Mya Kyun Thar is a newly founded Meditation Centre headed by Venerable Dr. Ashin Parami. It is situated in the Yadanarkyun Ward, Thunandar Road, North Okkala, Yangon, Myanmar. It follows the technique of Mogoke Sayadaw Phayargyi, an eminent meditation master in 1960s.

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၈)

1

ဗုဒ္ဓဘာသာတွင် ရောထွေးယုံကြည်လျက် ရှိနေသော ထွက်ရပ်ပေါက် ပြဿနာတစ်ခု မကြာမကြာ ရေပန်းစား လာတာကို တွေ့ရတတ်ပါတယ်။ ဗုဒ္ဓက ထွက်ရပ်ပေါက်ပုဂ္ဂိုလ် အကြောင်း မပြောခဲ့ပါဘူး။ အားလဲ မပေးပါဘူး။ ဒါပေမယ့် ဒို့ဗုဒ္ဓဘာသာတွေက ထွက်ရပ်ပေါက်ပုဂ္ဂိုလ်က အရှင်ထွက် ထွက်တယ်၊ အသေထွက် ထွက်တယ် စသည်ဖြင့် တစ်ဆင့်စကား တစ်ဆင့်ကြားနဲ့ လေထဲတွင်ဖြစ်နေတဲ့ ဒဏ္ဍာရီဆန်ဆန် လံကြုပ် လုပ်ကြံ ပုံပြင်တွေနဲ့ ယုံကြည်နေကြတာတွေ ပေါ်ပေါ်လာတာ မကြာခဏ ဆိုသလိုပါပဲ။ လူတွေဟာ သေရမှာကြောက်လို့ မသေရာနည်းလမ်းကို ရှာဖွေရာကနေ အသေထွက် အရှင်ထွက် ပြဿနာတွေ ပေါ်လာရတယ်လို့ သုံးသပ်လို့ရပါတယ်။ အသေထွက် ဆိုတာကတော့ သာမန်ဦးနှောက်နဲ့ စဉ်းစားလိုက်ရင်တောင် ရှင်းပါတယ်။ မည်သူမဆို သေမှတော့ အသေထွက် လို့ပြောလို့ရတာပေါ့။ ဒါပေမယ့် လောကမှ အပြီးအပိုင်ထွက်ခွါပြီး နိဗ္ဗာန်ရောက် တာမျိုးတော့ ဘယ်ဖြစ်နိုင်မလဲ။ အသေနဲ့ ဒီဘ၀က […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၇)

0

မနေ့က ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်ဖို့ အဓိကထား ဆွေးနွေးခဲ့တယ်။ ဒီနေ့လဲ အဲဒီအကြောင်းကိုပဲ ထပ်လောင်း ဖြည့်စွက်ဆွေးနွေးသွားပါမယ်။ ဗုဒ္ဓဘာသာရဲ့ နေ့စဉ်ဘ၀ အဓိကကျတဲ့ကျင့်သုံးမှု အပိုင်းမှာ ကိုယ့်ကိုယ်ကို နားလည်မှု (self-understanding) ကိုလဲ အလေးပေးထားတာ တွေ့ရပါတယ်။ ကိုယ့်ကိုယ်ကို နားလည်ဖို့အတွက် ကိုယ့်စိတ်ကို နားလည်အောင်လုပ်ရတာပါ။ ကိုယ့်စိတ်တွေက တည်ငြိမ်နေသလား၊ ယောက်ယက်ခတ် နေသလား၊ စူးစိုက်နေလား၊ ပျံ့ကြဲနေလား၊ ကောင်းနေလား၊ ဆိုးနေလား၊ ကြည်လင်နေလား၊ နောက်ကျုနေလား၊ စိတ်တိုတတ်လား၊ စိတ်ရှည်တတ်လား၊ စိတ်ကောင်းထားတတ်လား၊ မထားတတ်လား၊ လောဘ ကိလေသာ အားကြီးနေလား၊ လျော့နဲနေလား၊ အကောင်းမြင် တတ်လား၊ အဆိုးမြင်တတ်လား စသည်ပေါ့။ အတိုဆုံးပြောရရင်တော့ အကုသိုလ်ဖြစ်နေလား၊ ကုသိုလ်ဖြစ်နေလားဆိုတာပါပဲ။ အဆိုးဘက်များနေရင် (negative) သဘောဆောင်နေရင် ဆောင်နေမှန်းသိအောင်လုပ်ပေးရတယ်။ သိတာနဲ့ ဒီစိတ်ဓာတ်တွေ မကောင်းဘူး၊ ငါ ဒီလိုစိတ်ထားမျိုး ထားလို့မတော်ဘူး ဆိုပြီး ကိုယ့်ကိုယ်ကို […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၆)

0

ဗုဒ္ဓဘာသာမှာ ကိုယ့်အားကိုယ် ကိုးတတ်ဖို့ (self-reliance) ဟာ အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။ ဒါကို နားမလည်တဲ့အခါကျတော့ ဒို့ဗုဒ္ဓဘာသာတွေ ဟိုအားကိုးရမှာလိုလို ဒီအားကိုးရမှာလိုလို ဖြစ်ပြီး ဘာသာရေး လမ်းကြောင်းမှ သွေဖီသွားတာတွေ တွေ့တွေ့နေရတယ်။ အဲဒါ ဘာတွေလဲဆိုရင် နတ်ကိုးကွယ်မှု၊ ဘိုးတော်၊ ရသေ့ ကိုးကွယ်မှု၊ ဗေဒင် ဓာတ်ရိုက်ဓာတ်ဆင် အားကိုးမှု၊ မှော်ဆရာကိုးကွယ်မှု၊ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကိုးကွယ်မှု စသည်ပေါ့။ ကိုယ်တိုင် ကြိုးစားလို့ စီးပွားတိုးတက် အဆင်ပြေလာတဲ့အခါမှာ ကိုယ်ကိုယ်တိုင် လုံ့လ ၀ီရိယနဲ့ ကြိုးစား အားထုတ်မှုကြောင့် တိုးတက်ကြီးပွားလာတာကို နတ်က မစလို့ ဒီလိုဖြစ်လာတာဆိုပြီး ကိုယ့်အစွမ်းတွေကို နတ်ပေါ်မှာ ပုံအပ်လိုက်တယ်။ ဒီလိုနဲ့ စီးပွားလဲတက်လာရော နတ်ရဲ့ကျေးကျွန်တွေ ဖြစ်ကုန်ကြတာတွေ တော်တော်များများ တွေ့နေရတယ်။ နတ်ကို အားကိုးနေမိတဲ့အချိန်မှာ အချိန်ကိုက် စောင့်နေကြတဲ့ နတ်ကတော် ဆိုတာတွေကလဲ တစ်နည်းမဟုတ် တစ်နည်းနဲ့ […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၅)

1

ဗုဒ္ဓဘာသာမှာ ရိုသေတာ၊ ကိုင်းရှိုင်းတာ၊ ယဉ်ကျေးတာ၊ ဖော်ရွေတာ၊ စိတ်သဘောထား နုညံ့သိမ်မွေ့တာ၊ တစ်ယောက်နဲ့ တစ်ယောက် အကူအညီပေးတတ်တာ၊ သနားကြင်နာ တတ်တာ၊ မေတ္တာတရား ကြီးမားတာ၊ စည်းလုံးညီညွတ်တာ စသည်ဖြင့် အခြားဘာသာတွေထက် ပိုပြီးလေးနက်တဲ့ ထူးခြားမှုတွေ များစွာတွေ့မြင် နိုင်ပါတယ်။ ဗုဒ္ဓအလိုကျ လူနေမှုဘ၀ ပုံစံလေးပေါ့။ အမူအရာတွေလဲ ယဉ်ကျေး၊ အပြောအဆိုတွေလဲ သိမ်မွေ့၊ စိတ်သဘောထားတွေလဲ မြင့်မြတ်နေတဲ့ အထက်တန်းကျတဲ့ လူသားဘ၀ကို ဗုဒ္ဓဘာသာက ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ရအောင် ယူတတ်ဖို့တော့ အရေးကြီးတာပေါ့။ ပေးတော့ ပေးနေတာပဲ၊ ရအောင်မယူတတ်ရင်တော့လဲ ဒီအနှစ်သာရတွေ တွေ့မြင်ခံစားရမှာ မဟုတ်ပါဘူး။ ဒါတွေအားလုံးရဲ့ အခြေခံအနေနဲ့ကတော့ နေ့စဉ် ရတနာသုံးပါး ယုံကြည်၊ ငါးပါးသီလ လုံခြုံနေအောင် စောင့်ထိန်းရတာပါပဲ။ ဒါဟာ အခြေခံ အကျဆုံး ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထူး လိုက်နာရမယ့် စည်းမျဉ်းလိုဖြစ်နေပါတယ်။ ဒါကို […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၄)

0

ဗုဒ္ဓဘာသာကို ယနေ့ခေတ်မှာ ထေရ၀ါဒနဲ့ မဟာယာနဆိုပြီး ခွဲခြားဝေဖန် သုံးသပ်နေကြတာတွေ တွေ့ရပါတယ်။ ယနေ့ မြန်မာပြည်မှာ လက်ခံကျင့်သုံးနေတဲ့ ဗုဒ္ဓဘာသာဟာ ထေရ၀ါဒဗုဒ္ဓဘာသာဖြစ်ပါတယ်။ သို့သော်လည်း အချို့အစဉ်အလာတွေမှာ မဟာယာန လောင်းရိပ်မကင်းတာတွေ၊ ဟိန္ဒူလောင်းရိပ်မကင်းတာတွေလဲ တွေ့ရတာပါပဲ။ ဒါကြောင့် မြန်မာဗုဒ္ဓဘာသာကို ထေရ၀ါဒစစ်စစ်ဖြစ်ဖို့ ယောင်ယောင်ဝါးဝါးနဲ့ ကြိုးစားနေကြတာတွေလဲ ကြားသိမြင်တွေ့နေရပါတယ်။ ဥပမာပြောရလျှင် ရှင်ဥပဂုတ် ဆိုတာ မြန်မာပြည်တစ်ဝှမ်း ရေပန်းလဲစား ကိုးကွယ်ယုံကြည်မှုတွေလဲ များနေပါတယ်။ ရှင်ဥပဂုတ် ဖောင်မျှောပွဲ၊ ရှင်ဥပဂုတ် ပူဇော်ပွဲ၊ ရှင်ဥပဂုတ် တင်မြှောက်ပွဲ စသည်ဖြင့် ဒေသအလိုက် ကိုယ့်ပုံစံနဲ့ ကိုယ် ကိုးကွယ်နေကြတာတွေပါပဲ။ ဘုရားစေတီ ရင်ပြင်တွေမှာရော၊ အချို့ရေကန်တွေမှာပါ ရှင်ဥပဂုတ်ပုံကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် ရှင်ဥပဂုတ် သမိုင်းကြောင်းကို ထေရ၀ါဒကျမ်းဂန်တွေမှာ မတွေ့ရပါဘူး။ သို့သော် ရှင်ဥပဂုတ်သည် အိန္ဒိယတွင် သူ့ခေတ် သူ့အခါက အလွန်ထင်ပေါ်ကျော်ကြားခဲ့တဲ့ ရဟန်းတစ်ပါးဖြစ်ခဲ့တာတော့ သေချာပါတယ်။ […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း (၃)

2

ဘုရားစာရွတ်ဖတ်ခြင်း၊ ရှိခိုးခြင်း၊ ပူဇော်ခြင်း၊ ပုတီးစိပ်ခြင်း၊ ဂုဏ်တော် ပွားခြင်း စသည်ဖြင့် ဗုဒ္ဓဘာသာဝင်တို့ သာမာန်နေ့စဉ်ဘ၀တွင် ကျင့်သုံး နေကြသည့် အလေ့အကျင့်များကို ကုသိုလ်တော့ ရသည်၊ နိဗ္ဗာန်မရဟုဆိုကာ ကပျက်ကချော် ပြောဟောသွန်သင် နေကြသော ဓမ္မကထိက များလည်း ယနေ့ခေတ်တွင် တော်တော်ထွန်းကား ရေပန်းစားလျက် လူကြိုက်များ နေကြတာ တွေ့ရပါတယ်။ ဗုဒ္ဓဘာသာကို လေ့လာဆန်းစစ်မယ် ဆိုရင် ကောင်းမြတ်တဲ့ အလေ့အကျင့်တွေဟာလည်း တစ်ဖက်တစ်လမ်းမှ အနှစ်သာရအနေဖြင့် တည်ရှိနေတာကို တွေ့ရပါတယ်။ ဘုရားစာ ရွတ်ဖတ်တာဟာ ကိုယ်နားမလည် ပေမယ့် စေတနာကောင်းကောင်းဖြင့် ရွတ်ဖတ်မယ် ဆိုရင် ကောင်းကျိုး တွေပေးနေတာပါပဲ။ ဘုရားရှင်ကို သိကြားမင်းက ဂါထာနဲ့ရွတ်ဖတ် ပူဇော်တာတွေ၊ အရှင်သောဏမထေရ်ကို ဘုရားရှင်က အရွတ်အဖတ်ကောင်းလို့ ကောင်းချီးပေးခဲ့တာတွေ၊ ဖားနတ်သားဟာ ပဌာန်းသံကို နားမလည်ပါပဲလျက် နားထောင်ကောင်း၍ နားထောင်နေစဉ် နွားကျောင်းသား တုတ်ဖြင့်ထောက်မိ၍ သေသွားတော့ […]

Read More →  

ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း(၂)

1

ဗုဒ္ဓဘာသာမှာ ဒါနဆိုတဲ့စကားလုံးကို အဓိပ္ပါယ်ဖွင့် ဘောင်ခတ်ကန့်သတ်ထားလေ့ရှိကြ၏။ ဘယ်လိုပုဂ္ဂိုလ် လှူမှမြတ်တယ် စသည်ဖြင့်ပေါ့။ မြတ်မှလှူမယ်ဆိုလျှင် ကိုယ်ကျိုးငဲ့တဲ့အလှူဖြစ်နေတာကို သတိထားသင့်ပါတယ်။ မိမိကောင်းကျိုးထက် လောကကောင်းကျိုး အများကောင်းကျိုး အတွက် ထိရောက်မှုရှိမယ်ဆိုလျှင် လှူသင့်တာပါပဲ။ ဥပမာပြောရရင် ဘုရားတည်၊ ကျောင်းဆောက် အလုပ်တွေတော့ အများကြီးလုပ်ပါတယ်၊ ကိုယ့်အိမ်ဘေးက ဆေးကုစရိတ်မရှိရှာလို့ သေရတော့မယ်ဆိုတဲ့လူနာ၊ ဆေးဖိုးလေး တစ်သောင်း နှစ်သောင်းလောက်ထုတ်ပေး လိုက်ရင် သူအသက်မသေနိုင်ဘူးလို့ သိရတဲ့လူနာကို လက်ပိုက်ကြည့်နေတယ်ဆိုရင် ဒင်းဒိုက်နဲ့ဒင်းကံ သေသာ သေလိုက်တော့ ဆိုတဲ့သဘော သက်ရောက်သွားတယ်။ ကိုယ့်အတွက် တစ်သောင်းနှစ်သောင်းဟာ မပြောပလောက်ပေမယ့် အဲဒီလူနာအတွက်မှာတော့ အသက်ဘေးကလွတ်မြောက် သွားနိုင်တယ်လေ။ ဒါဆိုရင် ကိုယ့်အတွက်တော့ ဘုရားလှူတာလောက် မြတ်ချင်မှမြတ်မှာပေါ့။ သူ့အတွက်ကျတော့ တန်ဖိုးမဖြတ်နိုင်တော့ဘူး။ လူသားတို့ရဲ့ ဘ၀ အခက်အခဲတွေကို ပညာရှိနည်းနဲ့ဖြစ်စေ ငွေကြေးအထောက်အပံ့နဲ့ဖြစ်စေ ကူညီပေးမယ်ဆိုရင် ကောင်းမြတ်တဲ့ ဒါနသဘောတရား အခြေခံတွေပါပဲ။ မာဃလုလင်နဲ့လုလင် သုံးကျိတ်သုံးယောက်တို့ ဇာတ်လမ်းဟာ […]

Read More →  
Page 50 of 51« First...203040«4748495051»