Mya Kyun Thar is a newly founded Meditation Centre headed by Venerable Dr. Ashin Parami. It is situated in the Yadanarkyun Ward, Thunandar Road, North Okkala, Yangon, Myanmar. It follows the technique of Mogoke Sayadaw Phayargyi, an eminent meditation master in 1960s.

သစ္စာညီနောင်ဆရာတော်များ အထူးတရားပွဲ

0

ဟင်္သတမြို့သူ မြို့သားများ စုပေါင်း၍ ကျင်းပအပ်သော ပြည်လုံးချမ်းသာ ပိဋကတ်တိုက် တန်စောင်းပြုပြင်အောင်မြင်ခြင်းအထိမ်းအမှတ် ဓမ္မသဘင် သစ္စာညီနောင်ဆရာတော်များ သာသနာနှစ်ကူး အထူးတရားပွဲ (၂၅၅၅-၂၅၅၆) ဘုရားပွင့်သည့်နေ့မှစ၍ ရေတွက်လျှင် ဘုရားရှင် ပရိနိဗ္ဗာန်စံသည့်နှစ်မှ စ၍ ရေတွက်လာခဲ့သည့် သာသနာသက္ကရာဇ်၂၅၅၅-နှစ်တွင် ဘုရားရှင်၏၀ါတော် ၄၅-၀ါထည့်ပေါင်းလိုက်က သာသနာ တည်သက်၂၆၀၀ ပြည့်သည့်ပွဲ ဗုဒ္ဓသာသနာ ၂၆၀၀ ပြည့်အထိမ်းအမှတ် အထူးတရားပွဲ ၁။ ၁၃၇၄-ခုနှစ်၊ ကဆုန်လပြည့် (၅-၅-၂၀၁၂) စနေနေ့ညတွင် ဒေါက်တာအရှင်ပါရမီ (ရွှေအင်ပင်ဆရာတော်)မှ ဟောကြားချီးမြှင့်ပါမည်။ ၂။ ၁၃၇၄-ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁)ရက် (၆-၅-၂၀၁၂) တနင်္ဂနွေနေ့ညတွင် သဘာဝဓမ္မသစ္စာရံသီဆရာတော် အရှင်သဇ္ဇနသာရမှ ဟောကြားချီးမြှင့်ပါမည်။ ၃။ ၁၃၇၄-ခုနှစ်၊ ကဆုန်လပြည့်ကျော်(၂)ရက် (၇-၅-၂၀၁၂) တနင်္လာနေ့ညတွင် မိုးကုတ်နယ်လှည့်ဓမ္မကထိက အရှင်စန္ဒိမာမှ ဟောကြားချီးမြှင့်ပါမည်။ အချိန် ည(၈)နာရီ နေရာ ပြည်လုံးချမ်းသာခန်းမ၊ ဦးအောင်မြတ်ကျော်တန်စောင်း၊ နတ်မှော်လမ်း၊ တာကလေးရပ်၊ ဟင်္သတမြို့

Read More →  

သင်္ကြန်တွင်း (၁၀)ရက်တရားစခန်း

0

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန၊ မြကျွန်းသာမိုးကုတ်ရိပ်သာ၊ တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာနတွင် အဓိပတိဆရာတော်ဘုရားကြီး ဘဒ္ဒန္တ၀ိမလဗုဒ္ဓိ မထေရ်မြတ်ကြီးအား ဦးထိပ်ထားလျက်၊ ပဓာနနာယကဆရာတော် ဒေါက်တာအရှင်ပါရမီကိုယ်တိုင် ဦးစီးဦးဆောင်ပြုလျက် ဆဋ္ဌမအကြိမ်မြောက် မိုးကုတ်ဝိပဿနာအလုပ်သင်(၁၀)ရက် အထူးတရားစခန်းပွဲကြီးကို (၁၂-၄-၂၀၁၂)ရက်နေ့မှ (၂၁-၄-၂၀၁၂)ရက်နေ့အထိ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယောဂီဦးရေ (၂၄၀)ရှိပြီး အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ နေ့အချိုပွဲ၊ ရေခဲမုန့်အလှူရှင်များအသီးသီးဖြင့် ပြည့်ပြည့်စုံစုံလုံလုံလောက်လောက် ရှိသဖြင့် အလှူရှင်အသီးသီး၏ စေတနာကိုလည်း ချီးကျူးဂုဏ်ပြုမိပါသည်။ ညနေပိုင်းတွင်လည်း အအေးအချိုရည်တို့ဖြင့် လှူဒါန်းကြသူများရှိသဖြင့် ယောဂီများအတွက် ပြည့်စုံလုံလောက်လျက်ရှိသဖြင့် ၀မ်းသာပီတိ ဖြစ်မိရပါသည်။ ဝေယျာဝေစ္စအဖွဲ့နှင့် အကျိုးဆောင်အဖွဲ့မှလည်း လိုအပ်သည်များကို ပြည့်ပြည့်စုံစုံဖြစ်အောင် စီမံပေး ချက်ပြုတ်ကျွေးမွေးပေးသဖြင့်လည်း အစစအရာရာ အဆင်ပြေချောမွေ့ခဲ့ရသည်။ ကျန်းမာရေးအတွက်လည်း ဆရာဝန်မလေး ဒေါက်တာ သဇင်အောင်နှင့် ဒေါက်တာသီရိဆုမွန်တို့မှ စခန်းပွဲကာလအတွင်း နေ့စဉ် အခမဲ့လာရောက် ကုသလေးသဖြင့် ယောဂီများ၏ကျန်းမာရေးစောင့်ရှောက်မှုဘက်မှလည်း […]

Read More →  

၂၀၁၂-ခုနှစ်သင်္ကြန်တရားစခန်းအလှူရှင်များ

0

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ ကျေးဇူးရှင်အဂ္ဂမဟာပဏ္ဍိတမိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဋ္ဌာန၊ မြကျွန်းသာမိုးကုတ်ရိပ်သာ(တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန)၌ ၂၀၁၂-ခုနှစ်သင်္ကြန်အထူးတရားစခန်းကို (၁၂-၄-၂၀၁၂) ရက်နေ့မှစ၍ (၂၁-၄-၂၀၁၂)ရက်နေ့အထိ (၁၀)ရက်တိတိ မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ ဖွင့်လှစ်မှာဖြစ်ပါတယ်။ ဆဋ္ဌမအကြိမ်မြောက်တရားစခန်းဖြစ်ပါတယ်။ ယောဂီဦးရေ (၂၄၀)ခန့်ရှိပါတယ်။ သင်္ကြန်တရားစခန်းပြီးလျှင် နှစ်လတစ်ကြိမ်တရားစခန်းများကို မပြတ်မလတ်ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ မြကျွန်းသာမိုးကုတ်ရိပ်သာ ၂၀၁၂-ခုနှစ် သင်္ကြန်တွင်း တရားစခန်း အရုဏ်ဆွမ်းအလှူရှင်များ (တစ်ရက်လျှင် တစ်သိန်းကျပ်၊ ယောဂီဦးရေ ၂၄၀) ၁။ ၁၂-၄-၁၂၊ တန်ခူးလဆုတ်(၆)ရက်၊ ကြာသပတေးနေ့၊ သင်္ကြန်အကြိုနေ့ ဒေါ်သန်းဋ္ဌေးမိသားစု၊ အမှတ်(၇)၊ သမာဓိ(၃)လမ်၊ သင်္ဃန်းကျွန်းမြို့နယ် ၂။ ၁၃-၄-၁၂၊ တန်ခူးလဆုတ်(၇)ရက်၊ သောကြာနေ့၊ သင်္ကြန်အကျနေ့ ဦးစိန်အောင်+ဒေါ်ခင်သန်းထိုက်မိသားစု၊ အင်းကုန်းရွာ၊ ကျောက်ဆည်မြို့ ၃။ ၁၄-၄-၁၂၊ တန်ခူးလဆုတ်(၈)ရက်၊ စနေနေ့၊ သင်္ကြန်အကြတ်နေ့ ဦးကျော်သန်း+ဒေါ်ခင်လေးနုမိသားစု၊ အမှတ်(၁၀၃)၊ ရတနာကျွန်းရိပ်သာ ၄။ ၁၅-၄-၁၂၊ တန်ခူးလဆုတ်(၉)ရက်၊ တနင်္ဂနွေနေ့၊ […]

Read More →  

ဗမော်ဆရာတော်ဘုရားကြီးထံမှ သြ၀ါဒခံယူပွဲကျင်းပ

0

မြကျွန်းသာမိုးကုတ်ရိပ်သာ၏ သြ၀ါဒါစရိယဆရာတော် နိုင်ငံတော်သံဃာ့မဟာနာယကဥက္ကဋ္ဌ ဗမော်ဆရာတော်ဘုရားကြီး မြကျွန်းသာမိုးကုတ်ရိပ်သာတွင် သြ၀ါဒကထာ ချီးမြှင့်ပေးတော်မူနေစဉ် ၉-၄-၂၀၁၂-ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ ကျေးဇူးရှင်အဂ္ဂမဟောပဏ္ဍိတမိုးကုတ်ဆရာတော်ဘုရားကြီး၏ တရားဌာန၊ မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ်ပြန့်ပွားရေးဌာန)တွင် ဗမော်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဒေါက်တာကုမာရာဘိဝံသအား သြ၀ါဒါစရိယဆရာတော်အဖြစ် ဂုဏ်ပြုအပ်နှင်းပွဲကျင်းပခဲ့သည်။ ဆရာတော်ဘုရားကြီးက (၉-၄-၂၀၁၂)ရက်နေ့ နံနက်ပိုင်းတွင် မြကျွန်းသာမိုးကုတ်ရိပ်သာ၌ သြ၀ါဒါစရိယဆရာတော်အဖြစ် လက်ခံတော်မူပါသည်။ ဗမော်ဆရာတော်ဘုရားကြီးအား သြ၀ါဒါစရိယဆရာတော်အဖြစ် လက်ခံပေးတော်မူပါရန် မြကျွန်းသာမိုးကုတ်ရိပ်သာ ပဓာနနာယကဆရာတော် ဒေါက်တာအရှင်ပါရမီမှ လျှောက်ထားတောင်းပန်နေစဉ် သြ၀ါဒါစရိယဆရာတော်အဖြစ် လက်ခံတော်မူပါကြောင်း ဆရာတော်ဘုရားကြီးမှ လက်မှတ်ရေးထိုးပေးနေစဉ် ကျောင်းဒကာ ကျောင်းဒကာမတို့က ဆရာတော်ဘုရားကြီးအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းနေစဉ်

Read More →  

ယဉ်ကျေးလိမ္မာသင်တန်း (စတုတ္ထနေ့)

0

ကျောင်းဒါယကာကြီး ဦးလှကြည် + ကျောင်းဒါယိကာမကြီး ဒေါ်အေးအေးသွယ်မိသားစုမှ ယဉ်ကျေးလိမ္မာသင်တန်း ကျောင်းသူ/သားများအား မုန့်တစ်ခုစီ ဝေငှ လှူဒါန်းနေစဉ် ကျောင်းသူ/သား ကလေးသူငယ်များ ပျော်ရွှင်လျက်ရှိနေကြသည်ကို တွေ့ရစဉ် ယဉ်ကျေးလိမ္မာသင်တန်း ဒုတိယအဆင့်ကျောင်းသား/သူများအား ဒေါက်တာလောင်းလျာ အရှင်ဉာဏုတ္တရမှ သင်ကြားပေးနေစဉ် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ မြကျွန်းသာမိုးကုတ်ရိပ်သာ၌ ယဉ်ကျေးလိမ္မာသင်တန်း (စတုတ္ထနေ့)ကို အောင်မြင်စွာ ဆက်လက်သင်ကြားပို့ချပေးလျက်ရှိရာ ကျောင်းသူ/သား (၉၀)အထိ တိုးလာခဲ့သည်။ ကျောင်းသား/သူများအား ကျောင်းဒါယကာကြီး ဦးလှကြည် + ကျောင်းဒါယိကာမကြီး ဒေါ်အေးအေးသွယ် မိသားစုမှ မုန့်များဝေငှ ကျွေးမွေးခဲ့ကြသည်။ သတင်း

Read More →  

ယဉ်ကျေးလိမ္မာသင်တန်း တတိယနေ့

0

ယဉ်ကျေးလိမ္မာသင်တန်း တတိယနေ့ ဆက်လက်သင်ကြားပေးလျက်ရှိ။ ကျောင်းသား/သူ (၈၀)အထိ တိုးလာခဲ့သည်။ ဒုတိယဆင့် သင်တန်းသူ/သားများ ယဉ်ကျေးလိမ္မာသင်တန်းသူ/သားများ (၈၀)အထိ တိုးလာခဲ့သည်။ ဗိုလ်မှူးကြီး သိုက်ထွန်း + ဒေါ်နွဲ့နွဲ့ကြည်မိသားစုမှ ကျောင်းသားတစ်ယောက်လျှင် ကွန်ပါ တစ်ဗူးစီနှင့် ဘောလ်ပင် နှစ်ချောင်းစီ လှူဒါန်းကြသည့်အပြင် ရေခဲချောင်းတစ်ချောင်းစီလည်း ကျွေးမွေးကြသည်။ ကျောင်းသား/သူများ ပျော်ရွှင်ချမ်းမြေ့စွာဖြင့် သင်တန်းတက်ရောက်လျက်ရှိသည်ကို တွေ့ရသည်မှာ အလွန်ကြည်နူးဖွယ်ကောင်းလှပေသည်။ သတင်း

Read More →  

ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

0

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း၊ ရတနာကျွန်းရိပ်သာ၊ မြကျွန်းသာမိုးကုတ်ရိပ်သာ၌ (၁၂-၃-၂၀၁၂)ရက်နေ့ နံနက် (၈)နာရီအချိန်တွင် ကလေးသူငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်း စတင်ဖွင့်လှစ်ခဲ့သည်။ ပထမဆင့်နှင့် ဒုတိယဆင့်ဟု နှစ်မျိုးခွဲခြားသင်ကြားပေးသည်။ ပထမဆင့်တွင် ကျောင်းသူကျောင်းသား (၃၀)ရှိပြီး ဒုတိယဆင့်တွင် (၂၀)ရှိသည်။ ပထမဆင့်ကို ဦးနန္ဒိသာရမှ သင်ကြားပေးပြီး ဒုတိယဆင့်ကို ဒေါက်တာအရှင်ပါရမီ ကိုယ်တိုင် သင်ကြားပေးသည်။ ဒေါက်တာအရှင်ပါရမီက “အနာဂတ်မျိုးဆက်သစ်များအား သာသနာလက်ဆင့်ကမ်းတဲ့အလုပ်ဖြစ်လို့ ကလေးငယ်များကို သင်ပေးရတာ ပင်ပန်းသော်လည်း ပင်ပန်းတာ အဓိကမထားဘဲ သင်တန်းပြီးဆုံးသည်အထိ သင်ကြားပေးမည်ဖြစ်ကြောင်း” မိန့်တော်မူသည်။ (၂၅-၃-၂၀၁၂) ရက်နေ့တွင် သင်တန်းပြီးဆုံးမည်ဖြစ်ပြီး (၂၇-၃-၂၀၁၂) ရက်နေ့တွင် စာမေးပွဲကျင်းပပေးမည်ဖြစ်သည်။ အောင်မြင်သောကျောင်းသူ ကျောင်းသားများအား ဆုနှင့် အောင်လက်မှတ်အသီးသီးကို (၃၁-၃-၂၀၁၂)ရက်နေ့တွင် ချီးမြှင့်ပေးမည်ဖြစ်သည်။ သတင်း

Read More →  
Page 7 of 51« First...«56789»102030...Last »