Mya Kyun Thar is a newly founded Meditation Centre headed by Venerable Dr. Ashin Parami. It is situated in the Yadanarkyun Ward, Thunandar Road, North Okkala, Yangon, Myanmar. It follows the technique of Mogoke Sayadaw Phayargyi, an eminent meditation master in 1960s.

အာဃာတ၀တ္ထု (၁၀)ပါး

0

အာဃာတဆိုတာ ရန်ငြိုးကိုပြောတာပါ။ ဒေါသတို့ ရန်ငြိုးတို့ပေါ့။ ဒီလို ရန်ငြိုးဖြစ်ကြောင်း (၉)ပါး၊ သို့မဟုတ် (၁၀)ပါးရှိပါတယ်။ အဲဒါတွေ လွယ်ကူစွာရေတွက်နိုင်ဖို့ မိမိရယ်၊ မိမိချစ်သူ ခင်သူရယ်၊ မိမိမုန်းသူ ရန်သူရယ် ပုဂ္ဂိုလ်သုံးမျိုးခွဲလိုက်ပြီး မိမိနဲ့ပတ်သက်လို့ ဒေါသဖြစ်ကြောင်းက သုံးမျိုးရှိပါတယ်။ မိမိနဲ့ပတ်သက်ပြီးဒေါသဖြစ်ကြောင်းတရားသုံးပါးက ၁။ ဒီလူဟာ မိမိကို အကျိုးမဲ့ဖြစ်အောင် ရှေးကလည်း လုပ်ဖူးပြီ၊ ၂။ အခုလည်းလုပ်ဆဲ၊ ၃။ နောင်လည်းလုပ်လိမ့်မည်ဆိုပြီး စိတ်တိုနေတာ ဒေါသဖြစ်နေတာ မကျေမနပ်ဖြစ်နေတာ၊ ရန်ငြိုးဖွဲ့နေတတ်တာပါပဲ။ မိမိချစ်သူ ခင်သူ မိတ်ဆွေနဲ့ပတ်သက်ပြီး ဒေါသဖြစ်ကြောင်းတရားသုံးပါးက ၁။ ဒီလူသည် မိမိချစ်သူ ခင်သူ မိတ်ဆွေအတွက် အကျိုးမဲ့ဖြစ်အောင် ရှေးကလည်း လုပ်ဖူးပြီ၊ ၂။ အခုလည်း လုပ်ဆဲ၊ ၃။ နောင်လည်း လုပ်လိမ့်မည်ဆိုပြီး စ်တ်တိုနေတာ ဒေါသဖြစ်နေတာ မကျေမနပ်ဖြစ်နေတာ၊ ရန်ငြိုးဖွဲ့နေတတ်တာပါပဲ။ မိမိမုန်းသူ ရန်သူနဲ့ပတ်သက်ပြီး ဒေါသဖြစ်ကြောင်းတရားသုံးပါးက […]

Read More →  

သမုဒယသစ္စာ (၄)

0

သမုဒယသစ္စာက အကြောင်းသစ္စာ၊ ဒုက္ခသစ္စာက အကျိုးသစ္စာ။ သမုဒယသစ္စာက ဆင်းရဲကြောင်း၊ ဒုက္ခသစ္စာက ဆင်းရဲကျိုး။ ဒုက္ခသစ္စာဆိုတာ ဆင်းရဲကြောင်းကြောင့် ဆင်းရဲကျိုးဖြစ်နေတာသာ ဖြစ်တယ်။ ယခု လက်ရှိဘ၀ခန္ဓာကြီးဟာ အတိတ်က ဆင်းရဲကြောင်းတွေလုပ်ခဲ့လို့ ရရှိပိုင်ဆိုင်ထားတဲ့ ဆင်းရဲကျိုးမျှသာဖြစ်တယ်။ အတိတ်က သမုဒယလုပ်ခဲ့လို့ ယခု ဒုက္ခခံနေကြရတယ်ဆိုရင် မလွဲပါဘူး။ ဒီခန္ဓာမျိုး ဒုက္ခသစ္စာ တရားဆိုးကြီးကို ဒုက္ခသစ္စာရယ်လို့ မသိတဲ့အတွက် အတိတ်က ကောင်းမှုသမုဒယသစ္စာတွေ ပြုခဲ့ကြလေတော့ ကောင်းမှုကြောင့်ရရှိခဲ့တဲ့ခန္ဓာကြီးပင်ဖြစ်သော်လည်း ခန္ဓာမှန်လျှင် ဒုက္ခသစ္စာဖြစ်နေသဖြင့် ဆင်းရဲကျိုးတရားစုကြီးမျှသာ ဖြစ်တယ်လို့ ဆိုရပါတယ်။ ဒါကြောင့် ခန္ဓာရကြောင်းသည် သမုဒယသစ္စာ၊ ဒုက္ခရကြောင်းသည် သမုဒယသစ္စာ။ သမုဒယလုပ်စဉ်က ဒုက္ခအကျိုးသာ ရမယ်ဆိုတာ မသိခဲ့တော့ မသိတာနဲ့ပဲ မသိသလို ပြုလုပ်ခဲ့ကြခြင်းကြောင့် ဒုက္ခသုက္ခတွေနဲ့ ပက်ပင်းတိုးနေကြရခြင်းသာဖြစ်တယ်။ အများနားလည်ထားတာက ဒုက္ခရောက်မှ ဒုက္ခလို့ သိနေကြတာပါပဲ။ သမုဒယဖြစ်စဉ်ကတော့ ဒါလုပ်ရင် ဒုက္ခရောက်မယ်ဆိုတာ သိမှ မသိကြတာကိုး။ […]

Read More →  

နွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း

2

မတ်လ (၁၂) ရက်နေ့မှ မတ်လ (၂၇) ရက်နေ့အထိ ကလေးသူငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ တတိယတန်းမှ န၀မတန်းအထိ ကျောင်းသား ကျောင်းသူများ မည်သူမဆို တက်ရောက်နိုင်ပါကြောင်း ကြေညာအပ်ပါသည်။ သင်တန်းချိန်– နံနက် (၈)နာရီမှ (၁၀)နာရီအထိ။ သင်တန်းကာလ – (၁၂-၃-၂၀၁၂)ရက်နေ့မှ (၂၇-၃-၂၀၁၂) ရက်နေ့အထိ စုစုပေါင်း (၁၅) ရက်။ သင်တန်းနေရာ– မြကျွန်းသာမိုးကုတ်ရိပ်သာ (တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးဌာန) ရတနာကျွန်းရိပ်သာ၊ သုနန္ဒာလမ်း၊ (ဋ) ရပ်ကွက်၊ မြောက်ဥက္ကလာပ၊ ရန်ကုန် ဖုန်း– ၀၀၉၅-၁-၆၉၁၅၅၃ မှတ်ချက်။     ။ (၁)  ကြိုတင်၍လည်း စာရင်းပေးသွင်းနိုင်ပါသည်။ ကြိုတင်စာရင်း မပေးသွင်းနိုင်ပါက ဖွင့်လှစ်မည့်နေ သင်တန်းချိန်အမီ အရောက်လာပါ။ သင်တန်းသား ဦးရေ အကန့်အသတ်မရှိ လက်ခံပါသည်။ (၂) သင်တန်းကာလတွင် နေ့စဉ် မုန့်ကျွေးမည်ဖြစ်ပြီး သင်တန်းအောင်သူများကိုလည်း ဆုအသီးသီးပေးအပ်မည်ဖြစ်သည့်အပြင် ပထမ၊ […]

Read More →  

သမုဒယသစ္စာ (၃)

0

ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အလို သမုဒယသစ္စာအရ အ၀ိဇ္ဇာ သင်္ခါရနှစ်ပါးကလည်း သမုဒယသစ္စာ၊ တဏှာ ဥပါဒါန် ကမ္မဘ၀တို့ကလည်း သမုဒယသစ္စာပါပဲ။ ဒုက္ခသစ္စာမသိတာဟာ အ၀ိဇ္ဇာ လို့ပဲ အကျဉ်းပြောကြပါစို့။ မသိသလိုပြုလုပ်တာက သင်္ခါရ။ မသိတာနဲ့ မသိတဲ့အတိုင်း မသိသလိုပြုလုပ်တာကို သမုဒယသစ္စာလို့ ဆိုလိုပါတယ်။ ဒီဘ၀ ဒီခန္ဓာကို ဒုက္ခသစ္စာလို့ မသိတဲ့အခါ နောင်ဘ၀ နောင်ခန္ဓာကိုလည်း ဒုက္ခသစ္စာလို့ သိမှာ မဟုတ်ပါဘူး။ ဒီလိုမသိတဲ့အခါမှာ ဒီဘ၀ဒီခန္ဓာကိုလည်း ခင်မင်၊ နောင်ဘ၀နောင်ခန္ဓာကိုလည်း လိုချင်နေမှာ အမှန်ပါပဲ။ လက်ရှိခန္ဓာကို ခင်မင် နောင်ခန္ဓာကို လိုချင်မှုတွေနဲ့ ကုသိုလ်ဖြစ်စေ အကုသိုလ်ဖြစ်စေ ပြုလုပ်နေကြမယ်ဆိုရင် ဒါဟာ မသိသလိုပြုလုပ်တာပါပဲ။ ကုသိုလ်သင်္ခါရတွေကြောင့် ကောင်းတဲ့ခန္ဓာ သုဂတိခန္ဓာရမယ်၊ အကုသိုလ်သင်္ခါရတွေကြောင့် မကောင်းတဲ့ခန္ဓာ ဒုဂ္ဂတိခန္ဓာရမယ်။ ဒီတော့ မသိတော့ မသိသလိုလုပ်၊ မသိသလိုလုပ်တော့ ခန္ဓာရကြောင်းဖြစ်၊ ခန္ဓာရကြောင်းဖြစ်တာဟာ သမုဒယသစ္စာပါပဲ။ ဒါကြောင့် အ၀ိဇ္ဇာနဲ့ သင်္ခါရဟာ […]

Read More →  

မိုးကုတ်ဆရာတော်ဘုရားကြီး၏ စံကျောင်းတော်

0

မိုးကုတ်ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့သည့် ကျောင်းဆောင် (မိုးကုတ်မြို့၊ ဖောင်တော်ဦးဘုရားပရိဝုဏ်အတွင်း) မိုးကုတ်ဆရာတော်ဘုရားကြီး တရားဟော တရားပြ သာသနာပြုတော်မူခဲ့သည့် ဓမ္မာရုံကြီး (မိုးကုတ်မြို့ ဖောင်တော်ဦးဘုရားအတွင်း မင်္ဂလာတိုက်) (၂၇-၁-၂၀၁၂) မိုးကုတ်မြို့သို့ သွားရောက် တရားဟောစဉ်က ရိုက်ကူးခဲ့သည့်ပုံများ

Read More →  

သမုဒယသစ္စာ (၂)

0

သမုဒယသစ္စာအရ တဏှာသုံးမျိုးဆိုတာ ပြောခဲ့ပြီးပါပြီ။ တကယ့်ဝိပဿနာလုပ်ငန်းခွင်မှာ နားလည်အောင် ထပ်မံ ပြောပြလိုပါသေးတယ်။ အဆင်း အသံ အနံ့ အရသာ တွေ့ထိစရာ  ဆိုတဲ့ ကာမဂုဏ် အာရုံငါးပါးကို သာယာတပ်မက်တာကို ကာမတဏှာလို့ ပြောခဲ့တယ်။ ဘာကြောင့် သာယာတပ်မက်တာလည်းဆိုရင် ရုပ်နာမ်အပေါ်မှာ ငါစွဲ သူစွဲ စတဲ့ အထင်မှား အမြင်မှား သက္ကာယဒိဋ္ဌိကြောင့် ရုပ်နာမ်ကို ရုပ်နာမ်လို့ အမှန်အတိုင်း မမြင်နိုင်ဘဲ သက္ကာယဒိဋ္ဌိစွဲဖြင့်ရှုမြင်သုံးသပ်နေကြတဲ့အခါ သာယာတပ်မက်မှုဆိုတာ အလိုလို ပေါ်လာတတ်တာပါပဲ။ ဒီအာရုံတွေ တွေ့တဲ့အခါ သာယာမှုမရှိအောင် အာရုံကိုသော်လည်း ဖြစ်ပျက်ရှု၊ ပေါ်လာတဲ့ စိတ်ကိုသော်လည်း ဖြစ်ပျက်ရှုပေးလိုက်ရပါတယ်။ ဖြစ်တာလည်း သိ၊ ပျက်တာလည်း သိနေတော့ မမြဲတဲ့သဘောတရား ထင်မြင်လာပြီး တပ်မက်မှု နှစ်သက်မှုဆိုတာတွေ မလာနိုင်တော့ပါဘူး။ မြင်ရတဲ့အဆင်းကလည်း ငါမဟုတ်၊ မြင်စိတ်လည်း ငါမဟုတ်၊ ဖြစ်တဲ့သဘောကလည်း ငါမဟုတ်၊ ပျက်တဲ့သဘောကလည်း ငါမဟုတ်ဆိုတာ […]

Read More →  

ဘယ်ပုဂ္ဂိုလ် နိရောဓသမာပတ်ဝင်စားနိုင်သလဲ

0

နိရောဓသမာပတ်ကို အနာဂါမ်နှင့် ရဟန္တာပုဂ္ဂိုလ်တို့သာလျှင် ၀င်စားနိုင်ပါတယ်။ ဒါတောင်မှ ဈာန်မရကြတဲ့ သုက္ခ၀ိပဿက အနာဂါမ် ရဟန္တာတွေ ၀င်စားလို့ မရကြပါဘူး။ ဈာန်ရ သမာပတ်ရှစ်ပါးနဲ့ပြည့်စုံကြတဲ့ အနာဂါမ် ရဟန္တာတို့သာလျှင် ၀င်စားလို့ရတယ်ဆိုတာ ၀ိသုဒ္ဓိမဂ်အဋ္ဌကထာမှာ ဖော်ပြထားလို့ မှတ်သားဖွယ်ရာ တင်ပြလိုက်တာပါ။ ကေ တံ သမာပဇ္ဇန္တိ, ကေ န သမာပဇ္ဇန္တီတိ သဗ္ဗေပိ ပုထုဇ္ဇနာ, သောတာပန္နာ, သကဒါဂါမိနော, သုက္ခဝိပဿကာ စ အနာဂါမိနော, အရဟန္တော န သမာပဇ္ဇန္တိ။ အဋ္ဌသမာပတ္တိလာဘိနော ပန အနာဂါမိနော, ခီဏာသဝါ စ သမာပဇ္ဇန္တိ။ (၀ိသုဒ္ဓိ၊ ၂။ ၃၄၄) မှာဖော်ပြထားတဲ့အတိုင်း ဈာန်မရတဲ့ အနာဂါမ် ရဟန္တာပုဂ္ဂိုလ်တွေ မ၀င်စားနိုင်ပါ။ ဈာန်ရမှသာလျှင် ၀င်စားနိုင်ပါတယ်။ သမာပတ်ရှစ်ပါးနဲ့ ပြည့်စုံတဲ့ အနာဂါမ် ရဟန္တာတို့သာလျှင် ၀င်စားနိုင်ပါတယ်။

Read More →  
Page 8 of 51« First...«678910»203040...Last »