Mya Kyun Thar is a newly founded Meditation Centre headed by Venerable Dr. Ashin Parami. It is situated in the Yadanarkyun Ward, Thunandar Road, North Okkala, Yangon, Myanmar. It follows the technique of Mogoke Sayadaw Phayargyi, an eminent meditation master in 1960s.

ဒေါက်တာအရှင်ပါရမီ၏ ရင်တွင်းစကား အပိုင်းအစ အတွေးများ

0

နည်းယူရမယ့်ပညာ ဒီလိုလေးစဉ်းစားပြီး ဒီလိုလေးလုပ်ဆောင်ခဲ့လို့၊ ကြိုးစားခဲ့လို့ ဒီလိုလေးဖြစ်မြောက်လာတဲ့အခါ ဖြစ်မြောက်လာတာလေးကိုသာ အများက သတိထားကြည့်လို့ရတယ်လေ။ ဘယ်လိုလေးစဉ်းစားလို့ ဘယ်လိုတွေလုပ်ဆောင်ခဲ့ရတယ်၊ ဘယ်လောက်ထိအောင် ကြိုးစားခဲ့ရတယ်ဆိုတာတွေက မြင်ကွင်းရဲ့နောက်ကွယ်မှာပဲ ကျန်နေခဲ့တတ်ပါတယ်။ ဒါကြောင့် သူလို ဖြစ်မြောက်အောင်မြင်ချင်ရင်တော့ သူလိုစဉ်းစား၊ သူလိုလုပ်နိုင်ပါမှ ဖြစ်မယ်ဆိုတာက တကယ်နည်းယူရမယ့် ပညာပါပဲ။   မရိုးတဲ့စိတ်ထား မွန်မြတ်တဲ့စိတ်ထားသည် ဘယ်သောအခါမှ ရိုးသွားသည်ဟူ၍ မရှိ။   ကိုယ့်အရှိ ကိုယ်တိုင်သိ ကိုယ့်ဒုက္ခ ကိုယ်သာလျှင် အသိဆုံးဖြစ်ပါ၏။ မိမိအခက်အခဲကို မိမိမှတစ်ပါး အခြားမည်သူက ပိုမို၍ နားလည်နိုင်ပါမည်နည်း။ ထို့ကြောင့် ကိုယ့်ရှိတဲ့ဒုက္ခ ကိုယ်ကိုယ်တိုင် သိအောင်ကြိုးစားနေရင်း သူတစ်ပါးဒုက္ခကိုလည်း ကိုယ်ချင်းစာတတ်လာကြမည်သာဖြစ်ပါ၏။   အဂတိတရား မလိုက်စားသင့် ဆန္ဒ ဒေါသ ဘယ မောဟ ဆိုတဲ့ အဂတိတရား (၄) ပါး တစ်ပါးပါးလိုက်စားရင် မမျှတမှုနဲ့ မတရားမှုဆိုတာ ဖြစ်လာတာ။ […]

Read More →  

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၁)

0

    ရုပ်နာမ်မသိ လူဒိဋ္ဌိမှာ မိုးဖျားဗြဟ္မာ ဖြစ်တုံပါလည်း ခန္ဓာပြိုကွဲ ကုသိုလ်စဲက ဖောက်လွဲပါယ်ရွာ ရောက်တတ်စွာ၏။ ၀ိပဿနာလုပ်လိုသူများအတွက် ရုပ်နာမ်ကို ရှေးဦးစွာ သိထားဖို့ အရေးကြီးပါတယ်။ ရုပ်ဆိုတာက ဖောက်ပြန်တတ်တဲ့သဘောတရားတွေပါပဲ။ အပူကြောင့်ဖြစ်စေ အအေးကြောင့်ဖြစ်စေ ဖောက်ပြန်တတ်တာ ရုပ်ပေါ့။ ရုပ်လည်း ဖောက်ပြန်တာပါပဲ၊ နာမ်လည်းဖောက်ပြန်တာပါပဲ။ ဒါပေမယ့် ရုပ်ရဲ့ ဖောက်ပြန်မှုက သိသာထင်ရှားလို့သာ ရုပ်ကိုမှ ဖောက်ပြန်တတ်တဲ့သဘော (ရုပ္ပတီတိ ရူပံ)လို့ ပြောရတာပေါ့။ ကိုယ့်သန္တာန်မှာ သုံးသပ်ကြည့်မယ်ဆိုရင် ရုပ်ရဲ့ သဘောတရားတွေ သိသိသာသာ တွေ့ရမှာပါ။ ခန္ဓာမှာ မာတဲ့သဘော ပျော့တဲ့သဘော နူးညံ့တဲ့သဘောလေးတွေ ရှိနေတာပဲ။ ဒါတွေက ပထ၀ီဓာတ်တွေပေါ့။ အစိုဓာတ် အထိုင်းဓာတ် အစီးဓာတ်လေးတွေလည်း ရှိနေပါတယ်။ ဒါတွေက အာပေါဓာတ်တွေပေါ့။ အပူဓာတ် အနွေးဓာတ် အအေးဓာတ် ဆိုတာလည်း ရှိနေတာပဲ။ ဒါဟာ တေဇောရုပ်ပေါ့။ လှုပ်တဲ့သဘော […]

Read More →  

လှူပုံလှူနည်း

1

  အလှူဒါနတွေ လုပ်တဲ့အခါ အဆင့်မြင့်တဲ့ အလှူဒါနဖြစ်ဖို့အတွက် သစ္စာသိပြီးမှ လှူဒါန်းပါဆိုတာ မိုးကုတ်ဆရာတော်ဘုရားကြီးက ဦးစားပေး ဟောလေ့ ပြောလေ့ သွန်သင် ဆုံးမလေ့ရှိပါတယ်။ အလှူဒါနမှန်လျှင် မကောင်းဘူးဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် လှူတိုင်းလည်း ကောင်းကျိုး အတူတူ မရနိုင်ဘူးဆိုတာ အဘိဓမ္မာဒေသနာတော်က သက်သေခံထားပါတယ်။ ကုသိုလ်ဆိုတာ ဉာဏ်ပါမှ တော်ကာကျတယ်။ ဉာဏ်မပါဘဲနဲ့ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုက အကျိုးပေးလိုက်မယ်ဆိုရင် အဲဒီအကျိုးပေးက သိပ်ကြောက်စရာကောင်းပါတယ်။  ဥပမာ- စေတနာမပါဘဲနဲ့ မဖြစ်မနေမို့၊ သို့မဟုတ် မကောင်း မကင်းလို့ လှူလိုက်ရတယ်ဆိုပါတော့။ ဒီကုသိုလ်ကနေ အကျိုးပေးလိုက်လို့ သုဂတိအဟိတ်နဲ့များ ပဋိသန္ဓေနေပြီး လူဖြစ်လာခဲ့ရင် အဲဒီလူဟာ လူစင်မမီတော့ဘူး။ လူ့အဆင့်အတန်းမီတဲ့ အသိဉာဏ်တွေ ကင်းမဲ့နေတော့ ရှေ့ကထားလဲမရ၊ နောက်ကလဲ ဖြောင့်ဖြောင့်မလိုက်တတ်နဲ့ ဘယ်နေရာမှ အချိုးမကျ၊ လူတောမတိုးတဲ့ဘ၀မျိုးဖြစ်သွားခဲ့ရင် သိပ်နစ်နာပါတယ်။ ဆွံ့အ နားပင်းစတဲ့ဘ၀ဆိုးမျိုးတွေလဲ ဖြစ်လာတတ်တယ်လေ။ ဒါဟာ […]

Read More →  

ဝါတွင်းကာလ ဗုဒ္ဓအဘိဓမ္မာသင်တန်း

0

(၂-၉-၂၀၁၂) ရက်နေ့ ဒုတိယအဆင့် သင်ကြားပေးနေစဉ် မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန)၌ ပဓာနနာယကဆရာတော် ဒေါက်တာအရှင်ပါရမီကိုယ်တိုင် ဖွင့်လှစ်သင်ကြားပေးသော ၀ါတွင်းကာလ ဗုဒ္ဓအဘိဓမ္မာသင်တန်းကို ၁။ စနေနေ့ (၁း၀၀)နာရီမှ (၃း၀၀)နာရီအထိ တတိယအဆင့် ၂။ တနင်္ဂနွေနေ့ (၁း၀၀)နာရီမှ (၂း၃၀)နာရီအထိ ပထမအဆင့် ၃။ တနင်္ဂနွေနေ့ (၂း၃၀)နာရီမှ (၄း၀၀)နာရီအထိ ဒုတိယအဆင့်ဟူ၍ အချိန်သုံးချိန်ပိုင်းခြားလျက် ၀ါဆိုပြီးကတည်းက အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ပုံမှန် သင်ကြားပေးလျက်ရှိသည်။ အသက်အရွယ်မရွေး မည်သူမဆို တက်ရောက်သင်ယူနိုင်သည်။ (မြန်မာလိုသာ သင်ပေးသည်)။ သတင်း

Read More →  

တရားစခန်းနောက်ဆုံးနေ့

မြောက်ဥက္ကလာပမြို့နယ်၊ ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတမိုးကုတ် ဆရာတော်ဘုရားကြီး၏ တရားဌာန၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးဌာန၌ အဓိပတိဆရာတော်ဘုရားကြီး ဘဒ္ဒန္တွ ၀ိမလဗုဒ္ဓိ မထေရ်သူမြတ်ကြီးအား ဦးထိပ်ထားလျက် ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ အဋ္ဌမအကြိမ်မြောက် မိုးကုတ်ဝိပဿနာ အလုပ်သင် (၇)ရက်တရားစခန်းကို (၂၃-၈-၂၀၁၂) ရက်နေ့မှ (၂၉-၈-၂၀၁၂) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ရာ ဒီနေ့ နောက်ဆုံးနေ့ဖြစ်သည်။ သို့ရာတွင် ယောဂီများမှာ နောက်နေ့ နံနက် အရုဏ်ဆွမ်းပြီးမှ ပြန်ကြရမည်ဖြစ်သည်။ ယောဂီများ တစ်နေ့လျှင် (၉)ကြိမ်ထိုင်ကြရသည်။ နံနက် (၆း၃၀) နာရီမှ (၇း၃၀)နာရီအထိ မိုးကုတ်ဆရာတော်ဘုရားကြီ၏ အသံတော်တရားခွေကို နာယူရခြင်း၊ နေ့ (၁၂း၃၀)နာရီမှ (၁း၃၀)နာရီအချိန်အထိ မိုးကုတ်ဆရာတော်ဘုရားကြီး၏ အသံတော်တရားခွေကို နာယူရခြင်း၊ နံနက် (၈း၀၀) နာရီမှ (၉း၀၀)နာရီအထိ သင်တန်းတရားနာကြားခြင်း၊ နံနက် (၉း၃၀)နာရီမှ (၁၀း၃၀) နာရီအထိ သီလယူ အလုပ်ပေးတရားနာကြားလျက် တရားထိုင်၍ […]

Read More →  

အဋ္ဌမအကြိမ်တရားစခန်းအတွက် အလှူရှင်များ

0

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) အဋ္ဌမအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက် အထူးတရားစခန်း အရုဏ်ဆွမ်းအလှူရှင်များစာရင်း – အရုဏ်ဆွမ်းတစ်နပ် (၆၀၀၀၀)ကျပ် (၂၃-၈-၂၀၁၂) ရက် မှ (၂၉-၈-၂၀၁၂) ရက်အထိ စဉ် ရက်စွဲ အလှူရှင်အမည်နှင့် နေရပ်လိပ်စာ ၁ ၂၃-၈-၂၀၁၂ ကြာသပတေး ဒေါ်အောင်ကြည်၊ ဒေါ်လှမေ၊ ဒေါ်သန်းသန်းဝင်း စခန်းဝင်ယောဂီများ ၂ ၂၄-၈-၂၀၁၂ သောကြာ ဦးဖုန်းနိုင်+ဒေါ်ချယ်ရီမိသားစု၊ လမင်းအိမ်စားသောက်ဆိုင်၊ ကြိုးတံတား၊ မ/ဥ ၃ ၂၅-၈-၂၀၁၂ စနေ ဦးကျော်ကျော်+ဒေါ်သော်သော်ပြုံးမိသားစု၊ ဋ/၉၂၊ ပတ္တမြားလမ်း၊ ရတနာကျွန်း၊ မြောက်ဥက္ကလာ ၄ ၂၆-၈-၂၀၁၂ တနင်္ဂနွေ ဦးဝင်းလွင်ဦး+ဒေါ်မိမိထွေးမိသားစု၊ လွင်ဦးထွေးအိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး၊ စော်ဘွားကြီးကုန်း ၅ ၂၇-၈-၂၀၁၂ တနင်္လာ […]

Read More →  

မြကျွန်းသာ မိုးကုတ်ရိပ်သာ (၇)ရက်တရားစခန်း

0

  ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) ၌ ကျေးဇူးရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီ၊ အရှင်သဇ္ဇနသာရ၊ အရှင်စန္ဒိမာ သစ္စာညီနောင်ဆရာတော်သုံးပါး ဦးစီးလျက် အဋ္ဌမအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက်တရားစခန်းဖွင့်လှစ်မည်ဖြစ်ပါ၍ တရားစခန်းဝင်လိုသူ ယောဂီများ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါပြီ။ နေ့ဆွမ်း၊ အရုဏ်ဆွမ်းလှူဒါန်းလိုသူစေတနာရှင်များ အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။ တရားစခန်းရက်- (၂၃-၈-၂၀၁၂) ကြာသပတေးနေ့မှ (၂၉-၈-၂၀၁၂) ဗုဒ္ဓဟူးနေ့အထိ                     ၁၃၇၄-ခုနှစ်၊ ၀ါခေါင်လဆန်း (၆)ရက်မှ (၁၂)ရက်နေ့အထိ ဖုန်း-    ၀၁-၆၉၁၅၅၃၊ Website: www.myakyunthar.com; Email: venparami@gmail.com သတင်း

Read More →  
Page 5 of 51« First...«34567»102030...Last »