Mya Kyun Thar is a newly founded Meditation Centre headed by Venerable Dr. Ashin Parami. It is situated in the Yadanarkyun Ward, Thunandar Road, North Okkala, Yangon, Myanmar. It follows the technique of Mogoke Sayadaw Phayargyi, an eminent meditation master in 1960s.

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၅)

0

ဆောင်းပါးလေးတွေ ပေါ့ပေါ့ပါးပါးဖတ်လို့ရအောင် နေ့စဉ်ရေးပြီး တင်ပြနေတာက ဗုဒ္ဓဘာသာကို နားလည်နိုင်အောင်၊ နားလည်တဲ့အတိုင်း ကိုယ်တတ်နိုင်တဲ့ဘက်က ကျင့်သုံးနိုင်အောင်၊ လမ်းမှား မရောက်အောင်၊ အစွန်းမရောက်အောင် ပြောပြချင်လို့ပါ။ ဒီလိုမှ ပြောပြမယ့်သူမရှိရင် ဗုဒ္ဓဘာသာကို ဘောင်ကျဉ်းကျဉ်းနဲ့ ကောက်ချက်ချထားတာတွေချည်း တွေ့မြင်ကြားသိ နားလည်နေကြတော့ ဗုဒ္ဓတရားတွေက ကောင်းတယ်၊ ဒို့က မလိုက်နာနိုင်လို့သာဆိုပြီး ဆင်ခြေတွေနဲ့ပဲ အချိန်ကုန်သွားကြတယ်။ တကယ်လိုက်နာဖို့ အခက်အခဲတွေရှိနေတတ်တယ်။ တကယ်တော့ ဘုရားဟောတဲ့ တရားတော်တွေကို ကိုယ်လိုက်နာနိုင်သမျှ လိုက်နာ၊ ကောင်းကျိုးချမ်းသာတွေ ရရှိခံစားရမှာ မလွဲဘူးဆိုတာလေး သိထား စေချင်တာပါ။ တစ်ချို့က ကိုယ်လိုရာကို တစ်ဖက်စွန်းရောက် ပြောပြီး ဒီလိုမှမဟုတ်ရင် မှတ်ပုံတင်ထဲက ဗုဒ္ဓဘာသာ၊ မိဘတွေက ဗုဒ္ဓဘာသာမို့ ဗုဒ္ဓဘာသာဖြစ်လာတာ၊ မိရိုးဖလာ ဗုဒ္ဓဘာသာ စသည်ဖြင့် အပြစ်ပြပြောဆိုပြီး ဝေဖန်ထောက်ပြ နေကြတော့ ဗုဒ္ဓဘာသာဝင်တွေ အထိနာလွန်းတယ်။ ဒါကို ဒို့ဗုဒ္ဓဘာသာဝင်တွေက ကိုယ့်ထိလို့ထိမှန်းမသိဘဲ အပြောကောင်းသူက […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၄)

0

မနေ့က ဗုဒ္ဓဘာသာဝင်တွေဟာ ဘ၀ကို လက်ခံယုံကြည်ဖို့ အရေးကြီးကြောင်း ဆွေးနွေးခဲ့တယ်။ ဘ၀ကို အရေးကြီးတယ်လို့ လက်ခံယုံကြည်ပြီး ဘ၀ကို ဘယ်လို တန်ဖိုးရှိအောင် အသုံးချမလဲဆိုတာလဲ သိဖို့လိုအပ်သေးတယ်။ ဘ၀ကိုတော့ လက်ခံပါရဲ့။ တန်ဖိုးရှိရှိ အသုံးချပုံ ချနည်းမသိတဲ့အခါကျတော့ ကိုယ်မှန်တယ်ထင်ရာတွေ လုပ်ရင်းနဲ့ အမှားလမ်းပေါ် မျောသွားရင်လဲ မကောင်းဘူး။ ကိုယ်မှန်တယ် ထင်တာက တကယ်မှန်နေရင်တော့ မဆိုးဘူး။ တကယ်တမ်း ဘာသာရေးရှုထောင့်က ကြည့်လို့ မှားယွင်းနေတယ်ဆိုရင် နစ်နာဆုံးရှုံးမှုက အလွန်ကြီးမားပါတယ်။ ဒီဘ၀ ကောင်းစားရင် ပြီးရော နောက်ဘ၀ဆိုတာ နောင်မှလာမှာပဲ ဆိုပြီး ဇွတ်မှိတ်၍ မိုက်မဲနေတာတွေလဲ လောကမှာရှိတတ်တယ်။ ဒါဆို ဘ၀ကိုတော့ လက်ခံတယ်၊ ဒါပေမယ့် နောက်ဘ၀အတွက် ထည့်မတွက်တဲ့သဘောပဲ။ ဒီဘ၀ မှားခဲ့တဲ့ အမှားကြွေးတွေကို နောက်ဘ၀တွေမှာ တန်ဖိုးဖြတ်သတ်မှတ် လို့တောင် မရနိုင်လောက်အောင် အတိုးချပေးဆပ်ရမှာကို ကြိုသိနားလည်ထားရမယ်လေ။ မှားခဲ့တာက တစ်ဘ၀တာ၊ […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၃)

0

ဗုဒ္ဓဘာသာက ဘ၀ကို လက်ခံတယ်။ ဒါပေမယ့် ဒို့ဗုဒ္ဓဘာသာတွေ ပြောတဲ့စကားတွေ၊ ရေးတဲ့စာပေ တွေထဲမှာ `တကယ်လို့များ နောက်ဘ၀သာ ရှိခဲ့မယ်ဆိုရင်´ လို့ ပြောဆို ရေးသားကြတာလေးတွေ တွေ့တွေ့နေရတယ်။ ဒီစကားလုံးက ဘ၀ကို လက်မခံတဲ့ သဘော၊ လက်ခံယုံကြည်မှု သိပ်မရှိတဲ့ သဘောလေးတွေ ပါတယ်ဆိုတာ သတိထားချင်မှ ထားမိကြမှာပါ။ ဘ၀ကို လက်ခံတဲ့အပိုင်းဟာ ဗုဒ္ဓဘာသာမှာ သူတော်ကောင်းတရားတွေ ကျင့်သုံးဖို့အတွက် အလွန်အရေးပါတဲ့ အပိုင်း ဖြစ်နေတာတွေ့ရတယ်။ တကယ်လို့များ ဘ၀ကို လက်မခံဘူးဆိုရင် နောက်ဘ၀မရှိဘူးလို့ ခံယူထားတဲ့အတွက် နောက်ဘ၀ကောင်းစားရေး ဘာမှအထူးလိုက်နာနေစရာ မလိုဘူးဆိုတဲ့ ခံယူချက်တွေ ၀င်လာမယ်။ ဒီလို ခံယူထားတဲ့သူတစ်ယောက်ဟာ ဒီဘ၀မှာပင် ကောင်းတဲ့တရားတွေ ကျင့်သုံးလိုက်နာမှု အားနည်းသွားပြီး မကောင်းတဲ့ အမူအကျင့်တွေဘက်ကို အားသာသွားမယ်။ အခြေအနေတစ်ရပ်အနေနဲ့သာ ကောင်းအောင်နေပြီး မကောင်းတဲ့ အလေ့အကျင့်တွေ ကို အလျဉ်းသင့်ရင် သင့်သလို ကျင့်သုံးသွားမယ်။ […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၂)

0

မနေ့က ဟောင်ကောင်က မဟာယာနဘုန်းကြီးတစ်ပါး သူ့နာမည်က ဓမ္မဇောတိတဲ့။ သူက India နိုင်ငံ Mumbai မြို့ K.J. Somaiya College မှာ အဘိဓမ္မာနဲ့ ပတ်သက်တဲ့ လက်ချာ (lecture) တစ်ခု ပေးသွားတယ်။ Director of Department for Buddhist Studies က lecture ကို တက်ရောက်ရန် တိုက်တွန်းသဖြင့် သွားရောက်နားထောင် ခဲ့တယ်။ အဘိဓမ္မာကို ပြောရင်းနဲ့ သူက သူတို့ဂိုဏ်းက ပစ (paja) ကို အဓိကထားတယ်။ ပစဆိုတာ ထေရ၀ါဒမှာ ပညာပဲတဲ့။ ပညာဟာ misunderstanding, wrong understanding လဲရှိနိုင်တယ်တဲ့။ ဒီစကားတစ်လုံးက သူ အဘိဓမ္မာကို နားမလည်ဘူး မတတ်ဘူး ဆိုတဲ့သဘောကို ပြလိုက်တာပါပဲ။ ဒါကြောင့် ဒို့ဗုဒ္ဓဘာသာတွေ ပညာဆိုတာ ဘာကို […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၁)

0

ဗုဒ္ဓတရားတော်များကို ကိုယ်သိသလောက် လိုက်နာကျင့်သုံးမယ်ဆိုရင် လိုက်နာတဲ့အတိုင်းအတာ တစ်ခုအထိ လူတော်လူကောင်းလဲဖြစ် နိုင်ငံသားကောင်းလဲ ဖြစ်လာနိုင်တာပါပဲ။ ဘုရားရှင်က ဘယ်လိုပုဂ္ဂိုလ် သူတော်ကောင်းဖြစ်တယ် ဆိုတာကို တရားနာတဲ့သူအပေါ် မူတည်ပြီးတော့ အဓိပ္ပါယ်ဖွင့်ဆို ဟောကြားလေ့ရှိပါတယ်။ ဒါကြောင့် တစ်နေရာမှာ ဟောတာနဲ့ နောက်တစ်နေရာမှာ ဟောတာ တူချင်မှ တူမှာပါ။ သို့သော်လည်း အနှစ်သာရအနေအားဖြင့်တော့ အတူတူပဲဖြစ်ပါတယ်။ ခုဒ္ဒကနိကာယ်မှာ ဟောထားတဲ့ သူတော်ကောင်းဖြစ်ရေး လူတော်လူကောင်းဖြစ်ရေးတရားဒေသနာလေး အကျဉ်းချုပ်ဟောထားတာ ဒီနေ့ ပြောပြချင်ပါတယ်။ ပညာရှိ သူတော်ကောင်းဖြစ်ဖို့အတွက် (၁) ကျေးဇူးသိရမယ်၊ (၂) သိတဲ့အတိုင်း ဆပ်နိုင်ရမယ်၊ (၃) မိတ်ကောင်းရှိရမယ်၊ (၄) ရှိထားတဲ့ မိတ်ကောင်းဆွေကောင်းတွေထံမှာလဲ အမြဲဆည်းကပ်လေ့ရှိရမယ်၊ (၅) ကိုယ့်ရှေ့မှောက်မှာ တွေ့ရတဲ့ ဒုက္ခသည်များကိုလည်း တတ်စွမ်းသလောက် အကူအညီပေးရမယ်။ ဒီအင်္ဂါ (၅) ရပ်နဲ့ ပြည့်စုံတဲ့သူကို သူတော်ကောင်းလို့ ခေါ်တယ်ဆိုတာ ဟောထားပါတယ်။ (ယော […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၁၀)

0

ဒို့လူမျိုးတွေ လွယ်လွယ်နဲ့ ကြီးပွားချင်ခဲ့ကြတာ ဒီနေ့ခေတ်မှ မဟုတ်ဘူး၊ ရှေးခေတ်ကတည်းကဆိုတာ သက်သေပြလို့ရတယ်။ ဘာလဲဆိုရင် နဂါးနီသီချင်းဆိုတာ ကြားဘူးကြမှာပါ။ ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဇဂေါဏ မ တဲ့ကိန်းဆိုက်မည်- ဆိုတာလေ။ ဘိုးဘိုးအောင်တို့ ရှင်အဇ္ဇဂေါဏတို့များ မ စ မယ်ဆိုရင် ချမ်းသာမယ်လို့ ယုံကြည်ကြတာကိုးဗျ။ အလုပ်လုပ်မှ ချမ်းသာမယ်လို့ သိတောင်သိထားဟန်မတူပါဘူး။ အလကားရတာတွေနဲ့ ချမ်းသာချင်တဲ့သဘောပေါ့ဗျာ။ လုပ်ပုံက ပုဂံပြည်ကြီး ချမ်းသာခဲ့တာ၊ ဘုရား ပုထိုးတွေ ဒီလောက်များများ တည်နိုင်ခဲ့တာဟာ ရှင်အဇ္ဇဂေါဏက ရွှေမိုး ငွေမိုးရွာချလို့တဲ့။ ကောင်းကြသေးရဲ့လား။ ပုဂံပြည်ကြီးဟာ ထီးစိုက်နန်းစိုက်မြို့ကြီးဖြစ်ခဲ့လို့ အဲဒီခေတ်က အနော်ရထာ မင်းတို့လို သြဇာညောင်းတဲ့ မင်းတွေ အဆက်ဆက် ကြီးစိုးအုပ်ချုပ်ခဲ့တော့ မြန်မာပြည် တစ်နံတစ်လျားက အခွန်ဘဏ္ဍာတွေဟာ ပုဂံပြည်မှာပဲ လာရောက်ဆက်သကြရ တာဖြစ်တော့ ချမ်းသာပြီပေါ့။ ဒါပေမယ့် ဒီလို မင်းကောင်းမင်းမြတ်တွေရဲ့ ကဏ္ဍတွေကို ဘေးဖယ်ထားပြီး ရှင်အဇ္ဇဂေါဏက […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၉)

0

ဗုဒ္ဓဘာသာမှာ ရောထွေးယုံကြည်လေ့ရှိနေတဲ့ အခြားအရာလေးတွေ ရှိနေသေးတယ်။ အဲဒါတွေက ၀ိဇ္ဇာ၊ ဇော်ဂျီ၊ တပသီ ဆိုတာတွေပါ။ ၀ိဇ္ဇာကို ၀ိဇ္ဇာဓိုရ်လို့လဲ ခေါ်လေ့ရှိကြတယ်။ ၀ိဇ္ဇာဓရ ဆိုတဲ့ ပါဠိကို မြန်မာမှုပြုထားတာပါပဲ။ ပုဂ္ဂိုလ်တစ်မျိုးလို့ယုံကြည်ကြလေရဲ့။ ဖြစ်နိုင်တာကတော့ သမထကျင့်ပြီး ပေါက်ရောက်နေတဲ့ပုဂ္ဂိုလ်မျိုး ဖြစ်ပါလိမ့်မယ်။ ၀ိပဿနာမကူးနိုင်ဘဲ ရေလိုက်လွဲသွားတဲ့ သူမျိုးတွေပါ။ သမထပေါက်သွားတော့ အစွမ်းအစ တွေရှိလာတယ်။ အဲဒီအစွမ်းအစတွေကို ကောင်းတဲ့နေရာမှာ အသုံးမပြုဘဲ မကောင်းရာမှာ အသုံးချလေ့ရှိတဲ့ စွမ်းတယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးတွေ ဖြစ်သွားတာပါပဲ။ ကိုးကွယ်ဆည်းကပ်ရမယ့် သူမျိုးထဲမှာ ထည့်သွင်းထားလို့ မရပါဘူး။ ရေလိုက်လွဲသွားတဲ့ အခါကျတော့ သူ့သမထအစွမ်းက မှော်ပညာရပ်ဆန်ဆန် ဖြစ်သွားတော့တယ်။ ဘုရားဟောစာပေတွေမှာလဲ ဒဏ္ဍာရီဆန်ဆန် ၀ိဇ္ဇာဓိုရ်တို့အကြောင်း အနည်းအပါး တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဘုရားဟော ကျမ်းဂန်တွေမှာ လာတဲ့ ၀ိဇ္ဇာဓိုရ်ဆိုသူတွေဟာ သူတော်ကောင်းတွေ မဟုတ်ပါဘူး။ သူများသားမယား ခိုးကြောင်ခိုးဝှက် ဖောက်ပြားတဲ့ပုဂ္ဂိုလ်၊ ဖျက်ဆီးတဲ့ […]

Read More →  
Page 49 of 51« First...203040«4748495051»