ မသိတော့ ကိုယ့်ဘ၀ကိုယ် အရတော်လှပြီဆိုပြီး ပျော်နေတာက တဏှာ။ ဒီသား ဒီမယား ဒီစီးပွားဥစ္စာတွေနဲ့ မခွဲချင်တာက ဥပါဒါန်။ ကာယကံ ၀စီကံနဲ့ ပြုတဲ့ စေတနာ သင်္ခါရတွေက ကမ္မဘ၀။ ဒါဖြင့် (၂)နံပါတ်ထဲက သမုဒယသစ္စာတွေ ပေါက်ဖွားလာတော့ (၃)နံပါတ် တရားတွေ ဖြစ်လာတယ်။ (၂)ထဲက (၃)ပေါက်ဖွားလာတယ်။ ဒုက္ခသစ္စာထဲက သမုဒယသစ္စာ ပေါက်ဖွားတာပဲ။ ငါးခုတောင် ပေါက်ဖွားလာတာ။ ဘယ်ကာလမှာ ပေါက်ဖွားတာလဲဆိုတော့ ပစ္စုပ္ပန်ကာလမှာ ပေါက်ဖွားတာ။ ဒါကြောင့် ပစ္စုပ္ပန်အကြောင်းအခြင်းအရာ ငါးပါးလို့ဖော်ပြထားတယ်။ ပစ္စုပ္ပန်အကြောင်းတစ်လွှာပဲ။ သစ္စာအားဖြင့် သမုဒယသစ္စာပြန်ပေါ်လာတာ။ ဒါကို မိုးကုတ်ဆရာတော်ဘုရားကြီးက `နဂိုအနာမှ မပျောက်သေးဘူး၊ နောက်အနာပေါက်ကြောင်းတွေ ထပ်ပြီးပေါ်လာတယ်´တဲ့။ ပစ္စုပ္ပန်ခန္ဓာငါးပါးထဲက သမုဒယသစ္စာ ငါးပါးပေါ်လာတယ်။ ဒီငါးပါးကို အနာဂတ်အကြောင်းအခြင်းအရာ ငါးပါးလို့နာမည်ပေးလိုက်ရင်လဲ မလွဲပါဘူးတဲ့။ ပေါ်တာကတော့ […]

Read More →  

(13) Reporting: Reports and Summaries

0

Tense ဟာ reported speech မှာ ရှုပ်ထွေးတယ်လို့ထင်ရတယ်။ သို့သော် rules တွေအနေနဲ့ကတော့ ကျန်တာတွေနဲ့ အတူတူလောက်ပါပဲ။ 1. What people say or think ကို report လုပ်တဲ့အခါမှာ – Clause ကို that နဲ့ ရေးရတာလဲရှိတယ်။ Everybody knew that it was Henry’s birthday tomorrow. She explained that she would do as much as she could to help. သို့သော် that ကို ဖြုတ်ထားလို့လဲ ရတယ်။ Everybody knew it was Henry’s birthday tomorrow. She […]

Read More →  

မြန်မာနိုင်ငံအတွက် ရေဒီယိုသတ္တိကြွဓာတ်များ စိုးရိမ်ဖွယ်မရှိ

0

ဂျပန်ဆူနာမီနောက်ဆက်တွဲ နျူကလီးယား ဓာတ်ပေါင်းဖိုများ ပေါက်ကွဲမှုကြောင့်  မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများ၌ အက်ဆစ်မိုးများ ရွာသွန်းမည်ဟု ပြောဆိုနေကြခြင်းမှာ ကောလာဟလများသာ ဖြစ်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ပြောသည်။ “နျူကလီးယား ဓာတ်ပေါင်းဖိုတွေက ဂျပန်နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာရှိပြီး အဲဒါနဲ့ အနီးဆုံးက ရုရှားနိုင်ငံ အရှေ့ဘက်စွန်း ဒေသပါ။ သူက နျူကလီယား ဗုံးလို ပေါက်ကွဲမှာမဟုတ်ဘူး။ ဓာတ်ငွေ့တွေ ယိုစိမ့်ပြီး လူတွေကို ဓာတ်ရောင်ခြည် သင့်တာမျိုး ဖြစ်မှာပဲ စိုးရိမ်ရတာ။ အခုလောလောဆယ် ဂျပန်မှာတောင် စောင့်ကြည့်နေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်” ဟု သူက ရှင်းပြသည်။ ယခုလက်ရှိ ဂျပန်နိုင်ငံ၌ တိုက်ခတ်နေသည့် လေများသည် အားကောင်းသည့် အနောက်လေစီးကြောင်းများ ဖြစ်သောကြောင့် ရေဒီယို သတ္တိကြွ ဓာတ်များမှာ ဂျပန်၏ အရှေ့ဘက် ပစိဖိတ် သမုဒ္ဒရာထဲသို့ ရွေ့စေမည် ဖြစ်ကြောင်း၊ […]

Read More →  

ဂျပန်နှင့် နျူးကလီးယား

0

ဂျပန်နိုင်ငံ Fukushima ရှိ Daiichi နူကလီးယား ဓါတ်အားပေးစက်ရုံ၌ တတိယမြောက် ပေါက်နူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှု ဖြစ်ပွါး၊ နောက် ၁၀ နာရီအတွင်း တိုကျိုမြို့တော် အထိပင် ရေဒီယိုသတ္တိကြွ လေထုများ ရောက်ရှိလာနိုင် Written by : ဇော်ဇော်    2011-03-15 04:04:21 ဂျပန်နိုင်ငံတွင် လွန်ခဲ့သော သောကြာနေ့က နိုင်ငံသမိုင်းတစ်လျောက် စံချိန်တင် အလွန့်အလွန် အင်အား ပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ယခုအချိန်အထိ လူပေါင်း ၂၀၀၀၀ ကျော် သေဆုံးခဲ့ပြီး အချိန်နှင့်အမျှလည်း သေဆုံးသူ အရေအတွက် ပိုမိုတိုးလာလျက်ရှိနေချိန်တွင် ငလျင်ကြောင့် နူကလီးယား လျပ်စစ်ဓါတ်အားပေး စက်ရုံများရှိ နူကလီးယား ဓါတ်ပေါင်းဖိုများမှာလည်း အအေးပေးစနစ်များ ပျက်စီးသွားခဲ့သဖြင့် ၂ ကြိမ်တိုင် ပေါက်ကွဲခဲ့ပြီး နူကလီးယား ယိုစိမ့်မှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် အနီးပတ်ဝန်းကျင်ရှိ လူအများကို […]

Read More →  

နိဗ္ဗာန်နဲ့ နိဗ္ဗာန်ရောက်ကြောင်း

0

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရဟန်းတို့ကို`နိဗ္ဗာနဉ္စ ဘိက္ခဝေ ဒေသေဿာမိ နိဗ္ဗာနဂါမိဉ္စ မဂ္ဂံ´ လို့ဟောတော်မူလိုက်တယ်။ အဓိပ္ပါယ်က နိဗ္ဗာန်နဲ့ နိဗ္ဗာန်ရောက်ကြောင်းကို ငါဘုရား ဟောမယ်တဲ့။ `ကတမဉ္စ ဘိက္ခဝေ နိဗ္ဗာနံ ယော ဘိက္ခု၊ ရာဂက္ခယော ဒေါသက္ခယော မောဟက္ခယော၊ ဣဒံ ၀ုစ္စတိ ဘိက္ခဝေ နိဗ္ဗာနံ´ `ရာဂါ ဒေါသ မောဟကုန်လို့ရှိရင် နိဗ္ဗာန်ပါပဲ´။ ရာဂဆိုတာ နှစ်သက်ခြင်း၊ ဒေါသဆိုတာ ပြစ်မှားခြင်း၊ မောဟဆိုတာ မသိခြင်း။ အာရုံကောင်းနဲ့တွေ့လို့ နှစ်သက်တာက ရာဂ၊ အာရုံဆိုးနဲ့တွေ့လို့ စိတ်တွေ မခံသာတာ ပြစ်မှားတာက ဒေါသ၊ အာရုံတွေတွေ့လို့ အနိစ္စ ဒုက္ခ အနတ္တ ဒုက္ခသစ္စာလို့မသိတာက မောဟလို့မှတ်လိုက်ပါ။ ဒီသုံးမျိုးကုန်သွားတာက နိဗ္ဗာန်ပါ။ `ကတမော စ ဘိက္ခဝေ နိဗ္ဗာနဂါမိဉ္စ မဂ္ဂေါ` နိဗ္ဗာန်ရောက်ကြောင်းက ဘာလဲဆိုတော့ သမ္မာဒိဋ္ဌိ- အမှန်အကန် မြင်လို့ရှိရင် […]

Read More →