All Posts Tagged Tag: ‘Thoughts’

ဒေါက်တာအရှင်ပါရမီ၏ ရင်တွင်းစကား အပိုင်းအစ အတွေးများ

0

နည်းယူရမယ့်ပညာ ဒီလိုလေးစဉ်းစားပြီး ဒီလိုလေးလုပ်ဆောင်ခဲ့လို့၊ ကြိုးစားခဲ့လို့ ဒီလိုလေးဖြစ်မြောက်လာတဲ့အခါ ဖြစ်မြောက်လာတာလေးကိုသာ အများက သတိထားကြည့်လို့ရတယ်လေ။ ဘယ်လိုလေးစဉ်းစားလို့ ဘယ်လိုတွေလုပ်ဆောင်ခဲ့ရတယ်၊ ဘယ်လောက်ထိအောင် ကြိုးစားခဲ့ရတယ်ဆိုတာတွေက မြင်ကွင်းရဲ့နောက်ကွယ်မှာပဲ ကျန်နေခဲ့တတ်ပါတယ်။ ဒါကြောင့် သူလို ဖြစ်မြောက်အောင်မြင်ချင်ရင်တော့ သူလိုစဉ်းစား၊ သူလိုလုပ်နိုင်ပါမှ ဖြစ်မယ်ဆိုတာက တကယ်နည်းယူရမယ့် ပညာပါပဲ။   မရိုးတဲ့စိတ်ထား မွန်မြတ်တဲ့စိတ်ထားသည် ဘယ်သောအခါမှ ရိုးသွားသည်ဟူ၍ မရှိ။   ကိုယ့်အရှိ ကိုယ်တိုင်သိ ကိုယ့်ဒုက္ခ ကိုယ်သာလျှင် အသိဆုံးဖြစ်ပါ၏။ မိမိအခက်အခဲကို မိမိမှတစ်ပါး အခြားမည်သူက ပိုမို၍ နားလည်နိုင်ပါမည်နည်း။ ထို့ကြောင့် ကိုယ့်ရှိတဲ့ဒုက္ခ ကိုယ်ကိုယ်တိုင် သိအောင်ကြိုးစားနေရင်း သူတစ်ပါးဒုက္ခကိုလည်း ကိုယ်ချင်းစာတတ်လာကြမည်သာဖြစ်ပါ၏။   အဂတိတရား မလိုက်စားသင့် ဆန္ဒ ဒေါသ ဘယ မောဟ ဆိုတဲ့ အဂတိတရား (၄) ပါး တစ်ပါးပါးလိုက်စားရင် မမျှတမှုနဲ့ မတရားမှုဆိုတာ ဖြစ်လာတာ။ […]

Read More →  

အတွေးဒိုင်ယာရီ

0

ကြိုးစားခြင်းရလဒ် တစ်နေ့ တစ်နေ့ ပုံမှန် ကြိုးစားပါ၊ တစ်ရွေ့တစ်ရွေ့ ပုံမှန် တိုးပွားလာမည်။ ရောင့်ရဲခြင်း ရောင့်ရဲလိုက်စမ်းပါ။ ရောင့်ရဲမှုမရှိတဲ့ ဘ၀မှာ ဘယ်လောက်ရရ မပြည့်စုံဘူး။ ရောင့်ရဲမှုရှိတဲ့ဘ၀မှာ ရတာလေးနဲ့ ပြည့်စုံနေတယ်။ ပြောင်းပြန် အောင်မြင်ဖို့က အလွန်ခက်ခဲ၏၊ နှေးကွေး၏။ ကျရှုံးဖို့က အလွန်လွယ်ကူ၏၊ လျှင်မြန်၏။ အစုန်နှင့် အဆန် ကုသိုလ်က အဆန်လမ်း၊ အားစိုက်လှော်ခတ်နေမှ ဆန်တက်၏။ အကုသိုလ်က အစုန်လမ်း၊ အထူး လှော်ခတ်နေစရာမလို၊ အလိုလို စုန်ဆင်း၏။ တစ်ခြားစီ တရားသဘောနဲ့ အများသဘောက တစ်ခြားစီပဲ။

Read More →  

တွေးလုံးလေးများ

0

လူဆိုးလူကောင်း လူတွေဆိုးတယ်ပြောတိုင်းလဲ လူဆိုးမဟုတ်၊ လူတွေကောင်းတယ်ပြောတိုင်းလဲ လူကောင်းမဟုတ်။ သူတကယ်ဆိုးမှ လူဆိုး၊ သူတကယ်ကောင်းမှ လူကောင်း။ ပုတ်ခတ် ကိုယ့်ကိုယ်ကို အဟုတ်အဟတ်ထင်နေရင်တော့ သူများအပေါ် ပုတ်ခတ်တဲ့စကားတွေသာ အထွက်များတယ်။ မေတ္တာ လောကမှာ မေတ္တာလောက် ကောင်းသောအရာ ဘာမှမရှိဘူး။ သူတော်ကောင်းလက်နက် သူတော်ကောင်းတွေက ကျည်ဆန်မလိုတဲ့လက်နက်ကိုကိုင်တယ်။ အဲဒါဟာ မေတ္တာလက်နက်ပဲ။ မမြဲခြင်း သူ သည်လဲ အမြဲတမ်း သူ ဖြစ်မနေနိုင်သကဲ့သို့ ငါ သည်လဲ အမြဲတမ်း ငါ ဖြစ်မနေနိုင်ပါ။ တစ်နေ့ သူ မဟုတ်သောအရာ ငါ မဟုတ်သောအရာသို့ ပြောင်းသွားကြရဦးမည်သာတည်း။

Read More →  

အတွေးသီဝရီမှတ်စု

0

ဘ၀ပြောင်းလဲလိုသော် ပြောင်းရဲမှ ပြောင်းလဲမည်။ မပြောင်းရဲရင် မပြောင်းလဲဘူး။ (ရံခါမှန်သည့်သီဝရီ) အမှား အမှန် အမှန်မှာ မှားနေသည်။ (အများလက်ခံထားသည့်အမှန်တရားသည် ရံခါ မှားနေတတ်သည်။) စိတ်စွမ်းအား ရိုးဖြောင့်တဲ့စိတ် အင်အားတွေ ပြည့်နေတယ်။ ဖြူစင်တဲ့စိတ် ခွန်အားတွေ ပြည့်နေတယ်။ မြင့်မြတ်တဲ့စိတ် စွမ်းအားတွေ ပြည့်နေတယ်။ သတ္တိကောင်း သတ္တိဆိုတာ ကောင်းတဲ့နေရာမှာလဲ ရှိတယ်၊ မကောင်းတဲ့နေရာမှာလဲ ရှိတယ်။ မကောင်းတဲ့ နေရာမှာရှိတဲ့ သတ္တိက သတ္တိဆိုး၊ ကောင်းတဲ့နေရာမှာ ရှိတဲ့သတ္တိကမှ သတ္တိကောင်း။

Read More →  

ဤသို့ တွေးမိပါသည်

0

ကိုယ်ကျိုး ကိုယ်ကျိုးကိုသာ ရှေ့တန်းတင်ထားသရွေ့ လောကငြိမ်းချမ်းရေးနဲ့ ဝေးနေဦးမည်သာ။ ကိုယ်ကျိုးကိုသာ ရှေ့ ထားနေရင် ကိုယ်လဲမငြိမ်းချမ်း၊ လောကလဲ မချမ်းသာ။ လွန်ဆွဲပွဲ ဘာသာတရားဟာ လောကကြီးကို အကောင်းဘက်ပြောင်းသွားစေနိုင်သလို အဆိုးဘက်လဲ ပြောင်းသွားစေနိုင်တယ်။ ဒါကြောင့် လောကကြီး ကောင်းအောင်လုပ်နိုင်တာလဲ ဘာသာတရား၊ ဆိုးအောင်လုပ်နိုင်တာလဲ ဘာသာတရား။ အချို့ဘာသာတွေက လောကငြိမ်းချမ်းရေး ရှေ့ရှုဆောင်ရွက်နေကြစဉ်မှာ အချို့ဘာသာတွေက လောကငြိမ်းချမ်းရေး ပျက်ပြားအောင် ဆောင်ရွက်နေကြတယ်။ ဒီအစွန်းနှစ်ခုရဲ့ လွန်ဆွဲပွဲ သင်ဘယ်ဘက်က အားပေးမလဲ။ လူတော်လူကောင်း လူတော်တိုင်းလဲ မကောင်း၊ လူကောင်းတိုင်းလဲ မတော်။ တော်လဲတော် ကောင်းလဲကောင်းပါမှ လူတော်လူကောင်း။

Read More →  

အပိုင်းအစအတွေးလေးတွေ

0

စိတ်ပြုပြင်နည်း ကောက်တဲ့စိတ် ဖြောင့်စေ ကျတဲ့စိတ် တက်စေ ဆိုးတဲ့စိတ် ကောင်းစေ တိုတဲ့စိတ် ရှည်စေ မှားတဲ့စိတ် မှန်စေ ပျက်တဲ့စိတ် ပြင်စေ ညစ်တဲ့စိတ် ဖြူစေ ရှုပ်တဲ့စိတ် ရှင်းစေ မိုက်တဲ့စိတ် လင်းစေ ပျင်းတဲ့စိတ် ပျော်စေ ပုပ်တဲ့စိတ် ထွက်သွားစေ။ ကိုယ့်အကြောင်း ကိုယ် သိ မသိ ငါဘာလဲဆိုတာ သူပြောမှသိရတယ်ဆိုရင် ကိုယ့်ကိုယ်ကို မသိသေးဘူးပေါ့။ အကောင်းပြောနဲ့ အပြောကောင်း အကောင်းပြောလို့  အပြောကောင်းတာလား၊ အပြောကောင်းလို့ အကောင်းပြောတာလား။ အကောင်းပြောသော်လဲ အပြောကောင်းချင်မှ ကောင်းမယ်။ အပြောကောင်းသော်လဲ အကောင်းပြောချင်မှ ပြောမယ်။ အပြောလဲကောင်း အကောင်းလဲပြောမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။

Read More →  

တွေးမိတွေးရာ

0

တွေးမိတွေးရာကဏ္ဍကို ထပ်မံ ဖြည့်ဆည်းတင်ပေးလိုက်ပါတယ်။ အရင် ပုံမှန်တင်နေတာက ပဋိစ္စသမုပ္ပါဒ် သင်တန်းနဲ့ အင်္ဂလိပ်စာဝါသနာပါသူတို့အတွက် အင်္ဂလိပ်စာလေ့လာရန်ဆိုပြီး ကဏ္ဍနှစ်ရပ်ပါပဲ။ ဒီကဏ္ဍနှစ်ရပ်မှာ အင်္ဂလိပ်စာဝါသနာပါသူတို့အတွက် အင်္ဂလိပ်စာ လေ့လာနိုင်ပြီး ပဋိစ္စသမုပ္ပါဒ်အကြောင်း သိလိုသူတို့အတွက် ပဋိစ္စသမုပ္ပါဒ်ဒေသနာတွေ လေ့လာနိုင်ပေမယ့် ဒီနှစ်မျိုးလုံးဝါသနာမပါသူတွေအတွက် ဖတ်စရာလေးတွေ ဖြစ်အောင် စိတ်အစာကျွေးတဲ့အနေနဲ့ တွေးမိတွေးရာကဏ္ဍလေးကို ဖြည့်ဆည်းပေးလိုက်ပါတယ်။ တွေးမိတွေးရာမို့ အံချော်နေသော အတွေးများလဲ ပါချင်ပါမယ်။ လက်တွေ့ဆန်သောအတွေးများလဲ ပါချင်ပါမယ်။ စိတ်ကူးယဉ်ဆန်သော အတွေးများလဲ ပါချင်ပါမယ်။ ခံစားချက်အတွေးများလဲ ပါချင်ပါမယ်။ တန်ဖိုးရှိသောအတွေးများလဲ ပါချင်ပါမယ်။ တန်ဖိုးမဲ့သော အတွေးများလဲ ပါချင်ပါမယ်။ အသုံးဝင်သောအတွေးများလဲ ပါချင်ပါမယ်။ အသုံးမ၀င်သောအတွေးများလဲ ပါချင်ပါမယ်။ ဟာသမြောက်သောအတွေးများလဲ ပါချင်ပါမယ်။ ရသမြောက်သော အတွေးများလဲ ပါချင်ပါမယ်။ မှန်ကန်တဲ့မတ်သောအတွေးများလဲ ပါချင်ပါမယ်။ အချို့တစ်ဝက်သာ မှန်သောအတွေးများလဲ ပါချင်ပါမယ်။ မှားယွင်းသောအတွေးများလဲ ပါချင်ပါမယ်။ သစ္စာဆိုက်တဲ့အတွေးများတော့ မဟုတ်ပါ။ ခေါင်းထဲမှာ လျှပ်တစ်ပြက် […]

Read More →  
Page 1 of 212»