Mya Kyun Thar is a newly founded Meditation Centre headed by Venerable Dr. Ashin Parami. It is situated in the Yadanarkyun Ward, Thunandar Road, North Okkala, Yangon, Myanmar. It follows the technique of Mogoke Sayadaw Phayargyi, an eminent meditation master in 1960s.

Determiners and Qualifiers

0

Determiners and Qualifiers Determiners Determiners ဆိုတာ noun phrase တွေရဲ့ အစမှာ သုံးတဲ့ စကားလုံးတွေပါပဲ။ Noun phrase တွေဟာ specific (သီးသန့်)လား၊ general (ယေဘုယျ)လား ဆိုတာပြပါတယ်။ ဒါကြောင့် specific determiners နဲ့ general determiners လို့ နှစ်မျိုးခွဲမှတ်ထားရမယ်။ (၁) Specific Determiners Specific determiners တွေကတော့ ၁။ definite article – the ၂။ possessives – my, you, his, her, its, our, their, whose ၃။ demonstratives – this, that, these, those ၄။ interrogatives – […]

Read More →  

ကံအယူအဆ (၁)

0

ဒီနေ့ ကံအကြောင်း သိကောင်းစရာလေးတွေ တင်ပြချင်တယ်။ ကံဆိုတာ ဘာလဲ၊ ဘာကို ကံလို့ ခေါ်လဲ ဆိုတာ ပထမဦးဆုံး ဆွေးနွေးမယ်။ ကံဆိုတာ အမူအရာပါ။ ကိုယ်အမူအရာ ကာယကံ၊ နှုတ်အမူအရာ ၀စီကံ၊ စိတ်အမူအရာ မနောကံပေါ့။ ကုသိုလ်ကံနဲ့ အကုသိုလ်ကံဆိုတာလဲ ခွဲထားလိုက်ဦး။ လောဘ၊ ဒေါသ၊ မောဟတွေ မရောယှက် သဖြင့်အပြစ်လဲကင်း၊ ကောင်းကျိုးလဲပေးခြင်း သဘောဆောင်တော့ ကုသိုလ်ကံ၊ လောဘ၊ ဒေါသ၊ မောဟတွေရောယှက် အပြစ်လဲမကင်း ဆိုးကျိုးလဲပေးခြင်း သဘောဆောင်တော့ အကုသိုလ်ကံပါ့။ ဒါဆို (၁) အပြစ်ကင်းတဲ့ ကိုယ်အမူအရာက ကောင်းတဲ့ ကာယကံ၊ အပြစ်မကင်းတဲ့ ကိုယ်အမူအရာက မကောင်းတဲ့ ကာယကံ။ (၂) အပြစ်ကင်းတဲ့ နှုတ်အမူအရာက ကောင်းတဲ့ ၀စီကံ၊ အပြစ်မကင်းတဲ့ နှုတ်အမူအရာက မကောင်းတဲ့ ၀စီကံ။ (၃) အပြစ်ကင်းတဲ့ စိတ်အမူအရာက […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၂၀)

0

မပြီးဆုံးသေးတဲ့ ဒီဃဇာဏုသုတ္တန်အကြောင်း ဆက်ပြောရဦးမယ်။ ဒီသုတ္တန်မှာ ဘုရားက အရေးကြီးတဲ့ ပွိုင့်တွေချည်း ဟောခဲ့တာကိုက သဘောကျစရာကောင်းပါတယ်။ ဒီဘ၀စီးပွားတက်ကြောင်း၊ ဒီဘ၀ စီးပွားပျက်ကြောင်းအပြင် နောင်ဘ၀ ချမ်းသာကြောင်းကိုလဲ ချန်မထားခဲ့ဘူး။ ဒါကြောင့် ဘုရားရှင်က ဘ၀ကောင်းစားရေးကို လျစ်လျူရှု မထားပါဘူးလို့ အစောပိုင်းက ပြောခဲ့တာ။ တစ်ဘ၀ တစ်နပ်စာလေး ကောင်းအောင်လုပ်နေရင် သူတော်ကောင်း မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ဒီသုတ္တန်မှာ နောက်ဘ၀ ကောင်းစားရေး (၄)ချက်ရှိတယ်လို့ ဟောထားပါတယ်။ (၁) သဒ္ဓါသမ္ပဒါ – သဒ္ဓါတရားနဲ့ ပြည့်စုံခြင်း။ ဒီအချက်ကို ဘုရားရှင်ကိုယ်တော်တိုင် ဟောထားတာလေး တင်ပြမယ်။ ဘုရားရှင်ရဲ့ အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ယုံကြည်ခြင်း၊ ဂုဏ်တော်(၉)ပါးကို ယုံကြည်ခြင်းကို သဒ္ဓါတရားနဲ့ ပြည့်စုံခြင်းလို့ ဘုရားရှင် ကိုယ်တော်တိုင် ဖွင့်ပြထားတယ်။ ဒါအဓိကပဲလေ။ ဘုရားကို ယုံကြည်တယ်ဆိုရင် တရားကိုလဲ ယုံကြည်စေတယ်၊ ဘုရား၏တပည့်သား သံဃာကိုလဲ […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၉)

0

မနေ့က ဒီဃဇာဏုသုတ္တန်လာ ကြီးပွားကြောင်းတရား(၄)ချက်ကို ဆွေးနွေးခဲ့တာ မပြတ်သေးဘူး။ ဘုရားရှင်က စီးပွားတိုးတက်ကြောင်းသာ ဟောခဲ့တာမဟုတ်ဘူး။ ဆုတ်ယုတ်ကြောင်းတွေကိုပါ ဒီသုတ္တန်မှာ ဟောပြခဲ့တာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ စီးပွားရေး တိုးတက်လာပြီဆိုရင် သတိထားဖို့ လိုအပ်တဲ့အချက်လေးတွေပေါ့။ သတိထားရမယ့်အချက်တွေ သတိလက်လွတ် ဖြစ်သွားရင်လဲ တက်လာ တဲ့ စီးပွားရေးက ကမောက်ကမနဲ့ ရေရှည်မခံဘူး။ ဒါကြောင့် ကိုယ်တိုင် ကြိုးစားရှာဖွေထားလို့ ရလာတဲ့ စီးပွားဥစ္စာတွေကို ရေရှည် တည်မြဲရေးအတွက် ရှောင်ကြဉ်သင့်တာတွေ ရှောင်ကြဉ်ဖို့ ဘုရားဟောတဲ့ စီးပွားပျက်ကြောင်း (၄)ချက် တင်ပြပေးမယ်။ (၁) ဣတ္ထိဓုတ္တ- မိန်းမလိုက်စားခြင်း။ အပျော်လိုက်စားခြင်းပါပဲ။ စီးပွားရေးကောင်းလာပြီဆိုရင် တစ်ယောက်က နှစ်ယောက်ဆိုသလို လက်တဲ့စမ်းချင်တဲ့ သဘောလေးတွေ ရှိတယ်။ ၀င်ငွေကောင်းလာပြီ ဆိုရင် အခွင့်အရေးက သာလာတော့ နဂိုကမှ အလိုလို ယိုင်ချင်တဲ့စိတ်ကို သတိနဲ့သာ မထိန်းလို့ကတော့ ဆွဲရာပါသွားမှာပဲ။ ဒါဆိုရင် တစ်ယောက်အတွက်တောင် မလောက်နိုင်တဲ့ဝင်ငွေက […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၈)

0

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ယခုလက်ရှိဘ၀ ကြီးပွားချမ်းသာအောင် အကောင်းဆုံး နေထိုင် ကျင့်သုံးနည်း အဖြစ် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောခဲ့တာလေးကို နှစ်သစ်ကူး အထူး လက်ဆောင်အနေနဲ့ ဒီနေ့တင်ပြမယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘုရားရှင်က ဒီဃဇာဏု အမည်ရှိတဲ့ (ဗျဂ္ဃပဇ္ဇသတို့သားလို့လဲခေါ်တယ်) ကောလိယ မင်းသားကို ဟောထားတဲ့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်း စားရေးတရားတော်တွေထဲက ကောက်နုတ်တင်ပြမှာပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပစ္စုပ္ပန်ဘ၀မှာ ကြီးပွားချမ်းသာချင်ရင် ဒီအချက်(၄)ချက်နဲ့ ပြည့်စုံရမယ် ဆိုပြီး ဒီဃဇာဏုခေါ် ဗျဂ္ဃပဇ္ဇသတို့သားကို ဟောခဲ့ပါတယ်။ (၁) ဥဋ္ဌာနသမ္ပဒါ – လုံ့လ၀ီရိယနှင့်ပြည့်စုံရမယ်။ ကိုယ်တတ်ကျွမ်းတဲ့ ပညာတစ်ခုခုနဲ့ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း လုပ်ကိုင်ရာမှာ ကိုယ့်အလုပ်ကို ကျွမ်းကျင်ရမယ်၊ မပျင်းရဘူး၊ ကိုယ့်အလုပ်အကြောင်း ကိုယ်သိအောင် လုပ်ထား ရမယ်၊ စီမံခန့်ခွဲနိုင်စွမ်း ဦးဆောင်ဦးရွက်လုပ်နိုင်စွမ်း ရှိထားရမယ်။ အခု ခေတ်လိုဆိုရင်တော့ management ပညာပေါ့။ အကျဉ်းအားဖြင့် […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၇)

0

မနေ့ကဆွေးနွေးချက်လေး မပြတ်သေးတာ ဆက်လက်တင်ပြရဦးမယ်။ ကမ္မ၀ါဒလို့ ဗုဒ္ဓဘာသာကို ခြုံငုံပြောမယ်ဆိုရင် မှန်တော့မှန်တယ်၊ အပြည့်အ၀မှန်သလားဆိုတော့ အဲလောက်တော့ မမှန်ဘူးဆိုတာ ဆွေးနွေးခဲ့တယ်လေ။ အင်္ဂလိပ်လိုဆိုရင်တော့ half-truth ပေါ့။ ဒီအတိုင်းပဲ ဗုဒ္ဓဘာသာဟာ ၀ိဘဇ္ဇ၀ါဒ ပဲဆိုပြီး ပြောနေကြပြန်တယ်။ ၀ိဘဇ္ဇ၀ါဒ ဆိုတာ အဝေဖန် အဆန်းစစ်ခံတဲ့ဝါဒပေါ့။ ၀ိဘဇ္ဇ၀ါဒ ဆိုပြီးတော့ ဗုဒ္ဓဘာသာမှာ ဂိုဏ်းတစ်ခု သီးသန့်ထောင်ထား တာတောင် ရှိပါတယ်။ ဒီ ၀ိဘဇ္ဇ၀ါဒအယူအဆဟာလဲ တစ်စိပ်တစ်ပိုင်းလောက်တော့ မှန်ပါတယ်။ အပြည့်အ၀တော့မ မမှန်သေးဘူး။ ဘာလို့လဲ ဆိုတော့ ဗုဒ္ဓဘာသာဟာ အလွန်ကျယ်ပြန့်တဲ့ နက်နဲတဲ့ဘာသာ၊ အလွန် အထက်တန်းကျတဲ့ဘာသာ၊ ပညာရပ်ဆန်တဲ့ဘာသာ ဖြစ်တယ်။ ဗုဒ္ဓဘာသာကို ဗုဒ္ဓဘာသာဝင် တစ်ယောက်က လေ့လာလိုက်စားမယ်ဆိုရင် ပညာတတ်လေ ဗုဒ္ဓတရားတော်တွေကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်လာလေ၊ ပိုမိုနားလည်လေ ပိုမိုသက်ဝင်ယုံကြည်လာလေဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ သိမ်မွေ့တဲ့ အယူအဆ၊ ခက်ခဲတဲ့အယူအဆ၊ နက်နဲတဲ့ […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၆)

0

ဗုဒ္ဓဘာသာကို ၀ါဒအမည်တွေ ပေးပြီးတော့ တင်ပြလို့ အားလုံးကို ခြုံငုံမိမှာမဟုတ်ပါဘူး။ အချို့က ကမ္မ၀ါဒလို့ ကောက်ချက်ချကြတယ်၊ အချို့က ၀ိဘဇ္ဇ၀ါဒလို့ ပြောကြတယ်။ မှားသလားဆိုတော့ မမှားပါဘူး။ ဒါပေမယ့် ခြုံငုံမိအောင်တော့ မမှန်ဘူး။ ကမ္မ၀ါဒလို့ပြောရင် ကံကို လက်ခံတဲ့ဝါဒ၊ ယုံကြည်တဲ့ဝါဒပေါ့။ ဗုဒ္ဓဘာသာမှာ ကံအယူအဆ ရှိတယ်။ ဒါပေမယ့် ဘုရားက ကံအကြောင်းကိုသာ ဇောင်းပေးဟောခဲ့တာလားဆိုတော့ မဟုတ်ဘူး။ ကံအကြောင်းလဲ ဟောတယ်၊ ဉာဏ်အကြောင်းလဲ ဟောတယ်၊ ၀ီရိယအကြောင်းလဲ ဟောတယ်၊ အလျဉ်းသင့်ရင် သင့်သလို သဒ္ဓါအကြောင်း၊ သတိအကြောင်း၊ ဟိရိအကြောင်း စသည်ဖြင့် အခြေအနေပေါ် မူတည်ပြီး ဟောလေ့ရှိပါတယ်။ ကံဟာ အရေးပါတဲ့ ကဏ္ဍတစ်ရပ်အနေနဲ့ ပြောမယ်ဆိုရင်တော့ ငြင်းပယ်လို့ မရနိုင်ပါဘူး။ ဗုဒ္ဓဘာသာရဲ့ အဓိက အမြင့်မြတ်ဆုံး ပန်းတိုင်ကတော့ နိဗ္ဗာန်ပေါ့။ နိဗ္ဗာန်ရဖို့အတွက် ကံယုံကြည်ရုံနဲ့ မလုံလောက်ပါဘူး။ ကံယုံကြည်လက်ခံထားခြင်းလောက်နဲ့ နိဗ္ဗာန်မရောက်နိုင်ဘူးပေါ့။ […]

Read More →  
Page 48 of 51« First...203040«4647484950»...Last »