All Posts Tagged Tag: ‘Article’

သမုဒယသစ္စာ (၄)

0

သမုဒယသစ္စာက အကြောင်းသစ္စာ၊ ဒုက္ခသစ္စာက အကျိုးသစ္စာ။ သမုဒယသစ္စာက ဆင်းရဲကြောင်း၊ ဒုက္ခသစ္စာက ဆင်းရဲကျိုး။ ဒုက္ခသစ္စာဆိုတာ ဆင်းရဲကြောင်းကြောင့် ဆင်းရဲကျိုးဖြစ်နေတာသာ ဖြစ်တယ်။ ယခု လက်ရှိဘ၀ခန္ဓာကြီးဟာ အတိတ်က ဆင်းရဲကြောင်းတွေလုပ်ခဲ့လို့ ရရှိပိုင်ဆိုင်ထားတဲ့ ဆင်းရဲကျိုးမျှသာဖြစ်တယ်။ အတိတ်က သမုဒယလုပ်ခဲ့လို့ ယခု ဒုက္ခခံနေကြရတယ်ဆိုရင် မလွဲပါဘူး။ ဒီခန္ဓာမျိုး ဒုက္ခသစ္စာ တရားဆိုးကြီးကို ဒုက္ခသစ္စာရယ်လို့ မသိတဲ့အတွက် အတိတ်က ကောင်းမှုသမုဒယသစ္စာတွေ ပြုခဲ့ကြလေတော့ ကောင်းမှုကြောင့်ရရှိခဲ့တဲ့ခန္ဓာကြီးပင်ဖြစ်သော်လည်း ခန္ဓာမှန်လျှင် ဒုက္ခသစ္စာဖြစ်နေသဖြင့် ဆင်းရဲကျိုးတရားစုကြီးမျှသာ ဖြစ်တယ်လို့ ဆိုရပါတယ်။ ဒါကြောင့် ခန္ဓာရကြောင်းသည် သမုဒယသစ္စာ၊ ဒုက္ခရကြောင်းသည် သမုဒယသစ္စာ။ သမုဒယလုပ်စဉ်က ဒုက္ခအကျိုးသာ ရမယ်ဆိုတာ မသိခဲ့တော့ မသိတာနဲ့ပဲ မသိသလို ပြုလုပ်ခဲ့ကြခြင်းကြောင့် ဒုက္ခသုက္ခတွေနဲ့ ပက်ပင်းတိုးနေကြရခြင်းသာဖြစ်တယ်။ အများနားလည်ထားတာက ဒုက္ခရောက်မှ ဒုက္ခလို့ သိနေကြတာပါပဲ။ သမုဒယဖြစ်စဉ်ကတော့ ဒါလုပ်ရင် ဒုက္ခရောက်မယ်ဆိုတာ သိမှ မသိကြတာကိုး။ […]

Read More →  

သမုဒယသစ္စာ (၃)

0

ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်အလို သမုဒယသစ္စာအရ အ၀ိဇ္ဇာ သင်္ခါရနှစ်ပါးကလည်း သမုဒယသစ္စာ၊ တဏှာ ဥပါဒါန် ကမ္မဘ၀တို့ကလည်း သမုဒယသစ္စာပါပဲ။ ဒုက္ခသစ္စာမသိတာဟာ အ၀ိဇ္ဇာ လို့ပဲ အကျဉ်းပြောကြပါစို့။ မသိသလိုပြုလုပ်တာက သင်္ခါရ။ မသိတာနဲ့ မသိတဲ့အတိုင်း မသိသလိုပြုလုပ်တာကို သမုဒယသစ္စာလို့ ဆိုလိုပါတယ်။ ဒီဘ၀ ဒီခန္ဓာကို ဒုက္ခသစ္စာလို့ မသိတဲ့အခါ နောင်ဘ၀ နောင်ခန္ဓာကိုလည်း ဒုက္ခသစ္စာလို့ သိမှာ မဟုတ်ပါဘူး။ ဒီလိုမသိတဲ့အခါမှာ ဒီဘ၀ဒီခန္ဓာကိုလည်း ခင်မင်၊ နောင်ဘ၀နောင်ခန္ဓာကိုလည်း လိုချင်နေမှာ အမှန်ပါပဲ။ လက်ရှိခန္ဓာကို ခင်မင် နောင်ခန္ဓာကို လိုချင်မှုတွေနဲ့ ကုသိုလ်ဖြစ်စေ အကုသိုလ်ဖြစ်စေ ပြုလုပ်နေကြမယ်ဆိုရင် ဒါဟာ မသိသလိုပြုလုပ်တာပါပဲ။ ကုသိုလ်သင်္ခါရတွေကြောင့် ကောင်းတဲ့ခန္ဓာ သုဂတိခန္ဓာရမယ်၊ အကုသိုလ်သင်္ခါရတွေကြောင့် မကောင်းတဲ့ခန္ဓာ ဒုဂ္ဂတိခန္ဓာရမယ်။ ဒီတော့ မသိတော့ မသိသလိုလုပ်၊ မသိသလိုလုပ်တော့ ခန္ဓာရကြောင်းဖြစ်၊ ခန္ဓာရကြောင်းဖြစ်တာဟာ သမုဒယသစ္စာပါပဲ။ ဒါကြောင့် အ၀ိဇ္ဇာနဲ့ သင်္ခါရဟာ […]

Read More →  

သမုဒယသစ္စာ (၂)

0

သမုဒယသစ္စာအရ တဏှာသုံးမျိုးဆိုတာ ပြောခဲ့ပြီးပါပြီ။ တကယ့်ဝိပဿနာလုပ်ငန်းခွင်မှာ နားလည်အောင် ထပ်မံ ပြောပြလိုပါသေးတယ်။ အဆင်း အသံ အနံ့ အရသာ တွေ့ထိစရာ  ဆိုတဲ့ ကာမဂုဏ် အာရုံငါးပါးကို သာယာတပ်မက်တာကို ကာမတဏှာလို့ ပြောခဲ့တယ်။ ဘာကြောင့် သာယာတပ်မက်တာလည်းဆိုရင် ရုပ်နာမ်အပေါ်မှာ ငါစွဲ သူစွဲ စတဲ့ အထင်မှား အမြင်မှား သက္ကာယဒိဋ္ဌိကြောင့် ရုပ်နာမ်ကို ရုပ်နာမ်လို့ အမှန်အတိုင်း မမြင်နိုင်ဘဲ သက္ကာယဒိဋ္ဌိစွဲဖြင့်ရှုမြင်သုံးသပ်နေကြတဲ့အခါ သာယာတပ်မက်မှုဆိုတာ အလိုလို ပေါ်လာတတ်တာပါပဲ။ ဒီအာရုံတွေ တွေ့တဲ့အခါ သာယာမှုမရှိအောင် အာရုံကိုသော်လည်း ဖြစ်ပျက်ရှု၊ ပေါ်လာတဲ့ စိတ်ကိုသော်လည်း ဖြစ်ပျက်ရှုပေးလိုက်ရပါတယ်။ ဖြစ်တာလည်း သိ၊ ပျက်တာလည်း သိနေတော့ မမြဲတဲ့သဘောတရား ထင်မြင်လာပြီး တပ်မက်မှု နှစ်သက်မှုဆိုတာတွေ မလာနိုင်တော့ပါဘူး။ မြင်ရတဲ့အဆင်းကလည်း ငါမဟုတ်၊ မြင်စိတ်လည်း ငါမဟုတ်၊ ဖြစ်တဲ့သဘောကလည်း ငါမဟုတ်၊ ပျက်တဲ့သဘောကလည်း ငါမဟုတ်ဆိုတာ […]

Read More →  

သုရာမေရယကံအကြောင်း

0

သုရမေရယဆိုတာက သောက်သူ၊ စားသူ၊ ရှူသူတို့ကို မေ့လျော့စေတတ် မူးယစ်စေတတ်သော သောက်စရာ၊ စားစရာ၊ ရှူစရာဟူသမျှသည် သေရည်သေရက် (သို့မဟုတ်) အရက်သေစာ= သုရာမေမေရယချည်းပင်ဖြစ်ပါတယ်။ အပ်ဖြင့် အသားထဲသို့ ထိုးသွင်းရသော ပက်သဒင်း နံပါတ်ဖိုး စတဲ့ မူးယစ်ဆေးရည်လည်း သုရာမေရယထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ထို့ကြောင့် တောအရက်၊ မြို့အရက်၊ နိုင်ငံခြားအရက်၊ ထန်းရည်၊ ဓနိရည်၊ ဘိန်းကင်း၊ ကစော်၊ လှော်စာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ ကုတ်ကင်း၊ မာဖီးယား၊ အယ်လ်အက်စ်ဒီ (LSD)၊ ဘီယာအမျိုးမျိုးစသော မူးယစ်ဆေးဟူသမျှ အရက်သေစာ= သုရာမေရယလို့ခေါ်ပါတယ်။ ထိုအရက်သေစာ စသော မူးယစ်ဆေးသောက်သုံးမှီဝဲခြင်းသည် သောက်သုံးသူကိုဖြစ်စေ၊ သောက်သုံးသူနှင့်ဆက်စပ်နေသူကိုဖြစ်စေ၊ နှစ်ဦးစလုံးကိုဖြစ်စေ၊ အကျိုးပျက်ပြားစေသောကြောင့် အပြစ်ရှိသော အမှုဖြစ်၍ မကောင်းမှုအကုသိုလ်ဖြစ်ပါတယ်။ အရက်သေစာ သောက်သုံးသူသည် အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ခွဲခြားတတ်သော အသိဥာဏ် ကင်းနေသဖြင့် အဆိုးအရွားဆုံးဖြစ်သော မကောင်းမှုကိုပင် […]

Read More →  

မုသာဝါဒ ကံအကြောင်း

0

ဒီသိက္ခာပုဒ်က အားလုံးသိတဲ့အတိုင်း ငါးပါးသီလရဲ့ စတုတ္ထမြောက် သိက္ခာပုဒ်ပါ။ မုသာဝါဒဆိုတာက သူတစ်ပါး အကျိုးစီးပွားကို ထိခိုက် ပျက်ပြားစေသော လိမ်ညာမှု လှည့်ပတ်မှုကို မုသာဝါဒလို့ခေါ်တာပါ။ နှုတ်နဲ့မပြောပဲ ကိုယ်အမူရာနဲ့ လိမ်ညာလို့ သူတစ်ပါး အကျိုးစီးပွားလည်းပျက်မည်ဆိုပါက မုသာဝါဒပင်ဖြစ်ပါတယ်။ သူတစ်ပါးအကျိုးစီးပွားကို မထိခိုက်စေပဲ တစ်စုံတစ်ရာ ကောင်းကျိုးရစေလိုပြီး၊ တစ်ဖက်အမှားကိုသိစေလို၍ ပရိယာယ်သုံးခြင်းသည်၊ ဆိုးကျိုးရစေလို၍ ပြောခြင်းမျိုးမဟုတ်သဖြင့် မုသာဝါဒ ကံမမြောက်ဘူးလို့ပြောရမှာပါ။(ဥပမာ) မြတ်စွာဘုရားရှင်က ညီနော်နန္ဒမင်းသားအား အရဟတ္တမဂ်တည်းဟူသော တရားထူးကို ရစေလိုသောကြောင့်၊ (သို့မဟုတ်) ညီနော်နန္ဒမင်းသားရဲ့ စရိုက်ကို သုံးသပ်တော်မူပြီး ထိုစရိုက်နဲ့ကိုက်ညီမယ့် ကမ္မဋ္ဌာန်းကိုပေးခြင်း၊ (သို့မဟုတ်) ဇနပဒကလျာနီတည်းဟူသော အချောအလှနှမတော်ကိုစွဲလန်းနေခြင်းကြောင့် သာသနာတော်ကနေ လူထွက်ဖို့ကြိုးစားနေတဲ့ နန္ဒမင်းသားကို တရားထူးရစေလိုသောကြောင့် ပရိယာယ်သုံးပြီး တရားကျင့်ခိုင်းဖူးပါတယ်။ ဒါကိုထောက်ဆကြည့်ရင် သူတစ်ပါးကောင်းကျိုးဖြစ်စေမယ့် ပရိယာယ်မျိုးကျတော့ မုသာဝါဒကံမမြောက်ဘူးဆိုတာကိုသိစေချင်တာပါ။ ရယ်မြူးလို၍ ပြောဆိုပြုမူခြင်းများမှာ မုသာဝါဒကံမြောက်တယ်။ ဒါပေမယ့် အပြစ်သေးတယ်။ မုသာဝါဒကံကိုလွန်ကျူးမိရင်တော့ (၁) […]

Read More →  

ကာမေသုမိစ္ဆာစာရကံအကြောင်း

0

ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်က ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များ ဆောက်တည်နေကျဖြစ်တဲ့ ငါးပါးသီလထဲမှ တတိယမြောက်သိက္ခာပုဒ်ပါ။ ဒီသီလမှာလည်း ရှောင်ကြဉ်လျှင် ရနိုင်မယ့်ကောင်းကျိုးတရား၊ ကျူးလွန်လျှင် ခံစားရမယ့် ဆိုးကျိုးတရား အကောင်းနဲ့အဆိုး အဖြူနဲ့အမည်း ဒွန်တွဲနေသလို သိက္ခာပုဒ်တစ်ခုမှာ ရှောင်ကြဉ်ခြင်း၊ ကျူးလွန်းခြင်း၊ ထိုထိုသော အကြောင်းတရားများကြောင့် ကောင်းကျိုး ဆိုးကျိုးများရှိနေပါတယ်။ ယောက်ျားများသည် မိမိရဲ့ ဇနီးမှတစ်ပါး အခြားသော ပိုင်ဆိုင်သူ အုပ်ထိန်းသူ ရှိသည့် မိန်းမတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း (ကာမေသု မိစ္ဆာစာရ)ဖြစ်ပါတယ်။ မိန်းမများသည်လည်း မိမိ၏ ခင်ပွန်းမှ တပါး အခြားသော ယောင်္ကျားတို့နှင့် ပျော်ပါးလျှင် ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်း (ကာမေသုမိစ္ဆာစာရ) ဖြစ်ပါတယ်။ ထိုကာမေသုမိစ္ဆာစာရကို လွန်ကျူးသူသည် (၁)။ အပါယ်လေးဘုံတို့သို့လားရောက်ရခြင်း။ (၂)။ မိန်းမဖြစ်ရခြင်း။ (၃)။ နပုံပဏ္ဍုက်ဖြစ်ရခြင်း။ (၄)။ အများ အမုန်းခံရခြင်း။ (၅)။ […]

Read More →  

ဘုရားဂုဏ်တော်ပွားနည်း

0

ဘုရားဂုဏ်တော်လေးတွေ ပွားတတ်ဖို့ ပြောပေးမယ်။ ၁။ အရဟံ- အထူးအပူဇော်ခံထိုက်တဲ့ ဘုရားရှင်၊ အရ ဟံ- ကိလေသာကင်းတော်မူတဲ့ ဘုရားရှင်၊ အ ရဟံ- ဆိတ်ကွယ်ရာမှာပင်ဖြစ်သော်လဲ မကောင်းမှုကို ပြုတော်မမူတဲ့ ဘုရားရှင်။ ဒီလို သိလိုက်ရင် ကိလေသာကင်းနေတာနဲ့ ပူဇော်ထိုက်လှပါပြီ၊ ဒို့ ပုထုဇဉ်တွေဆိုတာ မမြင်ကွယ်ရာမှာ မကောင်းမှု လစ်ရင် လစ်သလိုပြုတတ်ကြတယ်၊ ဘုရားရှင်မှာတော့ ဘယ်နေရာမျိုးမှာမှ မကောင်းမှု ပြုလေ့မရှိတော့ဘူးဆိုတာ မှန်းဆကြည်ညိုလိုက်ပါ။ ၂။ သမ္မာသမဗုဒ္ဓေါ- သစ္စာတရားကို ကိုယ်တော်တိုင် သိတော်မူတဲ့ ဘုရားရှင်။ သူများပြောပြ ဟောပြလို့ သိတာမဟုတ်ဘူး။ ကိုယ်တော်တိုင် အားထုတ်လို့ သိတော်မူတာဟာ ဘုရားရှင်ရဲ့ ထူးမြတ်တဲ့ ဂုဏ်တော်ပါပဲ။ ၃။ ၀ိဇ္ဇာစရဏသမ္ပန္နော- အသိတရား အကျင့်တရားနဲ့ ပြည့်စုံတော်မူတဲ့ဘုရားရှင်။ ၀ိဇ္ဇာ(၃)ပါး စရဏတရား (၁၅)ပါးနဲ့ ပြည့်စုံတော်မူတယ်ဆိုတာ ကြည်ညိုလိုက်ပါ။ ၄။ သုဂတော- စကားကောင်းကိုသာ […]

Read More →  
Page 1 of 3012345»102030...Last »