Mya Kyun Thar is a newly founded Meditation Centre headed by Venerable Dr. Ashin Parami. It is situated in the Yadanarkyun Ward, Thunandar Road, North Okkala, Yangon, Myanmar. It follows the technique of Mogoke Sayadaw Phayargyi, an eminent meditation master in 1960s.

ရေကာတာ အုတ်တံတိုင်းအလှူရှင်များ

0

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန)၌ ဒီရေတက်လျှင် ကျောင်းဆောင်များအတွင်း ရေ၀င်သည့်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ရေကာတာ အုတ်တံတိုင်း တည်ဆောက်လျက်ရှိသည်။ အုတ်တံတိုင်းတည်ဆောက်ရာတွင် ထည့်ဝင်လှူဒါန်းကြသော အလှူရှင်များကို ဖော်ပြပါမည်။ ၁။ ကျောင်းဒကာကြီး ဦးလှကြည် + ကျောင်းဒကာမကြီး ဒေါ်အေးအေးသွယ် မိသားစု၊ ဦးလှကြည် သစ်စက်၊ မြောက်ဥက္ကလာပမှ အလှူငွေ (၁၀) သိန်းကျပ် ၂။ မိဘနှစ်ပါးဖြစ်ကြသော ဦးမြ+ဒေါ်သိန်းတို့အား အမှူးထား၍ သမီး မစန်းသူဇာ၊ စ/၄၅၂၊ မြရတနာ (၁)လမ်း၊ မြေက်ဥက္ကလာမှ အုတ်တံတိုင်းနှစ်ခန်းစာ အလှူငွေ (၁၆၀၀၀၀)ကျပ် ၃။ ကွယ်လွန်သူ ဦးလှရွှေ +ဒေါ်တင်အေးတို့အား ရည်စူး၍ ဦးမိုးကြီး + ဒေါ်လှလှဝင်း၊ သမီး မစုမြတ်စန္ဒီမိုးမိသားစု၊ မိုးကြီးလဘက်ရည်ဆိုင်၊ ဇ/၆၈၃၊ သုနန္ဒာ (၁)လမ်း၊ မြောက်ဥက္ကလာပမှ တစ်ခန်းစာ […]

Read More →  

ရေကာတာ အုတ်တံတိုင်းတည်ဆောက်ရန် စတင်

0

ကျောင်းဝင်းအတွင်း ရေလျှံနေစဉ် ဓမ္မာရုံရှေ့၌ပင် ရေများ ပြည့်လျှံလျက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတမိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) ကို ၂၀၀၉-ခုနှစ်မှ စတင်တည်ထောင်ပြီး တရားစခန်းများကိုလည်း အခါအားလျော်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။ ယခုအချိန်အထိ (၇)ကြိမ်တိတိ ဖွင့်လှစ်ပြီးခဲ့ပြီဖြစ်ပြီး ယခုနှစ်မှစတင်၍ နှစ်လတစ်ကြိမ် ပုံမှန်တရားစခန်းများကို ဖွင့်လှစ်လာနိုင်ခဲ့ပါသည်။ နေ့ စဉ်အာစိဏ္ဏကံတရားစခန်းများကိုလည်း ပုံမှန်ဖွင့်လှစ်ထားသည်။ နေ့စဉ်လာရောတရားအားထုတ်သည့်ယောဂီများလည်း တိုးတက်များပြားလာလျက်ရှိသည်။ နေ့ (၁း၃၀)နာရီအချိန်တွင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားခွေကို ဖွင့်ပေးပြီး(၃း၀၀)နာရီမှ (၄း၀၀)နာရီအထိ တရားထိုင်ချိန်အဖြစ်သတ်မှတ်ထားသည်။ တရားထိုင်ချိန်အလုပ်ပေးတရားတော်မျာကိုလည်း ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီမှ နေ့စဉ်နီးပါး အားလပ်သည့်ရက်တိုင်း ဟောကြားပေးလျက်ရှိသည်။ တနင်္ဂနွေနေ့ (၁း၃၀)နာရီအချိန်တွင်မူ ပဋိစ္စသမုပ္ပါဒ်သင်တန်းတရားကို ပုံမှန်ဟောကြားပေးပြီး ဥပုသ်နေ့တိုင်းတွင် နံနက် (၉း၃၀)နာရီတွင် သီလပေးပြီး အလုပ်သင်တရား သို့မဟုတ် ပဋိစ္စသမုပ္ပါဒ်သင်တန်းတရားကို ဟောကြားပေးသည်။ နေ့ (၁၂း၀၀)နာရီအချိန်တွင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ […]

Read More →  

ဝါဆိုသင်္ကန်းကပ်နှင့် တရားတော်နာ ဖိတ်ကြားလွှာ

0

(၂-၈-၂၀၁၂) ဒုတိယ၀ါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့တွင် မြကျွန်းသာမိုးကုတ်ရိပ်သာ၌ သီတင်းသုံးသံဃာ (၃၅)ပါးနှင့် အခြား ပင့်သံဃာ (၁၁)ပါးတို့အား ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပမည်ဖြစ်ပါ၍ ရပ်နီးရပ်ဝေးမှ မည်သူမဆို လာရောက်ကြည်ညိုနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။ အခမ်းအနားကို နံနက် (၉း၃၀)နရီတွင် စတင်ပြီး (၁၀း၃၀)တွင် ပြီးဆုံးမည်ဖြစ်သည်။ အခမ်းအနားပြီးလျှင် သံဃာတော်များနှင့် ဧည့်ပရိသတ်တို့အား ထောပတ်ဆွမ်း၊ ထောပတ်ထမင်းဖြင့် ဆက်ကပ်၊ ကျွေးမွေးဧည့်ခံမည်။ နေ့ခင်း (၁း၃၀) နာရီအချိန်တွင် ရွှေအင်ပင်ဆရာတော် ဒေါက်တာအရှင်ပါရမီမှ တရားဦးဓမ္မစကြာ တရားတော်ကို ဟောကြားချီးမြှင့်ပေးမည်ဖြစ်ပါ၍ တရားတော်နာ ကြွရောက်ကြပါရန်လည်း ထပ်လောင်း၍ နှိုးဆော်အပ်ပါသည်။ နေရာ ရတနာဒီပဓမ္မာရုံ မြကျွန်းသာမိုးကုတ်ရိပ်သာ၊ ရတနာကျွန်းရိပ်သာ၊ သုနန္ဒာလမ်း၊ (ဋ)ရပ်ကွက်၊ မြောက်ဥက္ကလာပ

Read More →  

ဝါတွင်းကာလ ဗုဒ္ဓအဘိဓမ္မာသင်တန်း

0

ဝါတွင်းကာလ ဗုဒ္ဓအဘိဓမ္မာသင်တန်းကို အဆင့်သုံးဆင့်ခွဲခြားပြီး ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်၍ မည်သူမဆို စိတ်ပါဝင်စားသူတိုင်း တက်ရောက်နိုင်ပါသည်။ သင်တန်းကို လက်တွေ့အသုံးချ အဘိဓမ္မာအနေဖြင့် နေ့စဉ်လူနေမှုဘ၀တွင် ဗုဒ္ဓအလိုကျနေနည်းထိုင်နည်း၊ စီးပွားရှာနည်း၊ ဘ၀တိုးတက်အောင်မြင်ရေးရှုထောင့်မှ အဘိဓမ္မာ စသည်ဖြင့် သင်ကြားစဉ်ကာလအတွင်း ဓမ္မကို ဘ၀နှင့် ချဉ်းကပ်ယူနိုင်စေရန် အဓိကထားလျက် ဒေါက်တာအရှင်ပါရမီ ကိုယ်တိုင် သင်ကြားပေးမည်ဖြစ်ပြီး အောင်မြင်သော သင်တန်းသားများအား အောင်လက်မှတ်နှင့် ဆု အသီးသီး ချီးမြှင့်ပေးမည်။ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် မိမိနှစ်သက်ရာအဆင့်မှ စတင်တက်ရောက်နိုင်သည်။ သုံးဆင့်လုံးလည်း တစ်ပြိုင်နက် တက်ရောက်နိုင်သည်။ သို့သော် အထက်အဆင့်တွေ တက်ဖို့ အောက်အဆင့် အခြေခံရှိပြီး သင်တန်းသာများမှသာ အဆင်ပြေနိုင်သည်။ ပထမ၊ ဒုတိယနှစ်ဆင့်တွဲတက်နိုင်သော်လည်း တတိယအဆင့်ကို အောက်အခြေခံမပါဘဲ တက်လျှင် နားလည်ဖို့ အခက်အခဲရှိနိုင်သည်။ သင်တန်းကို (၄-၈-၂၀၁၂)ရက်နေ့မှစ၍ သင်ကြားမည်ဖြစ်သည်။ တနင်္ဂနွေနေ့တွင် တတိယအဆင့်သင်တန်းကို သင်ပေးမှာဖြစ်ပြီး စနေနေ့တွင် ပထမအဆင့်နှင့် […]

Read More →  

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ

0

မြကျွန်းသာမိုးကုတ်ရိပ်သာ၌ ၀ါဆိုဝါကပ်ကြသော သံဃာတော်အရှင်သူမြတ်တို့အား ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို အောက်ပါအစီအစဥင်္အတိုင်းကျင်းပပြုလုပ်မည်ဖြစ်ပါ၍ ရပ်နီး ရပ်ဝေးမှ ဒကာ ဒကာမအပေါင်းတို့အား လာရောက်ကြည်ညိုပူဇော်ကြပါရန် ဖိတ်ကြားအပ်ပါသည်။ နေ့ရက် –                   ၁၃၇၄-ခုနှစ်၊ ဒုတိယ၀ါဆိုလပြည့်နေ့ (၂-၈-၂၀၁၂) အချိန်-                      နံနက် (၉း၃၀)နာရီ ဧည့်ခံကျွေးမွေးချိန်-  နံနက်(၁၀း၃၀) နေရာ-                      မြကျွန်းသာမိုးကုတ်ရိပ်သာ                                  ရတနာကျွန်းရိပ်သာ၊ သုနန္ဒာလမ်း၊ (ဋ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး သတင်း

Read More →  

သတ္တမအကြိမ်တရားစခန်း အောင်မြင်စွာပြီးစီး

0

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန၊ မြကျွန်းသာမိုးကုတ်ရိပ်သာ၊ တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးဌာန၌ တရားစခန်းများကို ပုံမှန် နှစ်လတစ်ကြိမ် ဖွင့်လှစ်သွားလျက်ရှိရာ (၂၃-၆-၂၀၁၂) ရက်နေ့မှ (၂၉-၆-၂၀၁၂) ရက်နေ့အထိ သတ္တမအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက်တရားစခန်းကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ အဋ္ဌမအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက်တရားစခန်းကိုလည်း အောက်ပါ ရက်အတိုင်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း ကြေငြာအပ်ပါသည်။  တရားစခန်းရက်- (၂၃-၈-၂၀၁၂) ရက်နေ့မှ (၂၉-၈-၂၀၁၂) ရက်နေ့အထိ၊ ၁၃၇၄-ခုနှစ်၊ ၀ါခေါင်လဆန်း(၆)ရက်မှ (၁၂) ရက်နေ့အထိ သတင်း

Read More →  

မြကျွန်းသာမိုးကုတ်ရိပ်သာ (၇)ရက်တရားစခန်း

0

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏တရားဌာန၊ မြကျွန်းသာမိုးကုတ်ရိပ်သာ၊ တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာနတွင် ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတမိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ သတ္တမအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင်(၇)ရက်တရားစခန်းဖွင့်လှစ်မည်ဖြစ်ပါ၍ တရားစခန်းဝင်လိုသူယောဂီများ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။ ယောဂီဦးရေ (၁၀၀)ခန့်သာ ကန့်သတ်ထားပါသည်။ ဆွမ်းအလှူရှင်များ ပြည့်လုနီးနေပါပြီ။ နေ့ဆွမ်းတစ်နပ် (၁၂၀၀၀၀)ကျပ်၊ အရုဏ်ဆွမ်းတစ်နပ်(၆၀၀၀၀)ကျပ်၊ အချိုပွဲတစ်နပ် (၃၀၀၀၀)ကျပ်ဖြင့် သတ်မှတ်လှူဒါန်းထားကြသည်။ ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏မူအရ မြကျွန်းသာမိုးကုတ်ရိပ်သာ ပဓာနနာယကဆရာတော် ဒေါက်တာအရှင်ပါရမီ၊ ကမ္မဋ္ဌာနာစရိယဆရာတော် အရှင်သဇ္ဇန၊ ကမ္မဋ္ဌာနာစရိယဆရာတော် အရှင်စန္ဒိမာ ညီနောင်သုံးပါးစုံလင်စွာဖြင့် ပထမဦးဆုံးအကြိမ် စတင်ဟောကြားဖွင့်လှစ်ပေးမည့် အထူးတရားစခန်းပွဲဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန) သတ္တမအကြိမ် မိုးကုတ်ဝိပဿနာအလုပ်သင် (၇)ရက် အထူးတရားစခန်း အရုဏ်ဆွမ်းအလှူရှင်များစာရင်း (၂၃-၆-၂၀၁၂) ရက် မှ (၂၉-၆-၂၀၁၂) ရက်အထိ […]

Read More →  
Page 6 of 51« First...«45678»102030...Last »